ကြမ်းတမ်းတဲ့ ဒေသမှ အားမလျော့ဘဲ ရုန်းကန်နေတဲ့ အမျိုးသမီးများ

“ စက်သုံးဆီတွေ ကလည်း စျေးတွေတက် စားသောက်ကုန်တွေကလည်း စျေးတွေတက်တော့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး” လို့ နန်းမို တယောက် စိတ်ပျက်လက်ပျက်နဲ့ ညီးထွားနေပါတယ်။

ကျောက်မဲ စျေး

နန်းမိုဟာ သျှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေ အချင်းချင်း၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့နဲ့ စစ်ကောင်စီ တပ်ဖွဲ့ ထိတွေ့မှု မကြာခဏ ဖြစ်ပွားတဲ့နေရာ အနက်ရောင်နယ်မြေလို့ သတ်မှတ်တဲ့ ကျောက်မဲမြို့နယ် ထဲမှာ နေထိုင်တဲ့သူ ဖြစ်ပါတယ်။

သူမဟာ တိုင်းရင်းသား အချင်းချင်းဖြစ်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်( SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တောင်ယာတွေကိုစွန့်ပြီး မြို့နဲ့အနီးမှာ ပြောင်းရွှေ့လာရောက်နေထိုင်ကြပါတယ်။

အရင်က နန်းမိုတို့ဟာ တောင်ယာမှာ စိုက်ပျိုးသီးနှံတွေ စိုက်ပျိုးပြီး မိသားစုပျော်ရွှင် အေးချမ်းစွာ နေထိုင်ခဲ့ကြပြီး စားဝတ်နေရေးအတွက် တွေးမပူကြပါဘူး။

ဒီတိုက်ပွဲတွေဖြစ်လာပြီးတော့ နန်းမိုတို့ မိသားစုဟာ စစ်ရှောင်မှာ ပြောင်းရွှေ့နေထိုင်လာပြီး လရှည်လာတဲ့နောက် မိမိသဘောနဲ့ အိမ်ငှားပြီးနေထိုင်ခဲ့ကြပါတယ်။

သူမမှာ ၇ နှစ်အရွယ် သားလေးနဲ့ ၆ နှစ်အရွယ် သမီးလေးတယောက်ရှိပြီး အမျိုးသားကတော့ ကျောက်မဲမြို့နယ်ထဲမှာ နေ့စား အဖြစ်အလုပ်လုပ်ကိုင်ပေမယ့် ပုံမှန်ဝင်ငွေမရှိပါဘူး။

လက်ရှိမှာတော့ မိသားစု စားဝတ်နေရေး ဖြေရှင်းဖို့အတွက် ဆိုင်ကယ်တစ်စီးကို အရင်းစိုက်ပြီး စျေးသည်တစ်ဦး လုပ်ကိုင်ခဲ့ရာ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အစစအရာရာ စျေးတက်လာမှုကြောင့် နန်းမိုတယောက် စိတ်ပူပန်မှုများစွာနဲ့ ကျော်ဖြတ်နေရပါတယ်။

“ အရင်စစ်အာဏာမသိမ်းတုန်းကတော့ အဆင်ပြေသေးတယ်။ အခုကျတော့ အစစရာရာ စျေးတက်လာပြီး ဆိုင်ကယ်နဲ့ စျေးထွက်ရောင်းဖို့ကလည်း မကိုက်တော့ဘူး။ ပင်ပန်းတာပဲရှိတယ်” လို့ ကလေး ၂ ယောက် မိခင် နန်းမို က စိတ်ပျက် လက်ပျက် ပြောပြနေပါတယ်။

ဆိုင်ကယ် စျေးသည်ဆိုတာ မနက် ၂ နာရီမှ ဆိုင်ကယ်နဲ့ ကျောက်မဲမြို့မစျေးထဲကို ဟင်းသီးဟင်းရွက်၊ စားစရာတွေကို ဝယ်ယူပြီး ဆိုင်ကယ်ရဲ့နောက်မှာ ချိတ်ကာ တရပ်ကွက်ဝင်၊ တရပ်ကွက်ထွက်၊ တရွာဝင်၊ တရွာထွက်နဲ့ စျေးလိုက်ရောင်း ပါတယ်။

