Wednesday, January 28, 2026

နမ့်လန်မြို့ မန်လီကျေးရွာဈေး မိုင်းပေါက်ကွဲ၊ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိ

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ မန်လီဈေးအတွင်း လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ ပြည်သူ ( ၂ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဇွန် ၈)ရက် မနက်(၂)နာရီတွင် နမ့်လန်မြို့ မန်လီဈေး အတွင်း လက်လုပ်မိုင်းပေါက်ကွဲခဲ့ပြီး၊ မနက် ဈေးရန် အတွက် အိပ်စောင့်သည့် ပြည်သူ (၂ ) ဦး ထိမှန်းခဲ့ကြောင်း သတင်းရရှိကြောင်း သိရသည်။

“ သူတို့က ဇွန် (၉ )ရက် မနက်မန်လီဈေးနေ့ ရောင်းဖို့ အတွက် သွားရောက်အိပ်စောင့်တဲ့သူတွေပါ။ နမ့်လန် ကနေသွားတဲ့ သူ (၁) ဦးလည်း ထိသွားတယ်။ ကျန်တစ်ယောက်တော့ဘယ်သူလဲမသိဘူး။ ငါးကိုထောင်တဲ့ဗုံးနဲ့ လာပစ်တာ။ ဘယ်သူဘယ်အဖွဲ့လဲတော့မသိဘူး။” ဟု နမ့်လန်မြို့ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ဒဏ်ရာရရှိထားသည့် ပြည်သူ (၂) ဦးသည် နမ့်လန်မြို့ ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း သိရသည်။

ထိုနည်းတူ ဇွန် (၃)ရက် တွင် နမ့်လန်မြို့ အထက်တန်းကျောင်း အနောက်ဘက်တွင် ဗုံးပေါက်ကွဲခဲ့ပြီး ယနေ့ ဇွန် ၉ ရက်တွင် နမ့်လန်မြို့ဈေးနေ့ဖြစ်သည့် အတွက်ကြောင့် ဗုံးလာထောင်သည့်သူရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဈေး၊ ကျောင်းများ စသည့် နေရာများသည် မကြာခဏ ဗုံးပေါက်ကွဲမှုရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်လန်မြို့သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်၊ ကြိုတင်တိမ်းရှောင်နေကြ

0
သျှမ်းပြည် သီ‌ပေါမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး နမ့်လန်မြို့ဘက်သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်သဖြင့် ကြိုတင် တိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၂၈ ရက် မှစတင်ပြီး နမ့်လန်မြို့ နှင့် သီပေါမြို့ကြား နောင်ကော်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-(၁၄၇) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...

မူဆယ် ကျင်ဆန်ကျော့ မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံး

0
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ် ကျင်ဆန်ကျော့ နှင့် ဟိုနောင်ကျေးရွာကြားတွင် စစ်ကောင်စီကား မိုင်းထောင်ဖောက်ခွဲခံရပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ နိုဝင်ဘာ ၁၆ နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီကားက မုံးကိုးမှ မူဆယ်မြို့ (၁၀၅)...

မိုင်းပျဥ်းမြို့မဈေးအတွင်း မိုင်းပေါက်ကွဲ၊ ဈေးသည် တစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာရ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဥ်းမြို့နယ် မြို့မဈေးအတွင်းတွင် မိုင်းတစ်လုံး ပေါက်ကွဲပြီး ဈေးသည် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။ ယနေ့ အောက်တိုဘာလ (၁၉) ရက် နံနက် (၆) နာရီကျော်ဝန်းကျင်တွင် ဈေးအတွင်း မိုင်းပေါက်ကွဲခြင်း ဖြစ်ပြီး ဟင်းသီးဟင်းရွက်ရောင်းရန်လာသည့် အမျိုးသမီးတစ်ဦးမှ...

ရပ်စောက်မှာ တောင်ယာ မီးရှို့ချိန် ပေါက်ကွဲမှုဖြစ် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် ဟိုပြင်ကျေးရွာအနီး ယမန်နေ့ (မတ် ၂၂ရက်)တွင် တောင်ယာမီးရှို့စဉ် ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ ထို ဟိုပြင်ကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဖူးကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူမှာလည်း သာမန် တောင်ယာစိုက်ပျိုးရေး လုပ်ကိုင်သူသာ ဖြစ်ကြောင်း...

နမ့်လန်မြို့ သစ်ကိုင်းပိ အမျိုးသားတစ်ဦး သေဆုံး အမျိုးသမီး ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ တပေါင်းပွဲခင်းကျင်းပမည့် နေရာတွင် ယမန်နေ့(မတ် ၂၀)ရက် ညသန်းခေါင်၌ သစ်ကိုင်းကျိုးကျပြီး ပွဲခင်းတွင်အိပ်စောင့်သည့် အမျိုးသားတစ်ဦး ကိုင်းပိသေဆုံးကာ အမျိုးသမီး ၂ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (မတ် ၂၀)ရက် ညသန်းခေါင် ၁၂ ဝန်းကျင် နမ့်လန်...