Thursday, February 12, 2026

မန်ဝိန်းကြီး မိုင်းပေါက်ကွဲမှု ဖြစ်ပွား၊ လူထိခိုက်မှုမရှိ

ကချင်ပြည် မံစီမြို့နယ် မန်ဝိန်းကြီး ကျေးရွာ ရပ်ကွက် (၆) ရှိ နေအိမ်တလုံးတွင် ယမန်နေ့ (နိုဝင်ဘာ ၂၃)ရက် ည၈နာရီကျော်၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၈နာရီ ၁၅ ဝန်းကျင်တွင် အမည်မသိ လူ ၂ဦးက ဆိုင်ကယ်စီးလာပြီး၊ ဆိုင်ကယ်ပေါ်မှ အထုတ် တထုတ် ချသွားခဲ့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မန်ဝိန်းကြီး ဒေသခံတဦး ပြောပြချက်အရသိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်း၊ နေအိမ်ရှေ့သံပန်းတံခါး နှင့် အိမ်ရှေ့ မှန်တံခါး အနည်းငယ်ပျက်စီးသွားခဲ့ကြောင်းလည်း သိရသည်။

ထို ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မန်ဝိန်းကြီးရဲတပ်ဖွဲ့မှ တရားခံကိုလိုက်လံစုံစမ်းနေကြောင်း သိရသည်။

ကချင်ပြည် မန်ဝိန်းကြီးသည် ရှမ်းပြည် မြောက်ပိုင်းနမ့်ခမ်းနှင့် ကပ်လျက်တည်ရှိသည့် မြို့တမြို့ဖြစ်ပြီး၊ ထိုဒေသတွင်နေထိုင်သူ အများစုသည် သျှမ်းလူမျိုးများဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ကျင်ဆန်ကျော့ မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံး

0
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ် ကျင်ဆန်ကျော့ နှင့် ဟိုနောင်ကျေးရွာကြားတွင် စစ်ကောင်စီကား မိုင်းထောင်ဖောက်ခွဲခံရပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ နိုဝင်ဘာ ၁၆ နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီကားက မုံးကိုးမှ မူဆယ်မြို့ (၁၀၅)...

မိုင်းပျဥ်းမြို့မဈေးအတွင်း မိုင်းပေါက်ကွဲ၊ ဈေးသည် တစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာရ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဥ်းမြို့နယ် မြို့မဈေးအတွင်းတွင် မိုင်းတစ်လုံး ပေါက်ကွဲပြီး ဈေးသည် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။ ယနေ့ အောက်တိုဘာလ (၁၉) ရက် နံနက် (၆) နာရီကျော်ဝန်းကျင်တွင် ဈေးအတွင်း မိုင်းပေါက်ကွဲခြင်း ဖြစ်ပြီး ဟင်းသီးဟင်းရွက်ရောင်းရန်လာသည့် အမျိုးသမီးတစ်ဦးမှ...

ရပ်စောက်မှာ တောင်ယာ မီးရှို့ချိန် ပေါက်ကွဲမှုဖြစ် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် ဟိုပြင်ကျေးရွာအနီး ယမန်နေ့ (မတ် ၂၂ရက်)တွင် တောင်ယာမီးရှို့စဉ် ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ ထို ဟိုပြင်ကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဖူးကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူမှာလည်း သာမန် တောင်ယာစိုက်ပျိုးရေး လုပ်ကိုင်သူသာ ဖြစ်ကြောင်း...

မိုင်းယော်တိုက်နယ်ထဲ မိုင်းပေါက်ကွဲ ကလေးငယ်(၃)ဦး သေဆုံး၊ (၁၁)ဦး ဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ ကျေးရွာတစ်ရွာတွင် မြေမြုပ်မိုင်းပေါက်ကွဲမှု ကြောင့် ရွာထဲ ကစားနေသည့် တစ်နှစ်အရွယ်ကလေးငယ် အပါအဝင် ကလေး (၃)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသည့်သူများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။ မတ်လ (၅)ရက်နေ့ မနက် (၈) နာရီခန့်က မိုင်းယော်တိုက်နယ် ပန်ထိုလိန်ကျေးရွာအုပ်စု ခိုခမ်းကျေးရွာတွင် ကလေးများ...

လူထုကိုဒုက္ခပေးတဲ့ အိတ်မဲကြီး

0
လမ်းမပေါ်မှာ အိတ်အနက်ရောင်ထုတ်တွေ ပစ်ထားတာမြင်ရင် အလိုလို စိုးရိမ်စိတ်တွေက ဝင်လာပြီး ရှောင်ကွင်းသွားလာနေရပါတယ်။ အကြောင်းကတော့ စစ်ကောင်စီကနေ နိုင်ငံတော် အာဏာကို သိမ်းပြီးနောက် သျှမ်းပြည်မှာ ဟိုနားတစ ဒီနားတစ လက်လုပ်မိုင်းတွေ ပေါက်ကွဲနေတာကြောင့်ပဲဖြစ်ပါတယ်။ လက်လုပ်မိုင်းပေါက်ကွဲမှုတွေကိုကြည့်လိုက်ရင် အမှိုက်ပုံးနားက အိတ်အနက်ရောင်ထုတ်တွေ၊ လမ်းမဘေးက အိတ်အနက်ရောင်ထုတ်တွေ က စတဲ့ ဖြစ်စဉ်တွေပါပဲ။ “ ကျမ...