Wednesday, January 28, 2026

ဟူးဆွန်ကျေးရွာ

TNLA ထိန်းချုပ် ကျောက်မဲမြို့တွင် အရပ်သားတစ်ဉီး ၁၀ ရက်ကျော်ကြာ ပျောက်ဆုံးပြီးနောက် ဒဏ်ရာဖြင့် သေဆုံးအလောင်းပြန်တွေ့

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်း အမျိုးသားတစ်ဉီး ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံးနေသည့် အလောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ (၂၅) ရက်တွင် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စု ထွန်ဟိတ်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဉီးသည် လက်ဖက်ကြိတ်စက်ဝယ်ရန် ကျောက်မဲမြို့ပေါ်သို့ သွားစဉ်...

ကျောက်မဲမြို့ပေါ်သို့ ၂ နှစ်နီးပါး တိမ်းရှောင်သည့် စစ်ရှောင် (၄၀၀) ကျော် နေရပ်ပြန်

ကျောက်မဲမြို့အတွင်းသို့ ၂ နှစ်နီးပါး စစ်ဘေးတိမ်းရှောင်လာသည့် စစ်ရှောင် (၅) ထောင်ကျော်မှ စစ်ရှောင် (၄၀၀) ကျော် နေရပ်ပြန်သွားကြောင်း စုံစမ်း သိရသည်။ အဆိုပါ စစ်ရှောင်များသည် ပြီးခဲ့သည့် မေလမှ စတင်ပြီး လက်ရှိချိန်ထိ နေရပ်သို့ ပြန်သွားသည့် စစ်ရှောင် (၄၀၀) ကျော်၊ အိမ်ခြေ...

ကျောက်မဲ စစ်ဘေးရှောင်များ မြို့ထဲပြောင်း‌ရွှေ့နေထိုင်ရ

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်းတွင်ရှိနေသည့် စစ်ဘေးရှောင်များသည် မြို့ထဲပြောင်းရွှ့နေထိုင်ကြရကြောင်း စုံစမ်း သိရှိရသည်။ စစ်ကောင်စီသည် စစ်ရှောင်များကို နေရပ်ပြန်ရန်အတွက် ဖိအားပေးမှုကြောင့် ယခု ဇန်နဝါရီ ပထမပတ်မှ စပြီး ကျောက်မဲမြို့အတွင်း စစ်ဘေးရှောင်များသည် နေအိမ် လိုက်လံငှားရမ်းပြီး နေထိုင်ကြရသည်။ “ အကုန်ပြောင်းရွှေ့သွားပြီ။ စာရင်းကိုင်တွေပဲ...

စစ်ကောင်စီ မှ ကျောက်မဲ စစ်ရှောင်များကို နေရပ်ပြန်ရန် ထပ်မံဖိအားပေး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် သျှမ်းစာပေ နှင့် ယဥ်ကျေးမှုရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ရန်အတွက် ကျောက်မဲ သျှမ်း စာ/ယဥ်ကို ခြိမ်းခြောက်ပြောဆိုမှုများ ရှိသည့်အပြင် စစ်ရှောင်များကိုလည်း အတင်းဖိအားပေး ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၅) ရက် နံနက်ပိုင်းအချိန်တွင် အရပ်ဝတ်ဖြင့် မြို့နယ် ရဲမှူး၊ ဦးစီးမှူး...

Latest news