ကျောက်မဲ ဆိုင်ကယ်စျေးသည်

အရင် ကိုဗစ် နဲ့ စစ်အာဏာမသိမ်းခင်က နန်းမို တို့လို ဆိုင်ကယ်စျေးသည်တွေဟာ မနက်မိုးမလင်းခင် ရွာတွေ ရပ်ကွက်တွေ အရောက်သွားရောက် ရောင်းနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားတဲ့ မာရှယ်လော့ ည ၁၀နာရီမှ မနက် ၄နာရီ အပြင်မထွက်ရ အမိန့်တွေကြောင့် တော်တော်ခေါင်းခဲနေကြပါတယ်။

“ ဒီလိုကာလမှာက အရင်လို မဟုတ်တော့ဘူးလေ။ ထွက်မရှာရင်လည်း စားစရာမရှိဘူး။ နောက် ရွာလည်းမပြန်ရဲသေးဘူး။ ရုန်းကန်ရတာပေါ့” လို့ ရှမ်းဘာသာစကားနဲ့ နန်းမို တယောက် လေသံတိုးတိုးနဲ့ပြောပါတယ်။

အခုနောက်ပိုင်း ပြည်သူတွေဟာ စီးပွားရေး အဆင်မပြေလာသလို တဖက်မှာလည်း စက်သုံးဆီစျေးနှုန်းနဲ့ ကုန်စျေးနှုန်း မြင့်တက်မှု စျေးသည်တွေ စျေးတင်ရောင်းပါက မဝယ်ကြတော့တဲ့အတွက် ရောင်းမကောင်းဘဲ ရင်းနှီးထားတဲ့ နေ့ခ မရဘဲ အရင်းထဲက ပါသွားတဲ့အဆင့်တောင်ရှိကြောင်း နန်းမို က ဆိုပါတယ်။

“ ကျမတို့က စျေးတင်ရောင်းလို့လည်းမရ။ အရင်ကလို ဆိုင်ကယ်စျေးသည်တွေကို သိပ်မအားပေးတော့ဘူး။ အလုပ်မရှိ ဝင်ငွေမရှိတော့ သူတိုတွေ့က ဝယ်စားဖို့လည်း အဆင်မပြေကြဘူးလေ။ ကျမတို့ အရင်းမရဘဲ အရင်းပါတဲ့ရက်တွေ မနည်းဘူး” လို့ နန်းမိုက ပြောပြပါတယ်။

ကျောက်မဲမြို့နယ် မှာနေထိုင်တဲ့သူ သာမာန်လူတန်းစား နဲ့ စစ်ရှောင်တွေရဲ့ ( ၉၀ )ရာခိုင်နှုန်းဟာ ဆိုင်ကယ်စျေးသည်တွေ ဖြစ်ကြပါတယ်။

သူတို့တွေဟာ အနက်ရောင်နယ်မြေအတွင်း လုပ်ကိုင်စားသောက်နေကြရတဲ့ သူတွေဖြစ်တဲ့အလျောက် သင်္ချိုင်းကို ခြေတဖက်လှမ်းပြီး အရဲစွန်း အလုပ်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။

“ အခုဆိုရင် ပိုကြောက်ဖို့ကောင်းလာတယ်။ ဓားပြတွေကလည်း ပေါလာတယ်။ နောက် ဆိုင်ကယ်စျေးသည်တွေ မကြာခဏ ပစ်ခံရတာတွေလည်းရှိတော့ ဘယ်နေ့ သေနတ်ကျည်ထိမှာလဲဆိုပြီး တွေးကြောက်ပြီး သွားနေရတယ်” လို့ ဆိုင်ကယ် စျေးသည် နန်းမို က လက်ရှိ ကျောက်မဲမြို့နယ် အခြေအနေကို ပြောပြပါတယ်။

အလားတူ မအေးဆွေ တယောက်လည်း ကိုဗစ် ကူးစက်ရောဂါနဲ့ စစ်အာဏာသိမ်းမှုဒဏ်ကြောင့် တပိုင်တနိုင် အိမ်မှာ ကုန်စုံဆိုင်ရောင်းရာမှ ကုန်စျေးနှုန်းတွေ အဆမတန် ရုတ်တရက် မြင့်တက်လာမှုကြောင့် အရင်းအနှီးတွေ မပြုလုပ်နိုင် တော့ဘဲ ကုန်စုံဆိုင် ဖြုတ်တဲ့အဆင့် ရောက်ရှိခဲ့ပါတယ်။

