ကျောက်မဲ စစ်ဘေးရှောင်များ မြို့ထဲပြောင်း‌ရွှေ့နေထိုင်ရ

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်းတွင်ရှိနေသည့် စစ်ဘေးရှောင်များသည် မြို့ထဲပြောင်းရွှ့နေထိုင်ကြရကြောင်း စုံစမ်း သိရှိရသည်။

ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာ

စစ်ကောင်စီသည် စစ်ရှောင်များကို နေရပ်ပြန်ရန်အတွက် ဖိအားပေးမှုကြောင့် ယခု ဇန်နဝါရီ ပထမပတ်မှ စပြီး ကျောက်မဲမြို့အတွင်း စစ်ဘေးရှောင်များသည် နေအိမ် လိုက်လံငှားရမ်းပြီး နေထိုင်ကြရသည်။

“ အကုန်ပြောင်းရွှေ့သွားပြီ။ စာရင်းကိုင်တွေပဲ ကျန်တော့တယ်။ စစ်ရှောင်တွေကတော့ တစ်ယောက်မှ မကျန်တော့ဘူး။ ကျနော်တို့ကို ကူညီပေးနေတဲ့ လူတစ်ချို့ပဲ ကျန်တော့တယ်။ ဒီလက စပြီးတော့ ပြောင်းရွှေ့သွားကြရတာ” ဟု ကျောက်မဲမြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှုက တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် နေရပ်သို့ မပြန်နိုင်သေးဘဲ တချို့ပြည်သူများသည် မြို့ထဲ နှင့် ဆွေမျိုးအိမ်များတွင် ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။

“ သူတို့တော့ နေအိမ်ငှားရမ်းဖို့ ခက်ခဲတာပေါ့။ တစ်ချို့ကလည်း မြို့ထဲမှာ အိမ်တွေ သွားငှားပြီး နေကြတယ်။ တစ်ချို့လည်း ရွာမှာ သွားပြီး ဆွေမျိုးတွေနဲ့ သွားနေကြတယ်။ သူတို့ နေရပ်ကို မပြန်နိုင်သေးဘူး။ သူတို့ ရွာကို ပြန်ကြည့်သေးတယ်တဲ့။ လက်နက်ကိုင်တွေက မပေးပြန်ဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထိုအပြင် လက်ရှိ အလုပ်အကိုင် ရှားပါးသည့်အတွက်ကြောင့် စစ်ဘေးရှောင်များအတွက်လည်း ဝင်ငွေ ရရှိရန် ခက်ခဲနေကြောင်း သိရသည်။ ထိုထဲတွင် အသက်ကြီး ရွယ်အိုများက သား၊ သမီးများ နှင့် အတူ မရှိသောကြောင့် ပြောင်းရွှေ့ပြီး နေထိုင်ရာတွင် ပိုပြီးခက်ခဲနေကြောင်း ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောသည်။

“ အခုကလည်း ကုန်ဈေးနှုန်းတက်တယ်။ အလုပ်ကလည်း အသေချာ မရှိဘူးလေ။ ဝင်ငွေတွေကလည်း ပုံမှန် မရှိကြဘူး။ အသက်ကြီးတဲ့ သူတွေဆိုရင် သူတို့က ပိုပြီး အဆင်မပြေတာတွေများတယ်။ သူတို့ သားသမီးတွေက အဝေးမှာနေပြီး ပိုက်ဆံပဲ ပို့ပေးတာလေ။ အဲ့ကြောင့် တစ်ယောက်ထဲနေရင် ပိုပြီး ခက်ခဲကြတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာ ဒေသခံများဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ၁ နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...