Wednesday, January 28, 2026

အွန်လိုင်းပေါ် ဈေးရောင်းချသူများ မှတ်ပုံတင်ထားခြင်းမရှိပါက ထောင်ချမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ထား

အွန်လိုင်းပေါ်မှ တစ်ဆင့် ဈေးရောင်းချသူများသည် ယခုလမှစ၍ မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံမတင်ဘဲ ဈေးရောင်းချပါက ထောင်ချမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ထားကြောင်း စုံစမ်းသိရသည်။

အွန်လိုင်းရှော့

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက် စစ်ကောင်စီ၏ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်သည့်ရက်မှစ၍ ၆ လ အတွင်း မှတ်ပုံမတင်ဘဲ ရောင်းချပါက ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ကျပ်ငါးသိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်ခြင်း ခံရသည့် အရေးကြီး ကုန်စည် နှင့် ဝန်ဆောင်မှု ဉပဒေ ပုဒ်မ ၅ အရ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

“တကယ်လို့ မှတ်ပုံတင်ရမယ်ဆိုရင်လည်း မတတ်နိုင်ဘူးလေ။ တနိုင်တပိုင် နဲ့ လုပ်ရတဲ့သူတွေအတွက်ဆိုတော့ အဆင်မပြေဘူး။ ကုန်ကျစရိတ်တွေ ပိုကုန်လာမယ်၊ တချို့ အွန်လိုင်းရှော့ သေးသေးလေးတွေ အတွက်တော့ အခက်ခဲ အများကြီး ရှိမှာပေါ့။ အမြတ်တွေလည်း သိပ်မကျန်တော့ဘူးပေါ့ “ ဟု အွန်လိုင်းဈေးရောင်းချသူ အမျိုးသမီး တစ်ဦးက ပြောသည်။

အွန်လိုင်းစျေးသည်

လက်ရှိ စစ်ကောင်စီမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲ၌ မှတ်ပုံတင်ခြင်း နှင့် ပတ်သက်၍ မည်သည့် နေရာ၊ မည်သည့် ပုံစုံဖြင့် မှတ်ပုံတင် ပြုလုပ်ရကြောင်း အသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိသေးပေ။

ထို့အပြင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ တစ်ဆင့် အွန်လိုင်း ဈေးရောင်းသူများအတွက် မှတ်ပုံတင်ခြင်း နှင့် ပတ်သက်ပြီး မကြာခင် Online Sales Registration System ဖြင့် ပြုလုပ်ရမည်ဖြစ်၍ မှတ်ပုံတင်ကြေး အနည်းငယ် ပေးဆောင်ရမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

ယင်းကဲ့သို့ အွန်လိုင်းဈေးရောင်းချသူများ မှတ်ပုံတင်ရန် လိုအပ်သော်လည်း မည်သည့်ပုံစံဖြင့် လုပ်ဆောင်ရမည်ကို အသေးစိတ် မသိရှိရသေး၍ ကြားခံပွဲစားမှ လုပ်ဆောင်ပါက လိမ်လည်ခံရမည်ကို စိုးရိမ်နေကြောင်း အွန်လိုင်းဈေးရောင်းချသူ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

“ သူတို့က အွန်လိုင်းဈေးရောင်းသူတွေ လိုင်စင်လုပ်ရမယ်ပြောတယ်။ ဘယ်နေရာ၊ ဘယ်လိုပုံစံ လုပ်ရမယ် မပြောဘူး။ အခု အွန်လိုင်း လုပ်တဲ့သူအတွက်က လုပ်ကောင်း၊ မလုပ်ကောင်း ဖြစ်နေတယ်။ ပြီးရင်နောက် ၆ လနေရင် လူလိမ်တွေက လိုက်မေးတော့မယ်။ “ အစ်မမှတ်ပုံတင်ထားလား၊ ကျနော်က မှတ်ပုံတင်ရုံးကပါ “ ဆိုပြီး လိုက်လိမ်တော့မယ်။ အဲ့ကြောင့် သူတို့ကနေပြီး စနစ်တကျ တရားဝင် ကြေညာပေးဖို့လိုတယ် “ ဟု ၎င်းအမျိုးသမီးက ပြောသည်။

