တောင်ကြီး အိုးရှင်းပတ်ဝန်းကျင်အနီး ဈေးသည်များကို အမိုးအကာများဖြင့် ဈေးရောင်းချခွင့်မပြု

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အိုးရှင်း‌ကုန်တိုက် အနီးပတ်ဝန်းကျင် ငလျင်အပြီး စည်ပင်မှ ဈေးသည်များကိုပြန်လည်ရောင်းချခွင့် ပြုခဲ့သော်လည်း အမိုးအကာများဖြင့် ဈေးရောင်းခွင့်မပြုခဲ့ကြောင်း သတင်းရရှိသည်။

အိုးရှင်း ကုန်တိုက် အနီးပတ်ဝန်းကျင်ဖြစ်သည့် အရှေ့နှင့် လမ်းကြားများရှိ ဈေးဆိုင်များကို ငလျင်အပြီး ဧပြီလ ၃ရက်မှစ၍ ဈေးပြန်ဖွင့်ခဲ့သည်။

သို့သော် ထိုဈေးဆိုင်များကို ထီးဖွင့်ရောင်းချခွင့်မရသောကြောင့် ဟင်းသီးဟင်းရွက် ကုန်စိမ်းရောင်းသည့် ဈေးသည်များနှင့် အသားငါးရောင်းသည့် ဈေးသည်များ အဆင်မပြေမှုများနှင့် ကြုံနေရသည်ဟု ဈေးသည်များထံမှ သိရသည်။

“ဒီလောက်နေပူတာကို ထီးလုံးဝပေးမဖွင့်ဘူးတဲ့။ ဒီမှာ အသီးအရွက် တွေ နေပူတော့ အကုန်ပျက်စီးကုန်တာ။အသားငါးဆိုလည်း နံလို့ အဆင်မပြေဘူး။ရေခဲသေတ္တာထဲ ထည့်လဲ နေကပူတော့ ရေခဲတွေ အရည်ပျော်ကုန်တာ။ တစ်နေ့လုပ် တစ်နေ့စား ရတော့ အဆင်မပြေဘူး။နေပူတော့ ထီးလေးတော့ ပေးဖွင့်သင့်တယ်။” ဟု ဈေးသည် အမျိုးသားတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ထီးပေးမဖွင့်သည်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ တောင်ကြီးသို့မကြာခဏ လာရောက်လေ့ ရှိသောကြောင့် လမ်းကြောင်းရှင်း၍ မျက်စိမရှုပ်စေလိုသဖြင့် စည်ပင်မှ ထီးဖွင့်ရောင်းချခွင့် မပေးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ထို့အပြင် ကုန်စိမ်းရောင်းသည့် ဈေးသည်များသည် ထိုနေရာ၌ ဈေးရောင်းလာသည်မှာ ဆယ်စုနှစ် တစ်ခုရှိပြီဖြစ်ပြီး ယခုကဲ့သို့ နေပူထဲ ဈေးရောင်းရသောကြောင့် ကုန်စိမ်းများပျက်စီးကာ အမြတ်မကျန်တော့ကြောင်း အမျိုးသမီးတစ်ဦးက ပြောသည်။

“ကုန်စိမ်းဆိုတဲ့အတိုင်းပဲ အရိပ်ရမှ နေပူမမိမှ အရွက်တွေက လှတာ။သူများဝယ်ချင်တာ။ခုတော့ နေပူကြဲထဲမှာဆိုတော့ အကုန်ညိုးနွမ်းပြီး ခြောက်ကုန်တာ။သူများလည်း မလိုချင်တော့ဘူးလေ။ဝယ်တဲ့ သူလည်း မရှိဘူး။ သူများလည်းမဝယ် ဆိုတော့ ခြောက်တဲ့ဟာဆို ပစ်လိုက်ရတယ်။တစ်နေ့လုံးမှ ၂သောင်းလောက်ရရင်တောင် ကံကောင်းလို့ပဲ။” ဟု အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုဈေးသည် အိုးရှင်းဘေး၌ တစ်နေ့လုံးရောင်းချနေသည့် ဈေးဖြစ်ပြီး ကုန်စိမ်းရောင်းဝယ်သူများသည် ငွေကျပ်(၁သိန်း)ကျော်ရင်း၍ ရောင်းချရပြီး နေပူသောကြောင့် အရင်းမကျန်သည်အထိ ဖြစ်နေကြသည်ဟု သိရသည်။

ယခုလက်ရှိတောင်ကြီးတွင် ဧပြီလ (၂၃)ရက်နေ့မှ စ၍ အိုးရှင်းကုန်တိုက် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဈေးဆိုင်အချို့သာပြန်ဖွင့်သေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...