ကျောက်မဲမြို့နယ် TNLA နှင့် MNDAA ပေါင်းပြီး စက်ယန္တရားဖြင့် အကြီးအကျယ် ရွှေတူးဖော်နေ

သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့နယ်ခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ပူးပေါင်းပြီး စက်ယန္တရားများဖြင့် အကြီးအကျယ် ရွှေတူးဖော်နေကြောင်း စုံစမ်းသိရသည်။

ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ – မိုင်းငေါ့ ကားလမ်းပေါ်ရှိ ပုံးလုံကျေးရွာအုပ်စု မန်ပင့်ရွာ အနီးတဝိုက်တွင် ဒေသခံများ အစဉ်အဆက် လုပ်ကိုင်ခဲ့သည့် လက်ငုတ်လက်ရင်း ရွှေတွင်းများကို TNLA နှင့် MNDAA ပူးပေါင်းကာ စက်ယန္တရားကြီးများဖြင့် အကြီးအကျယ် တူးဖော်နေကြကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“မိုင်းငေါ့ဘက် မန်ပင့်ရွာတဝိုက်မှာ အရင်ကတည်းက ရွှေတွင်းတွေ ရှိထားတယ်။ TNLA စသိမ်းတုန်းက ဒေသခံ လက်ငုတ်လက်ရင်းတွေ ဆက်လုပ်လို့ ရသေးပေမယ့် နောက်ပိုင်းကျတော့ TNLA က အခွန်အများကြီး လိုချင်တယ် ဖြစ်သွားရော၊ ကိုးကန့်တွေပါ ရောက်လာပြီးတော့ ဒေသခံတွေကို ပေးမလုပ်တော့ဘူး။ ဘတ်ဖိုးအကြီးတွေနဲ့ တကယ့်ကုမ္ပဏီလို ရွှေလာတူးကြတာ”ဟု ကျောက်မဲဒေသခံ အသက်(၃၀) ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နှင့် မိုင်းငေါ့မြို့အကြား TNLA မှ အကြီးအကျယ် ရွှေတူးဖော်ခြင်းနှင့် ပတ်သက်၍ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ သျှမ်းသံတော်ဆင့်မှ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

မိုင်းငေါ့မြို့နယ်ခွဲရှိ ပုံးလုံကျေးရွာအုပ်စု အနီးတဝိုက်တွင် TNLA နှင့် MNDAA ပူးပေါင်းပြီး စက်ယန္တရားများဖြင့် ရွှေတူးဖော်နေခြင်းကြောင့် သစ်တောများလည်း ဖျက်စီးခံရပြီး ချောင်းတိမ်ကောလုနီးပါး ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ရွှေတူးရင်တော့ သစ်တောတွေလည်း ဖျက်စီးထားသလိုပဲ တောပြုန်းတာပေါ့။ ချောင်းတွေဆို ကောပြီးတော့ ပျက်စီးကုန်ပြီ။ သူတို့ ဘယ်လောက်ကြာကြာ ထိန်းချုပ်ရမလဲ မသေချာတော့ အခု ဘတ်ဖိုးကြီးနဲ့ ရသလောက် တူးနေကြတယ်”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပုံစာ – ကွတ်ခိုင်မြို့နယ် မိုင်းယုလေးနှင့် နမ့်ဖတ်ကာကြား ရွှေတူးဖော်မှုကြောင့် နမ့်မောချောင်းရေ အရောင်ပြောင်း

TNLA ထိန်းချုပ်ထားသည့် မိုင်းငေါ့မြို့သည် ကျောက်မဲမြို့နှင့် (၃၂) မိုင်ခန့် ကွာဝေးပြီး “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း ယမန်နှစ် ဇန်နဝါရီလ၌ သိမ်းပိုက်ထားခဲ့သည်။

အလားတူ TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာတွင်လည်း ရွှေအလွန်အကျွံ တူးဖော်မှုကြောင့် နမ့်မောချောင်းရေ အရောင်ပြောင်းကာ ရေနှောက်လာပြီး အသုံးပြုရန် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

“ရွှေတူးတဲ့ လောပန်းတွေကို ပလောင်စစ်သားတွေ ခေါ်လာပြီးတော့ သူတို့ပဲ လုံခြုံရေးယူပေးတာ။ တချို့လည်း မိုင်းပေါက်ဘက်က လာတဲ့ ‘ဝ’နဲ့ ကျားဖြန့်တရုတ်တွေ။ မိုင်းယုလေးအပေါ်ဘက် မိုင်းဝီးမှာ ရွှေတူးနေတာ တစ်လကျော် ရှိပြီ၊ ချောင်းရေလည်း ၂၄ နာရီ နှောက်လာတယ်။ ရပ်ချင်ရင်တော့ ပလောင်စစ်သား လက်ထဲမှာပဲရှိတယ်”ဟု ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

မိုင်းယုလေးနှင့် နမ့်ဖတ်ကာကြားရှိ နမ့်မောချောင်းတစ်လျှောက်နှင့် မိုင်းဝီးကျေးရွာတွင် ရွှေတူးဖော်မှုကို ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်၍ TNLA ဘက်က ပြန်လည်ခွင့်ပြုမှုကြောင့် ဒေသခံ ကိုယ်ထူကိုယ်ထ တူးဖော်မှုရှိသလို မိုင်းပေါက်မြို့နယ်ဘက်မှ ရောက်လာသည့် တရုတ် သို့မဟုတ် ‘ဝ’ကုမ္ပဏီများလည်း လာရောက်တူးဖော်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀) ရက်တွင် TNLA ထိန်းချုပ် မိုးကုတ်မြို့၌ ကျောက်တူးဖော်နေသည့် လုပ်ကွက်များကို စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ အရပ်သား (၅) ဦး သေဆုံးပြီး (၁၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...