Wednesday, January 28, 2026

ရပ်စောက်မှာ တောင်ယာ မီးရှို့ချိန် ပေါက်ကွဲမှုဖြစ် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် ဟိုပြင်ကျေးရွာအနီး ယမန်နေ့ (မတ် ၂၂ရက်)တွင် တောင်ယာမီးရှို့စဉ် ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။

ရပ်စောက်မြို့ ဟိုပြင်ရွာတွင်တောင်ယာမီးရှို့စဉ် မတ်လ ၂၂ ရက်က မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသော ဉီးဝင်းဇော်

ထို ဟိုပြင်ကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဖူးကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူမှာလည်း သာမန် တောင်ယာစိုက်ပျိုးရေး လုပ်ကိုင်သူသာ ဖြစ်ကြောင်း ပြင်းထန်ဒဏ်ရာရရှိခဲ့သူ ဦးဝင်းဇော် ၏ မိခင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မရှိဘူး၊ ဟိုပြင်ရွာနားမှာ တိုက်ပွဲမဖြစ်ဖူးဘူး၊ အရင်က ကျောက်ဂူဘက်မှာဖြစ်တာ ကြားတယ်၊ ဝေးတယ်၊ မနီးဘူးလေ၊ တောင်ယာပဲ အမြဲတမ်းလုပ်တယ်၊ ပြောင်းဖူးတွေစိုက်တာ၊ အဖွားတို့က တောင်ယာပဲ လုပ်တာ” ဟု ဦးဝင်းဇော်၏ မိခင်က ဆိုသည်။

ယမန်နေ့ (မတ်လ ၂၂ ရက်) မနက် ၁၁ နာရီ ဝန်းကျင်တွင် ရပ်စောက်မြို့နယ် ဟိုပြင်ကျေးရွာမှ ဆိုင်ကယ်ဖြင့် တစ်နာရီခွဲခန့် သွားရသည့် တောင်ယာခင်းအတွင်း မီးရှို့နေစဉ် ပေါက်ကွဲမှုဖြစ်ကာ ဦးဝင်းဇော် အသက် (၄၅)မှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“သူက တောင်ယာသွားရှင်းတာလေ၊ မီးရှို့တော့ ပေါက်ကွဲသွားတယ်၊ လက်တစ်ဖက် ပြတ်သွားတယ်၊ ဘယ်ဘက်လက် ပြတ်သွားတာ၊ ညာလက်လည်း ထိထားတယ်၊ မျက်နာလည်း ထိတယ်၊ ကွဲတာက ဗုံးကွဲတာလား ဘာလားတော့ သေခြာမသိဘူး” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာ ရရှိခဲ့သည့် ဦးဝင်းဇော်အား ထိုဒေသရှိ ပရဟိတအသင်းတစ်သင်းမှ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။ ယခုနှစ်အတွင်း ရပ်စောက်မြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း မိုင်းပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

နမ့်လန် – ရပ်စောက်လမ်း စစ်ကော်မရှင်တပ်က ယာယီပိတ်ထား

0
သျှမ်းပြည် မြောက်ပိုင်း နမ့်လန် - ရပ်စောက် သွားသည့် ပြည်ထောင်စုလမ်းပိုင်းကို စစ်ကော်မရှင်တပ်က လမ်းများကို ယာယီပိတ်ထားကြောင်းသတင်းရရှိသည်။ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) မနက်ပိုင်းမှစပြီး နမ့်လန်မြို့ မှ ရပ်စောက်သွားသည့်လမ်းပိုင်းကို စစ်ကော်မရှင်တပ်က လမ်းများကို ယာယီပိတ်လိုက်ကြောင်း နမ့်လန်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်သံတော်ဆင့်ကို ပြောသည်။ “နမ့်လန်...

လွတ်မြောက်နယ်မြေတွင် DPLA၏ အမှတ်စဉ် (၆) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA/DPLF)၏ အမှတ်စဉ် (၆) သင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဇွန်လ (၂၁)ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း DPLAက ထုတ်ပြန်ခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲတွင် ဓနုဒေသအတွင်းရှိ ပြည်သူလူထုအားကာကွယ်နိုင်ရန်၊ ရန်သူကို အမြဲသတိထားတတ်စေရန် နှင့် တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိစေရန် အဓိကထား၍ သင်တန်းအချိန်ကာလ (၃)ကျော်ကြာ စစ်သင်တန်းပေးခဲ့ကြောင်း သိရသည်။ စစ်သင်တန်း ဆင်းပွဲ...

ကျောက်မဲ – ရပ်စောက်မြို့ကြားရှိ စစ်ကောင်စီ ဂိတ်များ စစ်ဆေး၊ငွေတောင်းခံ ကြမ်းနေ

0
သျှမ်းပြည် ကျောက်မဲ - ရပ်စောက်သွားသည့် လမ်းပိုင်းတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးပြီး ငွေတောင်းခံမှုများ ယခင်ကထက်ပိုကြမ်းနေကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့မှ ရပ်စောက်မြို့ သို့သွားသည့် လမ်းပိုင်းရှိ စစ်ကောင်စီဂိတ်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ‌ မှစတင်၍ စစ်ဆေးမှုများတင်းကြပ်နေပြီး ငွေတောင်းခံမှုများကြမ်းနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစ်ကောင်စီ...

ရပ်စောက်မြို့နယ်အတွင်း လက်နက်ကြီးသံများကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်း ညအချိန်လက်နက်ကြီးပစ်ခတ်သံများကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) ည ၁၁ နာရီဝန်းကျင်တွင် ရပ်စောက်မြို့နယ် အတွင်း လက်နက်ကြီး ပစ်ခတ်သံများအဆက်မပြတ်ကြားရပြီး မြို့ခံများစိုးရိမ်ထိတ်လန့်နေရကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ဘယ်အဖွဲ့လို့တော့ မသိဘူး၊ ညကဖြစ်တာ လက်နက်ကြီးတွေပစ်နေတာ အချက်...