လူထုကိုဒုက္ခပေးတဲ့ အိတ်မဲကြီး

လမ်းမပေါ်မှာ အိတ်အနက်ရောင်ထုတ်တွေ ပစ်ထားတာမြင်ရင် အလိုလို စိုးရိမ်စိတ်တွေက ဝင်လာပြီး ရှောင်ကွင်းသွားလာနေရပါတယ်။

အကြောင်းကတော့ စစ်ကောင်စီကနေ နိုင်ငံတော် အာဏာကို သိမ်းပြီးနောက် သျှမ်းပြည်မှာ ဟိုနားတစ ဒီနားတစ လက်လုပ်မိုင်းတွေ ပေါက်ကွဲနေတာကြောင့်ပဲဖြစ်ပါတယ်။

လက်လုပ်မိုင်းပေါက်ကွဲမှုတွေကိုကြည့်လိုက်ရင် အမှိုက်ပုံးနားက အိတ်အနက်ရောင်ထုတ်တွေ၊ လမ်းမဘေးက အိတ်အနက်ရောင်ထုတ်တွေ က စတဲ့ ဖြစ်စဉ်တွေပါပဲ။

“ ကျမ လမ်းမှာ အိတ်အနက်ရောင်ထုတ်မြင်ရင် ကြောက်တယ်။ လန့်တယ်။ အိတ်အနက်ထုတ်ကို ပတ်ပြီးသွားနေရတယ်” လို့ တောင်ကြီးမြို့ခံ အသက် ၃၀ကျော် အမျိုးသမီး က သူမ လက်ရှိ အိတ်အနက်ရောင် ထုတ်တွေမြင်ပြီးခံစားနေရတဲ့အဖြစ်အပျက်ကို ပြောပါတယ်။

ဇူလိုင် လနှောင်းပိုင်းတုန်းကလည်း တောင်ကြီးမြို့ပေါ် က အမှိုက်ပုံကနေ ဗုံးတလုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သန့်ရှင်းရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ မေ(၂၀)ရက်မှာ တောင်ကြီးမြို့ပေါ်ရှိ ဗိုလ်ချုပ်လမ်းမကြီးမှာ အမှိုက်အိတ် ပုံစံနဲ့အနက်ရောင်အိတ် ပေါက်ကွဲလို့ စစ်ကောင်စီ အတွက် ကင်းလှည့်စစ်ဆေးနေတဲ့ ရဲ (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“သူတို့ကို တယောက်ယောက်က လာထောင်တယ်လို့ မထင်ဘူး။ တိုင်းပြည်ရှုပ်အောင် သူတို့ဘဲလုပ် သူတို့လူဘဲ ဒဏ်ရာရ ၊ ဒီပေါက်ကွဲမှုကို အကြောင်းပြ ပြီး လူထုကို ထပ်မံစစ်ဆေး ဒုက္ခပေးတယ်” – လို့ေ တာင်ကြီးမြို့ ချမ်းမြသာစည်ရပ်ကွက် နေထိုင်သူ ပရဟိတအကျိုးဆောင် အမျိုးသားတဦးကပြောပါတယ်။

ဒါ့အပြင် မူဆယ်မြို့မှာလည်း အမှိုက်ပုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ အမှိုက်သိမ်းတဲ့ ဝန်ထမ်းတစ်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

အမှိုက်ပုံမှာ အမှိုက်ပစ်ခြင်း၊ အမှိုက်သိမ်းခြင်းတွေကို တစ်ဦးတယောက်မှ မလုပ်ရဲတော့တဲ့အပြင် လူတွေဟာ အမှိုက်ပုံး နားတောင်မပတ်ရဲတော့သလို အမှိုက်အိတ်အနက်ရောင်မြင်ရင် အလိုလို ကြောက်စိတ်တွေ ဖြစ်လာနေကြတာကို တွေ့ရပါတယ်။

“ အိတ်အနက်ရောင်ဆိုတာနဲ့ လူတွေက အလိုလို ကြောက်နေကြပြီ၊ မသင်္ကာတဲ့အိတ်လို့ ထင်တဲ့အတွက်ရှောင်ပြီးသွားရတယ်” လို့ မူဆယ်မြို့ ဒေသခံ အမျိုးသား စိုင်းအောင် က ပြောပါတယ်။