အလားတူ ဈေးဆိုင်ဖွင့်လှစ်ပြီး ရောင်းချသူများက မြို့နယ်စည်ပင်သာယာရေးထံ တစ်နှစ်ကို ကျပ်ငွေ ၂၅,၀၀၀ အထိ အခွန်ပေးဆောင်ရကြောင်းလည်း သိရသည်။

ကိုဗစ် နှင့် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေး ကျဆင်းလာကာမှ ပြည်သူတချို့သည် စီးပွားရေးအဖြစ် သော်လည်းကောင်း၊ တပိုင်တနိုင်အဖြစ် သော်လည်းကောင်း အွန်လိုင်းဖြင့် ဈေးရောင်းချရာ မှတ်ပုံတင်ရမည်ဆိုပါက ကုန်ကျစရိတ် ပိုများလာနိုင်ပြီး အကျိုးအမြတ်အပေါ် ထိခိုက်လာမည်ကို စိုးရိမ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများ ဘာကြောင့် ကန့်သတ်ခံနေရလဲ

0
ယခုလ ဒီဇင်ဘာအစောပိုင်းမှ စတင်ပြီး ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သည့် သျှမ်းပြည်သားများကို စစ်ကော်မရှင်ဘက်မှ ခရီးသွားလာခွင့်၊ ဟိုတယ်၊ တည်းခိုခန်းတို့တွင် တည်းခိုခွင့် ကန့်သတ်ချက်များ ဖြစ်ပေါ်နေသည်။ သို့သော်လည်း ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူများအား မည်သည့်ကိစ္စကြောင့် ကန့်သတ်ကြောင်းကို သေသေချာချာ ဂဃနဏ မသိရှိရဘဲ ထင်မြင်ချက်...
TNLA_ID Poster

TNLA မှတ်ပုံတင်မရှိလျှင် ‘ဂိတ်ဖြတ်သန်းခွင့်ရမည်မဟုတ်’ဟု နမ့်ခမ်းဒေသခံများ ခြိမ်းခြောက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ဒေသခံများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ခိုင်းပြီး မပြုလုပ်ပါက ၎င်းတို့၏ ဂိတ်များမှ ဖြတ်သန်းခွင့်မပြုဟု ပြောဆိုခြိမ်းခြောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

သျှမ်းမြောက် TNLA ထုတ် မှတ်ပုံတင်မပြနိုင်လျှင် အရေးယူမည်ဟုဆို

0
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော နယ်မြေဒေသအတွင်း နေထိုင်သည့် ပြည်သူများကို ၎င်း၏ မှတ်ပုံတင်ကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်ပြီး ခရီသွားလာရင်း မှတ်ပုံတင် မပြနိုင်လျှင် အရေးယူခံရမည်ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောကြားသည်။ ယမန်နေ့ (သြဂုတ် ၁၆ )ရက် နမ္မတူမြို့နယ် မန်စံကျေးရွာတွင်...

နမ္မတူမြို့နယ်တွင် TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း သွားလုပ်ရန် ဒေသခံများ အခက်တွေ့

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ သွားရောက်ပြုလုပ်ရန် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ဇွန်လဆန်းပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်တွင် TNLA ၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းကို လူမျိုးဘာသာမရွေး မဖြစ်မနေ သွားရောက်ပြုလုပ်ရန်...

မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းကို ထိန်းချုပ်ဒေသအတွင်း လုပ်ဆောင်ပေးနေဟု TNLA ပြော

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ထိန်းချုပ်ဒေသအတွင်း မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်း၊ ပြုစုခြင်း လုပ်ဆောင်နေကြောင်း ပြောဆိုလိုက်သည်။ “၁၀၂၇ စစ်ဆင်ရေး”အတွင်း TNLA ထိန်းချုပ်နိုင်ခဲ့သည့် မြို့နယ်အားလုံးရှိ ရပ်ကွက်၊ ကျေးရွာတိုင်းတွင် တောရွာမြို့နေ ပြည်သူအားလုံးကို လူဦးရေ စိစစ်ပြီး မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း...