ကျောက်မဲမြို့ပေါ်သို့ ၂ နှစ်နီးပါး တိမ်းရှောင်သည့် စစ်ရှောင် (၄၀၀) ကျော် နေရပ်ပြန်

ကျောက်မဲမြို့အတွင်းသို့ ၂ နှစ်နီးပါး စစ်ဘေးတိမ်းရှောင်လာသည့် စစ်ရှောင် (၅) ထောင်ကျော်မှ စစ်ရှောင် (၄၀၀) ကျော် နေရပ်ပြန်သွားကြောင်း စုံစမ်း သိရသည်။

နေရပ်သို့ ပြန်သွားသည့် စစ်ရှောင်

အဆိုပါ စစ်ရှောင်များသည် ပြီးခဲ့သည့် မေလမှ စတင်ပြီး လက်ရှိချိန်ထိ နေရပ်သို့ ပြန်သွားသည့် စစ်ရှောင် (၄၀၀) ကျော်၊ အိမ်ခြေ (၁၃၉) အိမ် နှင့် ရွာပေါင်း (၁၀) ကျော် နေရပ်သို့ ပြန်သွားကြောင်း သိရှိရသည်။

“လက်ရှိချိန်ထိ နေရပ်ပြန်လာတဲ့ သူတွေ အားလုံးကျေးရွာ ၄ အုပ်စုရှိတယ်။ ရွာပေါင်းက (၁၂) ရွာ နေရပ်ပြန်သွားတဲ့ သူတွေကို ဒေသတွင်း အာဏာပိုင်တွေက ဆန်၊ ဆီ၊ ဆား နဲ့ ဟင်းချိုမုန့် တွေကို ကူညီထောက်ပံ့ ပေးနေတာရှိပါတယ်” ဟု ဒေသတွင်း အာဏာပိုင် တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နေရပ်ပြန်သွားသည့် ကျေးရွာများသည် ချုံးဟောင်းကျေးရွာအုပ်စု၊ ဟူးဆွန်ကျေးရွာအုပ်စု၊ လွယ်ကုံကျေးရွာအုပ်စု နှင့် ပုံးလုံကျေးရွာအုပ်စု တို့ဖြစ်သည်။

နေရပ်ပြန်သွားသည့် စစ်ရှောင်

“အခု ပြန်သွားတဲ့ စစ်ရှောင်တွေက စားဝတ်နေရေးအတွက် အခက်ခဲ တအားဖြစ်နေတယ်။ မြို့ထဲနေရင်လဲ အိမ်ငှားခတွေက စျေးကြီးပြီး ပေးရတယ်။ တစ်လကို ၃ သောင်းကနေ ၁ သိန်း အထိ ပေးရတယ်။ တအား ခက်ခဲလို့ ကျမတို့ နေရပ်ကို ပြန်လာကြတာ” ဟု စစ်ရှောင် အမျိုးသမီး တစ်ဦး ကပြောသည်။

၂၀၂၁ ခုနှစ်ကတည်းကစပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ်ဖြစ်တဲ့ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့သည် ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် စစ်ရှောင် (၅,၃၇၆) ဦး နေရပ်သို့ စွန်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ထိုနေရပ် စွန့်ခွာထွက်ပြေးသည့် စစ်ရှောင် (၅,၃၇၆) ဦးထဲက စစ်ရှောင် (၅၀၀) ကျော်သည် သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသည်။

ထို စစ်ရှောင် ၅ ထောင်ကျော်သည် အိမ်ထောင်စုပေါင်း (၁,၂၅၉) ၊ အမျိုးသား (၂,၃၉၁) ဦး နှင့် အမျိုးသမီး (၂,၉၈၅) ဦး တို့ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...