မူဆယ်မြို့နယ် စိန်ကျော့ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရ၊ တစ်ဦးသေ တစ်ဦးဒဏ်ရာ

သျှမ်းပြည် မူဆယ်မြို့နယ်၊ ကောင်းထိုလင် တောင်ကုန်းရှိ စိန်ကျော့ပြည်သူ့စစ် တပ်စခန်းဟောင်းမှ စခန်းစောင့်များ ပစ်ခတ်တိုက်ခိုက်ခံရပြီး တစ်ဦးသေ တစ်ဦး ဒဏ်ရာရသွားကြောင်း စုံစမ်းသိရသည်။

ပြည်သူနေအိမ် ပျက်စီး

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းတွင် မူဆယ်မြို့နယ် ကောင်းဆာကျေးရွာ နှင့် တစ်မိုင်ခန့် ကွာဝေးသည့် ကောင်းထိုလင် တောင်ကုန်းမှ စိန်ကျော့ပြည်သူ့စစ် တပ်စခန်းဟောင်း အစောင့် ၃ ဦးကို လက်နက် ကိုင်တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်လိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အဲ့စခန်းက အစောင့်လေး ၃ / ၄ ယောက်လောက်ပဲ ရှိတာ။ အဲ့စခန်းက စိန်ကျော့ ပြည်သူ့စစ် တပ်စခန်း ဖြစ်ခဲ့ဖူးပေမယ့် လူအများကြီး မနေတာ ကြာသွားပြီ၊ ပစ်ခတ်မှုတွေက ခဏလေးပါပဲ။ အသံတွေလည်း မကျယ်ဘူး။ တပ်စောင့်တဲ့ ကြီးကြပ်သူ တစ်ဦးက ပခုံးမှာ ဒဏ်ရာရတယ်။ နောက်ထပ် တစ်ယောက်ကတော့ သေသွားတယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာ ရသူသည် စိုင်းဆန်အိုက် ဆိုသူ ဖြစ်ပြီး သေဆုံးသွားသူသည် နောင်မွန်ကျေးရွာနေ စိုင်းအိုက်မြတ် ဖြစ်ကြောင်းလည်း သိရသည်။

ပြည်သူ့နေအိမ် ပျက်စီး

အဆိုပါ ပစ်ခတ်မှုသည် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့မှ လာရောက်ပစ်ခတ်သည်ဟု ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

အလားတူပင် ယမန်နေ့ ဇူလိုင်လ ၂၄ ရက်နေ့ ည ၁၁ နာရီဝန်းကျင် အချိန်တွင် မူဆယ်မြို့ပေါ် အထက (၄) အနီးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့အစည်းမှ ထောင်ထားသည့် ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

“အခုတလော မူဆယ်မြို့နယ်အတွင်းမှာ ဆူပူမှုတွေ ဆက်တိုက်ဖြစ်နေတယ်။ ဟိုနေရာမှာ တိုက်ပွဲဖြစ်၊ ဒီနေရာမှာ ပေါက်ကွဲမှုဖြစ် နဲ့ ရှေ့ဆင့်နောက်ဆင့်တွေ ဖြစ်ကြတာပဲ။ အမက (၄) အနီး၊ ဖူဆယ်ကွင်း အနီးပေါက်မှုက ထိခိုက်မှုကိုတော့ မသိရသေးဘူး” ဟု မူဆယ်မြို့ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြည်သူ့နေအိမ် ပျက်စီး

ထို့အပြင် ယမန်နေ့ ဇူလိုင်လ (၂၄) ရက်နေ့ ည ၁၁ နာရီမှ ယနေ့ ဇူလိုင်လ (၂၅) မနက် ၄ နာရီအထိ မူဆယ်မြို့ အခြေစိုက် နှင့် ၁၀၅ မိုင် အခြေစိုက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့ ကြောင်းလည်း သိရသည်။

အဆိုပါ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးမှုများရှိနေသော်လည်း စာရင်း အတိအကျကို သျှမ်းသံတော်ဆင့်မှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့တွင် ညနေပိုင်းတွင် မူဆယ်မြို့၊ စယ်လန့်ကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ နှင့် TNLA တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ကူမှုကြောင့် စယ်လန့်ကျေးရွာမှ နေအိမ် ၂ လုံးလည်း လက်နက်ကြီးထိ ပျက်စီးရသည်။

ဂျီနီဗာကော ဥပဒေ အရ လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် ကျေးရွာအနီး ပစ်ခတ်တိုက်ပွဲပြုလုပ်မှု၊ လူနေအိမ် ကျေးရွာများအတွင်း ဝင်ရောက်စခန်းချ နေထိုင်မှုနှင့် ပြည်သူနေအိမ်များထိခိုက်ပျက်စီးအောင် လက်နက်ကြီး/ငယ်များ ပစ်ခတ်မှုတို့ ပြုလုပ်ခွင့် တားမြစ်ထားကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...