စစ်အာဏာသိမ်းပြီးနောက် ပြည်သူတွေ ဟာ အိတ်အနက်ရောင်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ပိုများလာပြီး၊ ကြောက်ရွံမှုဟာလည်း ရေချိန်မြင့်တက်လာပါတယ်။

လက်မိုင်းဗုံး ကို အများပြည်သူအသုံးပြုနေတဲ့လမ်း၊ အများပြည်သူအသုံးပြုနေတဲ့ အမှိုက်ပုံး ပတ်ဝန်းကျင် မှာ ထားပြီးပေါက်ကွဲနေတာ ဟာ ပြည်သူတွေကို တမင် ခြိမ်းခြောက်နေတဲ့သဘောပါပဲ။

ဒီလုပ်ရပ်မျိုး ဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင် တွေ လုပ်ခဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ သျှမ်းလူထုက မှတ်ချက်ပေးပြောဆိုပါတယ်။

“ ပြည်သူကို ထိခိုက်အောင်လုပ်တာ ဘယ်သူလဲဆိုတာ အားလုံးမှန်းလို့ရပါတယ်။ ဒီလို ခေတ်အဆက်ဆက် ဘယ်သူလုပ်ခဲ့လဲပေါ့။ ပြည်သူကို မထိခိုက်အောင် စဉ်းစားပြီးလုပ်စေချင်တယ်” လို့ မူဆယ်မြို့ ဒေသခံ စိုင်းအောင် က ဆိုပါတယ်။

အမှိုက်ပုံးမှာ လက်လုပ်မိုင်းတွေ မကြာခဏ လာရောက်ဖောက်နေတဲ့အတွက် လူတွေအမှိုက်လာမပစ်ရဲကြတော့သလို အမှိုက်ပုံးသယ်ဖို့ ရှင်းလင်းသိမ်းကြုံးဖို့အတွက် တာဝန်ကျသူတွေအနေနဲ့လည်း ကြောင့်ကြစိုးထိတ် နေကြပါတယ်။

လက်ရှိမှာဆိုရင် အမှိုက်သိမ်းကုမ္ပဏီတွေ ဟာ အမှိုက်ပုံးနား သွားပြီး အမှိုက်မပစ်ကြဖို့၊ မိမိအိမ်ရှေ့တွေမှာဘဲ အမှိုက်ချထားဖို့ ကြေညာချက်ထုတ်ထားရတဲ့အထိ ဖြစ်လာပါတယ်။

“ အခု အမှိုက်ပုံးမှာ အမှိုက်သွားမပစ်တော့ဘူး။ အမှိုက်သိမ်းကုမ္ပဏီတွေကအိမ်ရှေ့ မှာ လာကောက်ကြတယ်။ စိတ်တော့ သက်သာသွားပါတယ်။ ဒါပေမယ့် လမ်းသွားရင်တော့ အိတ်နက်ကို ကြောက်နေတုန်းပါ” လို့ တောင်ကြီးမြို့ပေါ်နေ နန်းနန်း က ဆိုပါတယ်။

ဖောက်ခွဲပစ္စည်းတွေကို အများပြည်သူ သွားလာလှုပ်ရှားတဲ့ နေရာတွေမှာ မထောင်သင့်ကြောင်း၊ ပြည်သူတွေ အသုံးပြုတဲ့နေရာကို ဦးတည်ပြီးမပြုလုပ်သင့်ကြောင်းလည်း သျှမ်းမြောက် မူဆယ် ဒေသခံတွေ က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ အမြင်ကတော့ ဘယ်အဖွဲ့ပဲ လုပ်လုပ် ဒီလို မလုပ်သင့်ဘူးပေါ့နော်။ အမှိုက်ပုံး မှာလည်း မလာထားသင့်ဘူး။ ပြည်သူတွေအတွက် မလုံခြုံဘူးပေါ့နော်။ အရမ်းထိခိုက်တာက လူသေဆုံးတာတွေ ထိခိုက်ဒဏ်ရာ ရတာတွေ အဲ့ဒါက မဖြစ်သင့်ဘူး” ဟု မူဆယ်ဒေသခံ တစ်ဦး ကပြောပါတယ်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်းရှိ မြို့နယ် အတော်များများက ဌာနဆိုင်ရာ ဒေသအနီးပတ်ဝန်းကျင်၊ စာသင်ကျောင်း၊ လူအများသွားလာလှုပ်ရှားတဲ့ လမ်းမကြီးပေါ် ကဲ့သို့သော နေရာများမှာ လက်လုပ်ဗုံးများ မိုင်းများ ပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။

