Monday, February 9, 2026

ကွတ်ခိုင်မြို့နယ် မိုင်းပေါက်ကွဲ ကလေး ၆ဦးထိမှန်၊ တဦးသေ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း မိုင်းတလုံးပေါက်ကွဲမှုကြောင့် ကလေး ၆ ဦးထိခိုက်ဒဏ်ရာရရှိပြီး၊ ကလေး တဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။

ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာ အတွင်း နေအိမ်ဝန်းထဲတွင် မိုင်းပေါက်ကွဲမှုကြောင့် ကေလေး ၆ဦး ဒဏ်ရာရ၊ တဦးသေဆုံး ( ဓာတ်ပုံ – ဒေသခံတဦး )

ဇူလိုင်လ ၃၀ ရက် ယမန်နေ့ ညနေ ၄ နာရီ ခွဲခန့်က ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာရှိ နေအိမ်ဝင်း အတွင်း ကလေးငယ်များ ကစားနေစဉ် မိုင်းတလုံး ပေါက်ကွဲမှုဖြစ်ပွားရာ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ဒဏ်ရာ ပြင်းထန်သည့် အသက် ၅ နှစ် အရွယ် နန်းကိန်ခမ်းမှာ ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း ကလေးငယ်များကို ကူညီမှုပေးသည့် ခမ်းမတ်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ နေအိမ်ဝန်းထဲမှာ ဆော့နေကြရင်း ပေါက်ကွဲတာ။ကလေး ၆ဦး ဒဏ်ရာရတယ်။ တဦးကတော့ ကွတ်ခိုင်ဆေးရုံမှာပဲ ည က ဆုံးသွားတယ်။ ဒဏ်ရာ ပြင်းထန်တဲ့ ၃ ဦး ကိုတော့ လားရှိုးဆေးရုံပို့ ထားတယ်” ဟု ခမ်းမတ် ကဆိုသည်။

သေဆုံးသွားသည့် အသက် ၅ နှစ် အရွယ် ကိန်ခမ်း၏ မိဘများမှာ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် အလုပ်လုပ်နေကြပြီး၊ ထိုကလေးသည် အဖိုးဖြစ်သူနှင့် နေထိုင်ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာ အတွင်း နေအိမ်ဝန်းထဲတွင် မိုင်းပေါက်ကွဲမှုကြောင့် ကေလေး ၆ဦး ဒဏ်ရာရ၊ တဦးသေဆုံး ( ဓာတ်ပုံ – ဒေသခံတဦး )

ထို့ပြင် ဒဏ်ရာ ပြင်းထန်ပြီး လားရှိုး ဆေးရုံ သို့ပို့ဆောင်လိုက်သည့် သူများမှာ အသက် ၇ နှစ် အရွယ် ကျော်ထွန်း၊ အသက် ၈ နှစ်အရွယ် အေးလောင် နှင့် အသက် ၅နှစ် အရွယ် အောင်နိုင်တို့ ဖြစ်ကြောင်း သိရသည်။

“ လားရှိုးဆေးရုံပို့လိုက်တဲ့သူတွေက တယောက် က ခြေထောက်၂ဖက်ထိတယ်။ တယောက်က ခေါင်းထိတယ်။ နောက်တယောက်ကတော့ ပခုံးထိတယ်” ဟု ခမ်းမတ် ကပြောသည်။

ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာ အတွင်း နေအိမ်ဝန်းထဲတွင် မိုင်းပေါက်ကွဲမှုကြောင့် ကေလေး ၆ဦး ဒဏ်ရာရ၊ တဦးသေဆုံး ( ဓာတ်ပုံ – ဒေသခံတဦး )

ယမန်နေ့ ပေါက်ကွဲသည့် မိုင်းသည် ကိန်ခမ်းတို့၏ နေအိမ် ခြံဝန်းထဲတွင် ဖြစ်ပွားသဖြင့် ဒေသခံအား စိုးရိမ်ထိတ်လန့်မှု ဖြစ်စေခဲ့ကြောင်း လည်း ခမ်းမတ် က ပြောသည်။

“ ခြံဝန်းထဲမှာ ဖြစ်တော့ အားလုံးက တုန်လှုပ်နေကြတယ်။ ကိုယ်နေတဲ့အိမ် ၊ခြံတောင် မလုံခြုံတော့တာ။ မြို့ ပြင် တောထဲ မှိုတွေ သွားရှာဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး” ဟု လည်း ကွတ်ခိုင်ဒေသခံ စိုင်းမောင် က ပြောသည်။