“ ကျမ အိမ်ဆိုင်ရောင်းအရင်းဖြုတ်သွားတာပဲကြည့်လေ။ ကုန်စျေးနှုန်းတက်တော့ ကုန်တွေလည်း ထပ်မဝယ်ရဲ။ ရောင်းလည်း မကောင်းဘူးလေ။ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး” လို့ မအေးဆွေ က လက်ရှိ ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်ကို ရင်ဖွင့်လာပါတယ်။

အရင်က မအေးဆွေ ဟာ တရက်မှာ မြန်မာကျပ်ငွေ သောင်းချီ ရောင်းရပေမယ့် ကိုဗစ် စဝင်လာတဲ့နောက်မှာ ထောင်ဂဏန်းကို မနည်းရောင်းနေရတဲ့ အခြေအနေပါ။

ကျောက်မဲခရိုင်မှာ လက်နက်ကိုင် ပဋိပက္ခ အရေး ၊ ကိုဗစ် နဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် အရင်ကတည်းက နလန် မထနိုင် တဲ့ အခြေအနေ ကနေ လက်ရှိမှာတော့ ပြည်သူတွေ အများစုဟာ အလုပ်လက်မဲ့တွေဖြစ်တာကြောင့် စားသောက်စရာတွေ ခက်ခဲလာပြီး ထမင်းနပ်မှန်အောင် မစားနိုင်တဲ့ အဆင့်ရောက်နေပါပြီ။

ဒါ့အပြင် ကိုဗစ် နဲ့ စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာ ငွေကြေးဖောင်းပွမှုဟာ တဖြည်းဖြည်း ဆိုးရွားလာပြီး ထုတ်ကုန်အတွက် ကုန်ကြမ်းတွေဟာ စျေးတက်လာတဲ့အတွက် အမျိုးသမီးတွေကို တနိုင်တပိုင် လုပ်ငန်းတွေ သင်ပေးတဲ့ နန်းထက်စံ အမျိုးသမီးအဖွဲ့ကနေ ထုတ်တဲ့ ဖိနပ်လုပ်ငန်းလည်း ရပ်ဆိုင်းသွားရပါတယ်။

“ အခက်အခဲကတော့ အမျိုးမျိုးပဲ။ ငွေစျေးဖောင်းပွမှုရှိတယ်။ ကုန်ကြမ်းကလည်း စျေးတက်တယ်။ နောက် ကုန်ကျစရိတ် အရမ်းမြင့်တယ်။ အဲ့ဒါကြောင့် တပိုင်တနိုင်တွေ ရပ်နားရတယ်” နန်းထက်စံ အမျိုးသမီး အဖွဲ့အစည်းမှ နန်းလှရီ က ပြောပါတယ်။

ကျောက်မဲမြို့နယ်က အကြောင်း အမျိုးမျိုးကြောင့် တပိုင်တနိုင်လုပ်တဲ့သူတွေဟာ အလုပ်အဆင်မပြေမှုကြောင့် မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်တဲ့ လောက်ကိုင်၊ မိုင်းလား၊ ပန်ဆန်းဒေသကို တရားမဝင်တဲ့ ကိစ္စတွေ ကိုသွားရောက် လုပ်ကိုင်ကြ သလို ထိုင်းနိုင်ငံဘက်ကိုလည်း တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး သွားရောက် အလုပ်လုပ်နေကြပါတယ်။

တချို့ကလည်း တပိုင်တနိုင် လုပ်ငန်းတွေ ဖြုတ်တော့ လယ်ယာပိုင်ဆိုင်တဲ့ အလုပ်ရှင်တွေမှာ ငွေကြေး ကြိုတင်ထုတ်ပြီး၊ အလုပ်ရှိချိန်မှ သွားရောက် အလုပ်လုပ်ကြတာတွေလည်း ရှိပါတယ်။

“ ဒီလိုပဲ ရုန်းကန်ရတာပေါ့။ ထိုင်းဘက်ကို သွားကြတာတွေများတယ်။ လောက်ကိုင် မိုင်းလားဘက်လည်းများတယ်။ တချို့ကတော့ ကြိုတင်ချေးငွေထုတ်ပြီး အလုပ်ရှိတဲ့ အချိန်ကျရင် သွားလုပ်ပေးတယ်” နန်းလှရီကဆိုပါတယ်။

