Saturday, April 20, 2024

မန်ဝိန်းကြီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား၊ လူထိခိုက်မှုမရှိ

Must read

ကချင်ပြည် မံစီမြို့နယ် မန်ဝိန်းကြီး ကျေးရွာ ရပ်ကွက် (၆) ရှိ နေအိမ်တလုံးတွင် ယမန်နေ့ (နိုဝင်ဘာ ၂၃)ရက် ည၈နာရီကျော်၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၈နာရီ ၁၅ ဝန်းကျင်တွင် အမည်မသိ လူ ၂ဦးက ဆိုင်ကယ်စီးလာပြီး၊ ဆိုင်ကယ်ပေါ်မှ အထုတ် တထုတ် ချသွားခဲ့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မန်ဝိန်းကြီး ဒေသခံတဦး ပြောပြချက်အရသိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်း၊ နေအိမ်ရှေ့သံပန်းတံခါး နှင့် အိမ်ရှေ့ မှန်တံခါး အနည်းငယ်ပျက်စီးသွားခဲ့ကြောင်းလည်း သိရသည်။

ထို ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မန်ဝိန်းကြီးရဲတပ်ဖွဲ့မှ တရားခံကိုလိုက်လံစုံစမ်းနေကြောင်း သိရသည်။

ကချင်ပြည် မန်ဝိန်းကြီးသည် ရှမ်းပြည် မြောက်ပိုင်းနမ့်ခမ်းနှင့် ကပ်လျက်တည်ရှိသည့် မြို့တမြို့ဖြစ်ပြီး၊ ထိုဒေသတွင်နေထိုင်သူ အများစုသည် သျှမ်းလူမျိုးများဖြစ်ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article