ထိုင်းမြေပေါ် မြန်မာမိခင်များ ၁၃၁,၀၀၀ ကျော် မွေးဖွားခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

ထိုင်းနိုင်ငံအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့အထိ ကာလအတွင်း မြန်မာနိုင်ငံသူ မိခင်များမှ မွေးဖွားခဲ့သည့် ကလေး အရေအတွက် စုစုပေါင်း ၁၃၁,၈၆၀ ဦးအထိ ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဒေတာစင်တာ၏ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ထုတ်ပြန်ချက်ပါ နှစ်အလိုက် ကိန်းဂဏန်းများအရ ၂၀၂၁ ခုနှစ်တွင် မြန်မာမိခင်များမှ မွေးဖွားသည့် ကလေး ၁၈,၉၀၅ ဦးနှင့် ၂၀၂၂ ခုနှစ်တွင် ၁၈,၇၂၈ ဦး ရှိခဲ့ပြီး၊ နောက်ပိုင်းနှစ်များတွင် ကလေးမွေးဖွားမှု နှုန်းထားများ သိသာစွာ မြင့်တက်လာခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ၂၄,၁၅၄ ဦးနှင့် ၂၀၂၄ ခုနှစ်တွင် ၂၅,၀၈၇ ဦးအထိ ရှိလာခဲ့သည်။

၂၀၂၅ ခုနှစ်တွင် ၂၈,၈၆၉ ဦးအထိ ဆက်လက်မြင့်တက်ခဲ့ပြီး၊ ငါးနှစ်တာ ကာလအတွင်း တစ်နှစ်တာ စုစုပေါင်း မွေးဖွားမှု အရေအတွက်များအနက် အမြင့်ဆုံး စံချိန် ဖြစ်ခဲ့သည်။

ယခု ၂၀၂၆ ခုနှစ်အတွက် ဩဂုတ်လ ၂၁ ရက်အထိ စာရင်းများအရ မွေးကင်းစကလေး ၁၆,၁၁၇ ဦး မွေးဖွားခဲ့ပြီးဖြစ်ကြောင်း မှတ်တမ်းဝင်ထားသည်။ သို့သော်လည်း ယခုနှစ်အတွက် နှစ်တဝက်စာ ကိန်းဂဏန်းသာ ဖြစ်သောကြောင့် ပြီးခဲ့သည့် နှစ်များ၏ တစ်နှစ်တာ စုစုပေါင်း ကိန်းဂဏန်းများနှင့် တိုက်ရိုက် နှိုင်းယှဉ်တွက်ချက်၍ မရနိုင်သေးကြောင်း ဖော်ပြထားသည်။

အခြားတစ်ဖက်တွင် ထိုင်းနိုင်ငံ၌ ကလေးမွေးဖွားနှုန်းမှာ ၇၅ နှစ်အတွင်း အနိမ့်ဆုံးအဖြစ် စံချိန်တင် ကျဆင်းလျက်ရှိသည်။ Bangkok Post သတင်းဌာန၏ ဖော်ပြချက်အရ လွန်ခဲ့သည့်နှစ်တွင် ထိုင်းနိုင်ငံ၌ ကလေးမွေးဖွားသူ ၄၁၆,၅၀ဝ နီးပါးသာ ရှိခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ ၅၅၉,၀၀၀ ကျော်အထိ မြင့်တက်လာခဲ့သဖြင့် နိုင်ငံ၏ လူဦးရေမှာ စတင်လျော့နည်း ကျဆင်းလာနေသည်။

ယခင်က စာသင်ခန်းများအတွင်း ကျောင်းသားဦးရေ ပြည့်ကျပ်မှုကို စိုးရိမ်ခဲ့ရသော်လည်း လက်ရှိတွင်မူ ကျောင်းတက်မည့် လူငယ်မျိုးဆက် အလုံအလောက် မရှိတော့သည့် ပြဿနာနှင့် ရင်ဆိုင်နေရပြီး အစိုးရ မူဝါဒချမှတ်သူများအတွက်လည်း အလွယ်တကူ ဖြေရှင်းနိုင်ခြင်း မရှိသည့် အရေးပေါ် လူဦးရေ အကျပ်အတည်းတစ်ခု ဖြစ်လာနေသည်။

ထိုင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါ ကိန်းဂဏန်းများသည် ကလေးမွေးဖွားသည့် မိခင်ဖြစ်သူ၏ နိုင်ငံသားဖြစ်မှုအပေါ် အခြေခံ၍ စာရင်းကောက်ယူထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း မွေးဖွားလာသည့် ကလေးငယ်များ၏ နိုင်ငံသားဖြစ်မှု သို့မဟုတ် တရားဝင် နိုင်ငံသား အဆင့်အတန်းကို ရည်ညွှန်းဖော်ပြခြင်း မဟုတ်ကြောင်း ပူးတွဲ အသိပေးထားသည်။

ကိုးကား – The Thaiger / Bangkok Post

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News