တပိုင်တနိုင်လုပ်ငန်းတွေ တရိပ်ရိပ် ဖြုတ်သွားနေပေမယ့် အမျိုးသမီးတွေ အနေနဲ့ အားမငယ်ဘဲ ကိုယ်တက်နိုင်တဲ့ နည်းဖြင့် ဝင်ငွေကို ရအောင်ရှာဖွေပြီး ရပ်တည်ရန် လိုအပ်ပါတယ်။

လက်ရှိ ကျောက်မဲမြို့နယ် အတွင်းမှာ လူငယ်တွေ မရှိကြသလို လမ်းပန်းဆက်သွယ်ရေးမှာလည်း ဖွံ့ဖြိုးမှု နောက်နှေးတဲ့ ဒေသဖြစ်တဲ့အတွက် နန်းလှရီ အနေနဲ့ အသက်မွေးဝမ်းကျောင်း ကိုယ်ထူကိုယ်ထ သွားရောက် ပညာပေးတဲ့အခါမှာလည်း အခက်အခဲကြုံနေရပါတယ်။

နန်းထက်စံ အနေနဲ့ အမျိုးသမီးတွေ ဟာ တခြားသူတွေအပေါ် အမှီအခိုမရှိဘဲ တကိုယ်တည်း တပိုင်တနိုင်လုပ်ငန်းဖြင့် အသက်မွေးနိုင်ရန် သင်ကြားပေးချင်ပြီး စီးပွားရေးအတွက် ကူညီထောက်ပံ့ပေးချင်တဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။

“ ကျမကတော့ အမျိုးသမီးတွေကို ဘယ်သူ့ကိုယ်မှ မမှီခိုစေချင်ဘူး။ နောက် ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကိုယ့်ခြေထောက် ပေါ် ရပ်တည်စေချင်တယ်” လို့ နန်းလှရီ က မှတ်ချက်ပြုလိုက်ပါတယ်။

ခေတ်ကာလပြောင်းလဲလာတဲ့အလျောက် အမျိုးသမီးတွေကိုယ်တိုင် ငွေထွက်ရှာရတဲ့ ခေတ်ဖြစ်လာတဲ့အတွက် ကျဆုံးတဲ့ အချိန်မှာ စိတ်ဓာတ်ကို မကျရန် လိုအပ်ပါတယ်။

နိုင်ငံရေး ရှုပ်ထွေးနေတဲ့အချိန် စားဝတ်နေရေးကို ရုန်းကန် ရှာဖွေစားသောက်နေရပြီး စိတ်ဓာတ်ကျမှုတွေ ရှိနေပေမယ့်လည်း နန်းမို တယောက်ကတော့ သား၊ သမီးတွေရဲ့ မျက်နှာကို ကြည့်ကာ အားတင်းနေရကြောင်းလည်း သူမက ပြောပြပါတယ်။

“ ကျမ ဘဝက ကျမရဲ့ သားနဲ့ သမီးပဲ။ ကျမ စျေးမထွက်ရောင်းရင် ဝင်ငွေမရှာနိုင်ရင် သူတို့ ကျောင်းဘယ်လိုတက်မှာလဲ ဆိုတာ တွေးပူနေရတယ်။ သူတို့လေးတွေက ကျမ အားဆေးတွေပေါ့” လို့ နန်းမိုက ပြုံးပြီး ပြောလာပါတယ်။

လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြပ်အတည်းတွေဟာ ကိုယ်တဦးတယောက်တည်း ရင်ဆိုင်နေရတဲ့ အရာမဟုတ်သလို စိတ်ဓာတ်ကျပြီး ဝမ်းနည်းပါက ပိုဆိုးရွားနိုင်ကြောင်းလည်း နန်းမို က ပြောပါတယ်။

“ ဒီကာလမှာတော့ ကျမတို့တယောက်ပဲ အကြပ်ကြုံနေရတာမှမဟုတ်တာ။ စိတ်ညစ်ရင်လည်း အလကားပဲလေ။ ကျမ ကတော့ လုပ်စရာရှိတာ လုပ်ရမယ်။ ဝမ်းရေးက ရှိသေးတယ်လေ” လို့ သူမက ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...