ကွတ်ခိုင်မြို့ခံများသည် ယခုနှစ်အတွင်း တိုက်ပွဲ နှင့် ကိုဗစ်-၁၉ ကြောင့် စား ဝတ်နေရေးခက်ခဲလာကြကြောင်း စိုင်းမောင် က ပြောပြသည်။

“ ဒီနှစ်က ကျနော်တို့အတွက် အခက်ဖြစ်စေတယ်။ တိုက်ပွဲကြောင့် မြေမြုပ်မိုင်းလည်း ကြောက်ရ၊ ကိုဗစ်လည်းကြောက်ရ။ မနေ့က ကလေး၆ယောက် နေအိမ်ခြံဝင်းထဲမှာဆော့နေရင်းတောင်မှ မိုင်းပေါက်တာ တော်တော်လေးကို ကြောက်နေရတယ်” ဟု စိုင်းမောင် က ထပ်လောင်းပြောသည်။

ယမန်နေ့မိုင်းပေါက်ကွဲခဲ့သည့် ခိုတင်ကျေးရွာသည် ကွတ်ခိုင်မြို့နှင့် တမိုင်သာ ကွာဝေးပြီး ယမန်နှစ်က တိုက်ပွဲဖြစ်ပွါးသည့်ကာလ က အစိုးရ တပ်မတော် တပ်မ ၉၉ ၊ ခြေလျင်တပ်ရင်း ခလရ ၄၁၉ တပ်သားများ လာရောက် တည်းခိုခဲ့ဖူးသည်ဟု ဒေသခံများပြောပြချက်အရသိရသည်။

သို့သော် တပ်မတော်ထံမှ သီးခြားအတည်ပြုချက်မရခဲ့ပေ။

အဆိုပါဒေသတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မေတာ် TNLA နှင့် အစိုးရ တပ်မတော်တို့လှုပ်ရှား ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် မန့်ဝိန်းပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူး ပစ်သတ်ခဲ့သည့်အမှု လျော်ကြေးငွေဖြင့် ကြေအေး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ်ရှိ ပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို လျော်ကြေးငွေဖြင့် ကြေအေးလိုက်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၈) ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အမှတ်-၁၈၀ တပ်ရင်းမှူး စိုင်းစိန္န...

ကျောက်မဲမြို့နယ် TNLA နှင့် MNDAA ပေါင်းပြီး စက်ယန္တရားဖြင့် အကြီးအကျယ် ရွှေတူးဖော်နေ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့နယ်ခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ပူးပေါင်းပြီး စက်ယန္တရားများဖြင့် အကြီးအကျယ် ရွှေတူးဖော်နေကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ - မိုင်းငေါ့ ကားလမ်းပေါ်ရှိ...

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီး KIA နှင့် MNDAA နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ် KIA တပ်စခန်းတစ်ခုကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက် နှောက်ယှက်ခဲ့ခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်‌နေ့ (ဒီဇင်ဘာလ ၂၂ ရက်) နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပန်ယန်ခါးကျေးရွာအနီးရှိ KIA လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း...

ကွတ်ခိုင်မြို့နယ် ကာလိုင်စာသင်ကျောင်းမှ ဆရာ/မများကို TNLA မောင်းထုတ်ပြီး ကျောင်းကိုပါချိတ်ပိတ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်စာသင်ကျောင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်‌မြောက်ရေး တပ်မတော် TNLA က ကျောင်းတံခါးများကို သစ်သားဖြင့် ကြက်ခြေခတ် သံရိုက်နှက်ပြီး ချိတ်ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) ည ၉ နာရီကျော်ခန့်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းသို့ TNLA...

ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲရှိ ရွာဝင်ဆိုင်းဘုတ် ဖျက်ဆီးခံရပြီး နာမည်အစားထိုး ရေးသားထား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲဆိုင်းဘုတ်တွင် မူရင်းရေးသားထားသည့် သျှမ်းစာနှင့် မြန်မာစာများ ဖျက်ဆီးခံလိုက်ရပြီး တအာင်း(ပလောင်)စာဖြင့် အစားထိုး ရေးသားထားကြောင်း စုံစမ်းသိရသည်။ မေလ ၅ ရက် နံနက်(၉)နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအနီး လှုပ်ရှားနေသည့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်သားများမှ မိုင်းယုနှင့် ပန်လော့ကျေးရွာအုပ်စုရှိ...