Friday, April 19, 2024

မိုင်းပေါက်ကွဲ

မူဆယ် ကျင်ဆန်ကျော့ မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံး

မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ် ကျင်ဆန်ကျော့ နှင့် ဟိုနောင်ကျေးရွာကြားတွင် စစ်ကောင်စီကား မိုင်းထောင်ဖောက်ခွဲခံရပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ နိုဝင်ဘာ ၁၆ နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီကားက မုံးကိုးမှ မူဆယ်မြို့ (၁၀၅)...

မိုင်းပျဥ်းမြို့မဈေးအတွင်း မိုင်းပေါက်ကွဲ၊ ဈေးသည် တစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဥ်းမြို့နယ် မြို့မဈေးအတွင်းတွင် မိုင်းတစ်လုံး ပေါက်ကွဲပြီး ဈေးသည် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။ ယနေ့ အောက်တိုဘာလ (၁၉) ရက် နံနက် (၆) နာရီကျော်ဝန်းကျင်တွင် ဈေးအတွင်း မိုင်းပေါက်ကွဲခြင်း ဖြစ်ပြီး ဟင်းသီးဟင်းရွက်ရောင်းရန်လာသည့် အမျိုးသမီးတစ်ဦးမှ...

ရပ်စောက်မှာ တောင်ယာ မီးရှို့ချိန် ပေါက်ကွဲမှုဖြစ် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် ဟိုပြင်ကျေးရွာအနီး ယမန်နေ့ (မတ် ၂၂ရက်)တွင် တောင်ယာမီးရှို့စဉ် ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ ထို ဟိုပြင်ကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဖူးကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူမှာလည်း သာမန် တောင်ယာစိုက်ပျိုးရေး လုပ်ကိုင်သူသာ ဖြစ်ကြောင်း...

မိုင်းယော်တိုက်နယ်ထဲ မိုင်းပေါက်ကွဲ ကလေးငယ်(၃)ဦး သေဆုံး၊ (၁၁)ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ ကျေးရွာတစ်ရွာတွင် မြေမြုပ်မိုင်းပေါက်ကွဲမှု ကြောင့် ရွာထဲ ကစားနေသည့် တစ်နှစ်အရွယ်ကလေးငယ် အပါအဝင် ကလေး (၃)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသည့်သူများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။ မတ်လ (၅)ရက်နေ့ မနက် (၈) နာရီခန့်က မိုင်းယော်တိုက်နယ် ပန်ထိုလိန်ကျေးရွာအုပ်စု ခိုခမ်းကျေးရွာတွင် ကလေးများ...

လူထုကိုဒုက္ခပေးတဲ့ အိတ်မဲကြီး

လမ်းမပေါ်မှာ အိတ်အနက်ရောင်ထုတ်တွေ ပစ်ထားတာမြင်ရင် အလိုလို စိုးရိမ်စိတ်တွေက ဝင်လာပြီး ရှောင်ကွင်းသွားလာနေရပါတယ်။ အကြောင်းကတော့ စစ်ကောင်စီကနေ နိုင်ငံတော် အာဏာကို သိမ်းပြီးနောက် သျှမ်းပြည်မှာ ဟိုနားတစ ဒီနားတစ လက်လုပ်မိုင်းတွေ ပေါက်ကွဲနေတာကြောင့်ပဲဖြစ်ပါတယ်။ လက်လုပ်မိုင်းပေါက်ကွဲမှုတွေကိုကြည့်လိုက်ရင် အမှိုက်ပုံးနားက အိတ်အနက်ရောင်ထုတ်တွေ၊ လမ်းမဘေးက အိတ်အနက်ရောင်ထုတ်တွေ က စတဲ့ ဖြစ်စဉ်တွေပါပဲ။ “ ကျမ...

နမ့်လန်မြို့ မန်လီကျေးရွာဈေး မိုင်းပေါက်ကွဲ၊ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိ

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ မန်လီဈေးအတွင်း လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ ပြည်သူ ( ၂ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇွန် ၈)ရက် မနက်(၂)နာရီတွင် နမ့်လန်မြို့ မန်လီဈေး အတွင်း လက်လုပ်မိုင်းပေါက်ကွဲခဲ့ပြီး၊ မနက် ဈေးရန် အတွက် အိပ်စောင့်သည့် ပြည်သူ (၂...

မန်ဝိန်းကြီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား၊ လူထိခိုက်မှုမရှိ

ကချင်ပြည် မံစီမြို့နယ် မန်ဝိန်းကြီး ကျေးရွာ ရပ်ကွက် (၆) ရှိ နေအိမ်တလုံးတွင် ယမန်နေ့ (နိုဝင်ဘာ ၂၃)ရက် ည၈နာရီကျော်၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ည ၈နာရီ ၁၅ ဝန်းကျင်တွင် အမည်မသိ လူ ၂ဦးက ဆိုင်ကယ်စီးလာပြီး၊...

ကွတ်ခိုင်မြို့နယ် မိုင်းပေါက်ကွဲ ကလေး ၆ဦးထိမှန်၊ တဦးသေ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း မိုင်းတလုံးပေါက်ကွဲမှုကြောင့် ကလေး ၆ ဦးထိခိုက်ဒဏ်ရာရရှိပြီး၊ ကလေး တဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၃၀ ရက် ယမန်နေ့ ညနေ ၄ နာရီ ခွဲခန့်က ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာရှိ နေအိမ်ဝင်း အတွင်း ကလေးငယ်များ...

ကျောက်မဲ ပြောင်းခင်းတွင် မိုင်းပေါက်ကွဲ အမျိုးသားတဦးသေဆုံး

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောင်းကုန်းကျေးရွာ တွင် ယနေ့ ဇူလိုင် ၂၈ ရက်က မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် အမျိုးသားတဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၂၈ နေ့လည် ၁နာရီခွဲက ကျောက်မဲမြို့နယ် ကျောင်းကုန်းကျေးရွာတွင် နေထိုင်သည့် အသက်...

မိုင်းငေါ့မြို့နယ်ခွဲတွင် အရပ်သားတဦး မိုင်းထပ်နင်းမိ

တိုက်ပွဲများဖြစ်ပွါးခဲ့သည့် သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲ တွင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား တဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ စက်တင်ဘာလ  ၂၅ ရက်က မိုင်းငေါ့မြို့နယ် ခွဲ မန်ကောင်းရပ်နေ အသက်  ၅၆ နှစ် အရွယ် ဦးကာလိန္ဒ သည်...

Latest news