ကွတ်ခိုင်မြို့နယ် မန့်ဝိန်းပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူး ပစ်သတ်ခဲ့သည့်အမှု လျော်ကြေးငွေဖြင့် ကြေအေး

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ်ရှိ ပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို လျော်ကြေးငွေဖြင့် ကြေအေးလိုက်ကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ (၁၈) ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အမှတ်-၁၈၀ တပ်ရင်းမှူး စိုင်းစိန္န မှ အသက် (၃၀) အရွယ်ခန့် စိုင်းဆမ်းထွန်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် အမှုအား ကျန်ရစ်သူမိသားစုနှင့် SSPP/SSA တာဝန်ရှိသူများ တွေ့ဆုံပြီး နစ်နာကြေးအဖြစ် လျော်ကြေးငွေ ပေးအပ်ကာ နှစ်ဘက်ကြေအေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သိရသလောက်တော့ SSPP ဘက်က ဆုံးသွားတဲ့လူရဲ့ မိသားစုကို နစ်နာကြေး ကျပ်သိန်း ၂၀၀ ကျော်နဲ့ ကြေအေးပေးဖို့ လာပြောရင်း အမှုပြီးသွားတယ်။ သေနတ်ပစ်တဲ့ တပ်ရင်းမှူးကိုတော့ ပြစ်ဒဏ်ပေးမယ်လို့ပဲ ပြောသွားတယ်၊ တခြားမသိရဘူး”ဟု မုံးဟွမ်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇူလိုင်လ (၂၃) ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာရှိ ဒေသခံများ၊ ကျေးရွာလူကြီးများ၊ သေနတ်ပစ်ခံရပြီး ကွယ်လွန်သူ စိုင်းဆမ်းထွန်း၏ ကျန်ရစ်သူ မိသားစုဝင်များကို SSPP/SSA ၏ အမှတ်(၁၅) ပန်ဆိုင်းမြို့နယ် အုပ်ချုပ်ရေးနယ်မြေ တာဝန်ရှိသူများ တွေ့ဆုံခဲ့ပြီး နစ်နာကြေး ကူညီပေးခဲ့ကြောင်း SSPP Info မှ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် သတင်းထုတ်ပြန်သည်။

ထို့အပြင် သေနတ်ပစ်ခံရပြီး ကွယ်လွန်သူ စိုင်းဆမ်းထွန်းကို မူးယစ်ဆေးဝါးသုံးစွဲသူ တရားခံအဖြစ် စွပ်စွဲရေးသားထားပြီး သေနတ်ပစ်ခတ်မှု ကျူးလွန်သူ SSPP/SSA ၏ အမှတ်-၁၈၀ တပ်ရင်းမှူးကိုလည်း လုပ်ငန်းတာဝန် ပေါ့ဆမှုကြောင့် ထိုက်သင့်သည့် ပြစ်ဒဏ်နှင့် ထောင်ဒဏ်ချမှတ်ပြီး အများသက်သေ ရှေ့မှောက်တွင် နှစ်ဘက်ပြေလည်စွာ သဘောတူညီမှု ရရှိခဲ့ကြောင်း SSPP ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

“သေနတ်ပစ်ခတ်မှု ကျူးလွန်တဲ့ တပ်ရင်းမှူးကိုတော့ ဖမ်းပြီး အချုပ်ထဲ ထည့်ထားတယ်၊ တရားရုံးက ထောင်ဒဏ် ဘယ်နှနှစ်ချလဲ ဆိုတာတော့ မသိရဘူး။ ဟိုဘက်က ကျန်ခဲ့တဲ့ မိသားစုဝင်ကို SSPP ထဲ တာဝန်ရှိတဲ့လူတွေ ငွေနဲ့ သွားညှိနှိုင်းပြီးတော့ အမှုကြေအေးလိုက်တယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ထပ်လောင်းပြောသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းတွင် SSPP ၏ ပန်ဆိုင်းမြို့ဘက်မှ တာဝန်ရှိသူ (၃) ဦးသည် ကွတ်ခိုင်မြို့နယ် မန်ဝိန်းကျေးရွာ စာသင်ကျောင်းသို့ လာရောက်၍ သံဃာတော်များ၊ ကျေးရွာလူကြီး၊ ရပ်မိရပ်ဖနှင့် ရွာသားများ စုစုပေါင်း (၂၀၀) ကျော်ကို တွေ့ဆုံရှင်းပြခဲ့သည်။

သို့သော် ဒေသခံများ ကျေနပ်လောက်သည့် ဖြေရှင်းမှု မရရှိခဲ့ဘဲ သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် SSPP တပ်ရင်းမှူးကို ဖမ်းဆီးကာ အပြစ်ပေး အရေးယူရန် ဒေသခံများက တောင်းဆိုခဲ့သည်။

ထို့နောက် (၃) ရက်အကြာ ဇူလိုင်လ (၂၃) ရက်တွင် SSPP ဘက်မှ တာဝန်ရှိသူများ ထပ်မံလာရောက်ကာ ကျေးရွာတာဝန်ရှိသူများ၊ ကျန်ရစ်သူ မိသားစုဝင် ဆွေမျိုးများနှင့် ဆွေးနွေးညှိနှိုင်းကာ အမှုကို ငွေကြေးဖြင့် နှစ်ဘက်ကြေအေးလိုက်ရကြောင်း ဒေသခံများက ပြောဆိုသည်။

ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့သူ အသက် (၃၀) အရွယ်ခန့် စိုင်းဆမ်းထွန်းသည် မူးယစ်ဆေးဝါး သုံးစွဲသူ မဟုတ်ဘဲ နွားကျောင်းကာ သမ္မာအာဇီဝ လုပ်ကိုင်စားသောက်သူဖြစ်ပြီး လက်ရှိတွင် ဇနီးနှင့် သားသမီး (၃) ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ပုံစာ – ကွယ်လွန်သူ စိုင်းဆမ်းထွန်း၏ ဇနီးထံ SSPP တာဝန်ရှိသူများမှ နစ်နာကြေး ပေးအပ်စဉ် (ဓာတ်ပုံ – SSPP Info)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

မိုင်းကိုင်- နမ့်လန်ကြား SSPP စစ်ဆေးရေးဂိတ်များ စစ်ကော်မရှင်တပ် ထပ်မံဆုတ်ခိုင်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ မှ သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်ရှိသည့် SSPP/SSA စစ်ဆေးရေးဂိတ်များ ထပ်မံ ဖြုတ်သိမ်းဆုတ်ခွာရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် - နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင်တပ်...

တရုတ်ဖိအားကြောင့်လားရှိုး-မူဆယ် လမ်းမပေါ်ရှိ SSPP နှင့် KIA ဂိတ်များ ဖြုတ်သိမ်းဆုတ်ခွာရ

0
မြန်မာ - တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ SSPP/SSA နှင့် KIA တပ်တို့၏ စစ်ဆေးရေးဂိတ်များ တရုတ်ဖိအားကြောင့် ဖြုတ်သိမ်းဆုတ်ခွာရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ တတိယပတ်တွင် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...