Wednesday, January 28, 2026

မိုင်းပျဥ်းမြို့မဈေးအတွင်း မိုင်းပေါက်ကွဲ၊ ဈေးသည် တစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဥ်းမြို့နယ် မြို့မဈေးအတွင်းတွင် မိုင်းတစ်လုံး ပေါက်ကွဲပြီး ဈေးသည် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ (၁၉) ရက် နံနက် (၆) နာရီကျော်ဝန်းကျင်တွင် ဈေးအတွင်း မိုင်းပေါက်ကွဲခြင်း ဖြစ်ပြီး ဟင်းသီးဟင်းရွက်ရောင်းရန်လာသည့် အမျိုးသမီးတစ်ဦးမှ ဒဏ်ရာရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စျေးတွင်း မိုင်းပေါက်ကွဲ

“ဘယ်သူ့လက်ချက်ဖြစ်မလဲတော့မသိဘူး၊ တစ်ခါမှ ဒီလိုမျိုး မဖြစ်ဖူးဘူး၊ ဈေးသည်တွေကလည်း ခါတိုင်းလိုမျိုး ဈေးရောင်းဖို့ လာကြတာ၊ ဈေးသည် အမျိုးသမီးတစ်ဦးက မိုင်းစတွေမိပြီး ခြေကျင်းဝတ်တွေမှာ ထိခိုက်ဒဏ်ရာ ရသွားတယ်၊ အခုတော့ ဆေးရုံမှာ ဆေးကုနေပါတယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ မိုင်းပေါက်ကွဲခြင်းနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်း လုပ်ဆောင်ကြောင်းကို မသိရှိရသေးကြောင်း ဒေသခံများ ပြောသည်။

မိုင်းပျဥ်းမြို့သည် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ အင်အားကြီးဒေသဖြစ်ရာ အာဏာရှင်တော်လှန်ရေး အင်အားစု မရှိသည့် ဒေသတစ်ခုလည်း ဖြစ်ကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး အိုးရှင်းပတ်ဝန်းကျင်အနီး ဈေးသည်များကို အမိုးအကာများဖြင့် ဈေးရောင်းချခွင့်မပြု

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အိုးရှင်း‌ကုန်တိုက် အနီးပတ်ဝန်းကျင် ငလျင်အပြီး စည်ပင်မှ ဈေးသည်များကိုပြန်လည်ရောင်းချခွင့် ပြုခဲ့သော်လည်း အမိုးအကာများဖြင့် ဈေးရောင်းခွင့်မပြုခဲ့ကြောင်း သတင်းရရှိသည်။ အိုးရှင်း ကုန်တိုက် အနီးပတ်ဝန်းကျင်ဖြစ်သည့် အရှေ့နှင့် လမ်းကြားများရှိ ဈေးဆိုင်များကို ငလျင်အပြီး ဧပြီလ ၃ရက်မှစ၍ ဈေးပြန်ဖွင့်ခဲ့သည်။ သို့သော် ထိုဈေးဆိုင်များကို ထီးဖွင့်ရောင်းချခွင့်မရသောကြောင့် ဟင်းသီးဟင်းရွက် ကုန်စိမ်းရောင်းသည့်...

အွန်လိုင်းပေါ် ဈေးရောင်းချသူများ မှတ်ပုံတင်ထားခြင်းမရှိပါက ထောင်ချမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ထား

0
အွန်လိုင်းပေါ်မှ တစ်ဆင့် ဈေးရောင်းချသူများသည် ယခုလမှစ၍ မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံမတင်ဘဲ ဈေးရောင်းချပါက ထောင်ချမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက် စစ်ကောင်စီ၏ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို အရေးကြီး...

မိုင်းပျဉ်းမြို့ စစ်ကောင်စီဂိတ် ထိုင်းထုတ်ကုန်တင် လိုင်းကားများဖမ်း၊ ငွေညှစ်

0
သျှမ်းပြည် ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့ ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ထိုင်းထုတ်ကုန်တင်လာသည့် လိုင်းကားများကို ဖမ်းပြီး ငွေညှစ်တောင်းနေကြောင်း စုံစမ်း သိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မိုင်းပျဉ်းမြို့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ယခင်ထက် စစ်ဆေးရေး တင်းကြပ်လာပြီး ထိုင်းထုတ်ကုန်တင်လာသည့် လိုင်းကားများကို အခွန်မဆောင် (ဂျူတီမဲ့) ပစ္စည်းများတင်လာသည်ဟု ပြောဆိုပြီး...

ကြမ်းတမ်းတဲ့ ဒေသမှ အားမလျော့ဘဲ ရုန်းကန်နေတဲ့ အမျိုးသမီးများ

0
“ စက်သုံးဆီတွေ ကလည်း စျေးတွေတက် စားသောက်ကုန်တွေကလည်း စျေးတွေတက်တော့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး” လို့ နန်းမို တယောက် စိတ်ပျက်လက်ပျက်နဲ့ ညီးထွားနေပါတယ်။ နန်းမိုဟာ သျှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေ အချင်းချင်း၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့နဲ့ စစ်ကောင်စီ တပ်ဖွဲ့ ထိတွေ့မှု မကြာခဏ ဖြစ်ပွားတဲ့နေရာ အနက်ရောင်နယ်မြေလို့...

မူဆယ် ကျင်ဆန်ကျော့ မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံး

0
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ် ကျင်ဆန်ကျော့ နှင့် ဟိုနောင်ကျေးရွာကြားတွင် စစ်ကောင်စီကား မိုင်းထောင်ဖောက်ခွဲခံရပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ နိုဝင်ဘာ ၁၆ နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီကားက မုံးကိုးမှ မူဆယ်မြို့ (၁၀၅)...