Wednesday, January 28, 2026

မိုင်းပျဉ်းမြို့ စစ်ကောင်စီဂိတ် ထိုင်းထုတ်ကုန်တင် လိုင်းကားများဖမ်း၊ ငွေညှစ်

သျှမ်းပြည် ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့ ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ထိုင်းထုတ်ကုန်တင်လာသည့် လိုင်းကားများကို ဖမ်းပြီး ငွေညှစ်တောင်းနေကြောင်း စုံစမ်း သိရသည်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ တန်းစီစောင့်ဆိုင်းနေရသည့် ကားများ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မိုင်းပျဉ်းမြို့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ယခင်ထက် စစ်ဆေးရေး တင်းကြပ်လာပြီး ထိုင်းထုတ်ကုန်တင်လာသည့် လိုင်းကားများကို အခွန်မဆောင် (ဂျူတီမဲ့) ပစ္စည်းများတင်လာသည်ဟု ပြောဆိုပြီး ငွေညစ်တောင်းခံမှု ပြုလုပ်နေကြောင်း ကားသမားများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဂျူတီမဲ့ (အခွန်မဆောင်) ပစ္စည်းတင်လာလို့ ဖမ်းတယ်လို့ ပြောတာပဲ။ သူတို့ဖမ်းပြီဆိုရင် ကုန်ပစ္စည်းဈေးနှုန်းကို ပေါက်ဈေးအတိုင်း ပြန်ရွေးခိုင်းတာ။ ပြီးတော့ ဈေးနှုန်းအတိုင်း နိုင်ငံတော်ကို အခွန် ၃ ရာခိုင်နှုန်း ဆောင်ခိုင်းတယ်။ ပြီးတော့ ကားကိုလည်း ကုန်ပစ္စည်းဈေးနှုန်းပေါက်သလို ရွေးခိုင်းတယ် “ ဟု အဆိုပါ ဒေသတွင် ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ လိုင်းကားတစ်စီး ကုန်ပစ္စည်း တန်ဖိုး ကျပ်သိန်း ၁၀၀ တင်ဆောင်လာပါက အခွန်မဆောင်သည့်ပစ္စည်း တင်လာသည်ဟုဆိုပြီး ကုန်ပစ္စည်းကို ပေါက်ဈေးအတိုင်း ကျပ်သိန်း ၁၀၀ ပြန်ရွေးယူရကြောင်း၊ ကားကိုလည်း ကုန်ပစ္စည်း ပေါက်ဈေးအတိုင်း ကျပ်သိန်း ၁၀၀ ပြန်ရွေးရသဖြင့် စုစုပေါင်း ကျပ်သိန်း ၂၀၀ ကုန်ကျကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကားသမားက ပြောသည်။

စစ်ကောင်စီမှ သတ်မှတ်ထားသော အခွန်မဆောင်သည့် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်၊ ကုန်ကြမ်း၊ အသား၊ သစ်သီး၊ အလှကုန် စသည်ဖြင့် အမျိုးပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရသည်။

“ အဲ့ကုန်တွေကို နယ်စပ်တံတားပေါ်ကပဲ အခွန်ဆောင်ပြီး ကူးလာကြတာ။ ဖမ်းရင် လိုင်စင်မဲ့ကားတွေကိုဖမ်းရမှာလေ။ အခုက လိုင်းကားတွေကိုဖမ်းနေတာ ကုန်တွေကိုဖမ်းနေတာ မဟုတ်သေးဘူး။ ကားသမားတွေ မွဲအောင်လုပ်နေတာ။ တရားဝင်နိုင်ငံတော်ကို အခွန်ဆာင်ပြီး ပြေးဆွဲနေတဲ့လိုင်းကားတွေကိုပဲ လာလာဖမ်းနေတော့ အဖမ်းခံရတဲ့ ကားဆရာနဲ့ အုံနာတွေက နစ်နာတာ” ဟု ၎င်း လိုင်းကားပြေးဆွဲသူ အမျိုးသားက ထပ်လောင်းပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်းရှိ ကားလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်သည် ယခင်ထက် ပိုမိုတိုးချဲလာနေပြီး ခရီးသွားပြည်သူ၊ ကုန်တင်ကား၊ လိုင်းကားများကို အကြောင်းပြချက် အမျိုးမျိုးဖြင့် ပိုက်ဆံတောင်းခံနေလျက် ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...