TNLA ထိန်းချုပ် ကျောက်မဲမြို့တွင် အရပ်သားတစ်ဉီး ၁၀ ရက်ကျော်ကြာ ပျောက်ဆုံးပြီးနောက် ဒဏ်ရာဖြင့် သေဆုံးအလောင်းပြန်တွေ့

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်း အမျိုးသားတစ်ဉီး ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံးနေသည့် အလောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၂၅) ရက်တွင် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စု ထွန်ဟိတ်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဉီးသည် လက်ဖက်ကြိတ်စက်ဝယ်ရန် ကျောက်မဲမြို့ပေါ်သို့ သွားစဉ် လမ်းတွင်ပျောက်ဆုံးခဲ့သည်။

ထိုသို့ ပျောက်ဆုံးပြီးနောက် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ရာ ဖေဖော်ဝါရီ (၅) ရက်တွင် ၎င်း၏ ရုပ်အလောင်းကို ဝမ်ပန်ကျေးရွာ အနီးရှိ တောစပ်တစ်ခုတွင် ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း နီးစပ်သူ မိသားစုဝင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပျောက်သွားတာ ၁၀ ရက်ကျော်မှာ ရိုက်နှက်ဒဏ်ရာနဲ့ ပြန်တွေ့တာ။ ဒဏ်ရာတွေက တော်တော်များတယ်။ ဘယ်သူ့လက်ချက်လည်း ဆိုတာတော့ သေချာမသိဘူး”ဟု ၎င်းနီးစပ်သူ မိသားစုဝင်တစ်ဉီးက ပြောဆိုသည်။

ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံးသွားသူသည် အသက် (၇၇) အရွယ်ရှိ လုံးဆိုင်ခွန်(ခ) လုံးခွန် ဖြစ်ပြီး ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စု ထွန်ဟိတ်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

လုံးဆိုင်ခွန် သည် လက်ဖက်ကြိတ်စက် ဝယ်ယူရန် ၎င်းနေထိုင်ရာ ထွန်ဟိတ်ကျေးရွာမှ ကျောက်မဲမြို့ပေါ်သို့ သွားရန်အတွက် ထွန်ဟိတ်ကျေးရွာ တံတားနားတွင် ကားစောင့်နေစဉ် TNLA တပ်သားများက ကားအမဲရောင်ဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ ပြောပြချက်အရ သိရသည်။

ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးနေသည့် လုံးဆိုင်ခွန် ၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိပြီးနောက် ဒေသတွင်းရှိ TNLA တာဝန်ရှိသူများက လုံးဆိုင်ခွန်၏ မိသားစုနှင့် ရွာသားများကို ခေါ်ယူတွေ့ဆုံခဲ့ကာ သတင်းမပေါက်ကြားစေရန်အတွက် တားမြစ်ခဲ့ကြောင်း ၎င်းနီးစပ်သူ အမျိုးသားတစ်ဉီးက ဆိုသည်။

ဆက်လက်၍ TNLA တာဝန်ရှိသူများက ၎င်းအမှုကိစ္စနှင့် ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်ပေးမည်ဟုလည်း ပြောဆိုသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ TNLA ၏ ပြန်ကြားရေး တာဝန်ခံ လွေးယေဦးကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လတ်တလောတွင် ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ယခုကဲ့သို့ တရားခံ မသိရှိရဘဲ လုံးဆိုင်ခွန် သေဆုံးမှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဖြစ်စဉ်အမှန် ဖော်ထုတ်ပေးစေလိုကြောင်း မိသားစုဝင်များက တောင်းဆိုသည်။

“ဖြစ်နိုင်ရင်တော့ ဒီအမှုကို အချိန်အကြာကြီး မဆွဲပဲနဲ့ မြန်မြန် ဖော်ထုတ်ပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သေသွားတာက သျှမ်းလူမျိုး၊ သတ်တဲ့သူတွေအဖြစ် သံသယ ဖြစ်နေတာက TNLA စစ်သားတွေဆိုတော့ ဒီအမှု အမြန်မဖြေရှင်းနိုင်ဘူးဆိုရင် လူမျိုးရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်” ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စုသည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် TNLA တို့ စစ်ရေး ပြင်းထန်ခဲ့သည့် ဒေသတစ်ခုလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...