စစ်ကောင်စီ မှ ကျောက်မဲ စစ်ရှောင်များကို နေရပ်ပြန်ရန် ထပ်မံဖိအားပေး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် သျှမ်းစာပေ နှင့် ယဥ်ကျေးမှုရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ရန်အတွက် ကျောက်မဲ သျှမ်း စာ/ယဥ်ကို ခြိမ်းခြောက်ပြောဆိုမှုများ ရှိသည့်အပြင် စစ်ရှောင်များကိုလည်း အတင်းဖိအားပေး ကြောင်း သတင်းသိရသည်။

ကျောက်မဲ သျှမ်း စာ/ယဥ် ရှိ စစ်ရှောင်များ

ယမန်နေ့ (ဒီဇင်ဘာလ ၁၅) ရက် နံနက်ပိုင်းအချိန်တွင် အရပ်ဝတ်ဖြင့် မြို့နယ် ရဲမှူး၊ ဦးစီးမှူး နှင့် တခြား တာဝန်ရှိ သူ ၃ ဦးတို့မှ ကျောက်မဲ သျှမ်း စာ/ယဥ် ဝန်းသို့ ရောက်လာပြီး စစ်ရှောင်များ မဖြစ်မနေ နေရပ်ပြန်ကြရန် ဖိအားပေးခဲ့ကြောင်း သတင်း သိရသည်။

“မြို့နယ် ဦးစီးမှူး ဆိုတဲ့သူက စစ်ရှောင်တွေ နှစ်ကုန်တာ နဲ့ ကိုယ့်နေရပ်ကို ပြန်ကြရမယ်၊ မရ ရတဲ့နည်းနဲ့ ပြန်ကြ၊ ဒီနေရာမှာ စစ်ရှောင်ရှိနေတယ်ဆိုတာကို မကြားချင်တော့ဘူး၊ တကယ်လို့ သျှမ်း စာ/ယဥ်က ဆက်လက် လက်ခံ ထားမယ် ဆိုရင်လည်း အပြစ် ဖြစ်လိမ့်မယ်လို့ လာပြောသွားတယ်” ဟု ဖြစ်စဥ်ကို သိရှိရသည့် ကျောက်မဲဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ မြို့နယ် ဦးစီးမှူး နှင့် အဖွဲ့သားများ စစ်ရှောင်စခန်းသို့ ရောက်လာပြီး ဖိအားပေး စေခိုင်းမှု ပြုလုပ်နေစဥ် စစ်ရှောင်များကို ရိက္ခာတချို့ လာရောက်ထာက်ပံ့ပေးနေသည့် အလှူရှင်များ ရှိနေချိန်လည်း ဖြစ်ရာ အလှူရှင်များ ကိုလည်း မြို့နယ် ဦးစီးမှူးအဖွဲ့များက ခြိမ်းခြောက်ပြောဆိုသွားကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“စစ်ရှောင်ကို လက်ခံပေးထားတဲ့ သျှမ်း စာ/ယဥ်ကိုလည်း ခြိမ်းခြောက်သွားတယ်၊ စစ်ရှောင်ကို ရိက္ခာလာထောက် ပံ့ကူညီပေးတဲ့ အလှူရှင်တွေကိုလည်း ခြိမ်းခြောက်သွားတယ်၊ အလှူရှင်တွေက သူတို့ တားမြစ်ထားတာကို လွန်ဆန်ပြီး စစ်ရှောင်ကို ကူညီနေတာ ဆိုပြီး ပြောသွားတယ်၊ အဲ့ကြောင့် အလှူရှင်တွေက ချက်ချင်း ပြန်သွားကြရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယင်းကဲ့သို့ ဖိအားပေး စေခိုင်းမှုကြောင့် သျှမ်း စာ/ယဥ် ရှိ စစ်ရှောင်များက နေရပ်ပြန်ရန် အဆင်မပြေသေးသည့် အတွက် စိုးရိမ်ပူဆွေးမှုများဖြင့် ငိုကြွေးနေရကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ရှောင်များ နေရပ်ပြန်ရန်အတွက် နေရပ်ဇာတိမှ နေအိမ်များလည်း ပျက်စီးနေသည့်အပြင်၊ လုံခြုံရေးလည်း စိုးရိမ်ရသည့်အတွက် မြို့ပေါ် နေအိမ်ငှားရမ်းနေထိုင်ရန်လည်း အဆင်မပြေကြောင်း စစ်ရှောင်ကူညီသူများကပြောသည်။

“စစ်ရှောင်တွေက အခုလက်ရှိ နေ့စဥ် နေထိုင်စားသောက်ရေးတောင် အနိုင်နိုင်ဖြစ်နေတာ၊ အပြင်မှာ အိမ်ငှား နေထိုင်နိုင်ဖို့က ပိုပြီးတော့ ခက်ခဲတယ်၊ နေရပ် ပြန်ရမယ်ဆိုလည်း ကျန်ခဲ့တဲ့ အိမ်ယာတွေက ဘယ်လိုတောင် ပျက်စီး နေကြမလဲ၊ ဒါကြောင့် တချို့က ငိုကြွေး ပူဆွေးနေကြရတယ်” ဟု စစ်ရှောင်ကို ကူညီသူတစ်ဦးက ပြောသည်။

ကျောက်မဲ သျှမ်း စာ/ယဥ် သို့ ရောက်ရှိနေသော စစ်ရှောင်များသည် ဟူးဆွန်ကျေးရွာ၊ တွန်ဟိတ်ကျေးရွာ၊ ချုံးဟောင်း နှင့် နဲမ်းဆိုင်းရွာ တို့မှ ဒေသခံများဖြစ်ကြပြီး အိမ်ထောင်စု ၄၈ နှင့် လူဦးရေ ၂၀၀ နီးပါးရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားသည့် မြောက်ပိုင်းမဟာမိတ် နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့တို့ တိုက်ပွဲကြောင့် ဒေသခံ ၂၈ ရွာမှ လူဦးရေ (၅,၀၀၀) ကျော်တို့သည် နေရပ်စွန့်ခွာပြီး စစ်ရှောင်ထွက်ပြေးလာခဲ့ရသည်။

ကျောက်မဲဘက်မှ တချို့သော စစ်ရှောင်များသည် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဟိုပုံးမြို့နယ်သို့ ပြောင်းရွှေ့အခြေချသူများလည်း ရှိနေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...