“ မြို့ကြီးတွေ မှာ အိတ်နက် အမှိုက်အိတ်တွေကနေ မိုင်းပေါက်ကွဲတယ်ဆိုတာ ခဏခဏကြားရတယ်။ ကျမတို့လည်း ဒါတွေကို ကြားရတော့ ကြောက်တယ်။ လမ်းတွေမှာမြင်ရင်ကြောက်တယ် ကိုယ့်အိမ်ရှေ့မှာ မြင်ရင်လန့်နေတယ်” – လို့ ကျောက်မဲ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

အခုလို အနက်ရောင် အိတ်ကို တွေ့သူတိုင်းပေါက်ကွဲမှုဖြစ်ပွားမှာကို စိုးရိမ်ထိတ်လန့် နေကြတဲ့အတွက် အိတ်အနက်ရောင်ကို အမှိုက်အိတ်အဖြစ် အသုံးမပြုကြတော့ကြောင်း သိရပါတယ်။

“ ကျမကတော့ အခု အမှိုက်အိတ်ဆိုရင် အနက်ရောင်မသုံးတော့ဘူး။ မသမာသူတွေက အိတ်အနက်ကို အခွင့်ကောင်းယူပြီး ပြည်သူတွေကို ထိခိုက်အောင်လုပ်တော့ မသုံးတော့ဘူး” လို့ လားရှိုးဒေသခံ နန်းဥမ္မာက ပြောပါတယ်။

မြို့ပေါ် ဗုံးပေါက်ကွဲမှု နဲ့ ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုး ပြောဆိုခဲ့ပေမယ့် လက်ရှိမှာ သေချာပြောဆိုနိုင်ခြင်း မရှိကြောင်း၊ အပြစ်မဲ့ ပြည်သူများကို ထိခိုက်အောင် မလုပ်ရန် တိုက်တွန်းချင်ကြောင်း အသက် (၂၇)နှစ် အရွယ် တောင်းကြီး ဒေသခံ အမျိုးသား တစ်ဦး က ပြောပါတယ်။

“လူတွေက ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်သူလုပ်တယ်ဆိုတာကို ထင်ကြေး အမျိုးမျိုးပေးကြတာပေ့ါ။ ဘယ်သူလုပ်တာပဲ ဖြစ်စေ သေချာတာကတော့ အပြစ်မဲ့ ပြည်သူတွေကို ထိခိုက်အောင်မလုပ်သင့်ဘူးပေါ့” -ဟု လို့အဲဒီအမျိုးသားက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှ နိုင်ငံရေး မတည်ငြိမ်မှုဖြစ်လာပြီး မြို့နယ် အနှံ့ ပေါက်ကွဲမှု ဖြစ်ပွားလာသည့်အတွက် သျှမ်းပြည်လူထုအနေနဲ့ မသင်္ကာစရာ အိတ်အနက်ရောင်ကိုမြင်တိုင်း စိုးရိမ်ထိတ်လန့်စွာနဲ့ တနေ့ပြီး တနေ့ ဖြတ်သန်းနေရပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

တောင်ကြီး စစ်ကော်မရှင်တပ်အတွက် စစ်သုံးစရိတ် တအိမ်လျှင် တစ်လ ၃ သောင်းကောက်

0
သျှမ်းပြည် တောင်ကြီးမြို့အတွင်းရှိ ရပ်ကွက်အချို့တွင် စစ်ကော်မရှင်တပ်အတွက် စစ်မှုထမ်းကြေး အပြင် “ စစ်အသုံးစရိတ်‌”ဟုဆိုကာ ဒေသခံများထံ ငွေကြေးများ ထပ်မံ ကောက်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက် နှင့် ဘုရားဖြူရပ်ကွက် အချို့တို့တွင် စစ်ကော်မရှင်တပ်က  စစ်မှုထမ်းကြေးအပြင် စစ်အသုံးစရိတ် အမည်ဖြင့် ငွေကြေးများကောက်ခံနေကြောင်း  ငး တောင်ကြီးမြို့...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...