မူဆယ် ကျင်ဆန်ကျော့ မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံး

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့နယ် ကျင်ဆန်ကျော့ နှင့် ဟိုနောင်ကျေးရွာကြားတွင် စစ်ကောင်စီကား မိုင်းထောင်ဖောက်ခွဲခံရပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

မိုင်းစထိမှန်သည့်ကား

ယမန်နေ့ နိုဝင်ဘာ ၁၆ နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီကားက မုံးကိုးမှ မူဆယ်မြို့ (၁၀၅) မိုင်သို့ လာချိန်တွင် ကျင်ဆန်ကျော့ နှင့် ဟိုနောင်ကျေးရွာကြားတွင် ခလုတ်နှိပ်မိုင်း (၃) လုံး တိုက်ခိုက်ခံရပြီး ထိုမိုင်းကြောင့် လမ်းတွင်ပျက်နေသည့် ကားကိုပြင်နေသည့် ကားဝပ်ရှော့ဆရာ (၂) ဦးသေဆုံးခဲ့သည်။

ထို့ပြင် မိုင်းကြောင့် အိမ်စီးကား ၂စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီကားဘီးပေါက်သွားကာ စစ်ကောင်စီတပ်သား ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းလည်း မူဆယ်မြို့ဒေသခံများ သတင်းပေးပို့ချက်အရသိရသည်။

“ အဲနားပျက်နေတဲ့ကုန် တင်ကို ကားကို ကားဝပ်ရှော့ (၂) ယောက်က သွားပြင်ပေးနေတာ။ ဗုံးပေါက်ကွဲတော့ ၁ ယောက်ကတော့ လမ်းမှာသေတာတဲ့။ ၁ ယောက်ကတော့ မူဆယ်ဆေးရုံမှာလာသေတာ။ ပြည်သူတွေရဲ့ကား ၂ စီးပျက်စီးတယ်။ စစ်ကောင်စီကားတော့ ဘီးပေါက်တယ်။ ထိခိုက်ဒဏ်ရာရရှိတာတော့ မရှိဘူး” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကားးဝပ်ရှော့ဆရာ(၂)ဦးသွားပြင်သည့်ကုန်ကား

အဆိုပါသေဆုံးသွားသည့်ကားဝပ်ရှော့ဆရာတစ်ဦးသည် အသက် (၃၀)ဝန်းကျင်ရှိပြီး၊ ကျန်တစ်ဦးမှာ အသက် (၂၀)ဝန်းကျင်သာရှိကြောင်း လည်း ၎င်းအမျိုးသားက ပြောသည်။

ထိုခလုတ်မိုင်း (၃)လုံးပေါက်ကွဲပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်သားများက တဖတ်သတ် ပစ်ခတ်မှုရှိခဲ့သည်။

စစ်ကောင်စီကား ဘီးပေါက်သည့်နေရာကိုလည်း ပြည်သူ့စစ်များက လုံခြုံရေးလာရောက်ယူပေးကာ စစ်ဆေးတင်းကြပ်မှုများလည်း ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ကား ကို ခလုတ်နှိပ်မိုင်းဖြင့် တိုက်ခိုက်သည့်အဖွဲ့သည် မူဆယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်တိုက်ခိုက်ခဲ့ပြီး ထိုPDF ထဲမှ တစ်ဦးဖမ်းဆီးခံရကြောင်းလည်း ဒေသခံများပြောပြချက်အရသိရသည်။“ စစ်ကောင်စီရဲ့အတွင်းသတင်းကနေသိရတာ။ သူတို့ မိုင်းကိုဖောက်ခွဲတဲ့သူ ၁ ဦး ဖမ်းမိထားတယ်လို့ပြောတယ်။ ကျန်တဲ့သူက ထွက်ပြေးသွားနိုင်တယ်တဲ့။ အခုလည်း အဲစစ်ကောင်စီကားတွေက မူဆယ် ၁၀၅ မိုင်မှာရှိနေတယ်။ တပ်ရင်း ခလရ ၁၅ တဲ့ ” ဟု မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၆)ရက် မူဆယ်မြို့နယ် ကျင်ဆန်ကျော့ နယ်စပ်ဂိတ်တွင်ဖြစ်ပွားသည့်ကိစ္စကို သျှမ်းသံတော်ဆင့် အနေဖြင့် မူဆယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အတည်ပြုရန်ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။

ယခုလ နိုဝင်ဘာ ၁၄ ရက်မနက် ၁၁ နာရီဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် မင်္ဂလာမူဆယ် လမ်းမကြီးဘေးရှိ Top One မိုတယ်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာ ထိုထဲတွင် အသက် (၅)နှစ်အရွယ် ကလေး ၁ဦးနှင့် အမျိုးသမီး (၃)ဦး ပါဝင်ကြောင်း သိရသည်။

မူဆယ်မြို့နယ်အတွင်း ဖြစ်ပွားသည့် ပစ်ခတ်မှု ၊ မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ပြည်သူများသွားလာလှုပ်ရှားသည့်အချိန်နှင့် အလုပ်လုပ်သည့်အချိန်တွင် ရှောင်ရှားပေးရန်လည်း မူဆယ်ဒေသခံများက တောင်းဆိုလိုက်သည်။

ထိုအပြင် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ နှင့် ပြည်သူ့စစ်များ၏ ကင်းပုံးနေရာ၊ စခန်းများ ၊ စီးပွားရေးနေရာများတွင် ရှောင်ရှားပြီး သွားလာကြပါရန် ပြည်သူ့လုံခြုံရေး နှင့် ကာကွယ်ရေးအဖွဲ့ PSDF ယမန်နေ့ (နိုဝင်ဘာ ၁၆)ရက်တွင် ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...