ရပ်စောက်တွင် အုပ်ချုပ်ရေးမှူး လုပ်မည့်သူမရှိ မဲနှိုက်ရွေးချယ်နေရ

သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးလုပ်မည့်သူများ မရှိသောကြောင့် မဲနှိုက်ပြီး ရွေးချယ်နေရကြောင်း သတင်းရရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ရပ်စောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုဘက်မှ စစ်တပ်သတင်းပေး ခေါင်းစဉ်ဖြင့် သတ်ဖြတ်ခြင်း၊ စစ်တပ်ဘက်မှလည်း တော်လှန်ရေးအင်အားစုနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ကြသည်။

ထိုသို့ အပြန်အလှန် လူသတ်မှုများကြားမှ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် နည်းအမျိုးမျိုးဖြင့် ရှောင်ထွက်ကြပြီး အုပ်ချုပ်ရေးမှုးရာထူးမှတ် နုတ်ထွက်လာကြသောကြောင့် ကျေးရွာအတွင်း မဲနှိုက်စနစ်ဖြင့် ရွေးချယ်လာရကြောင်း ရပ်စောက်ဒေသခံ အသက် ၄၀ကျော် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အရင်ကလုပ်ခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက နုတ်ထွက်သွားကြတယ်၊ တချို့ကျတော့လည်း ဘုန်းကြီးဝတ်သွားကြတယ်၊ တစ်ခုခုဆို အုပ်ချုပ်ရေးမှူးကိုပဲ အရင်မေးတာ စစ်တပ်ဆိုလည်း ခေါ်ရိုက် ဖမ်းတာတို့ လုပ်တယ်၊ အုပ်ချုပ်ရေးမှူးအချို့လည်း အသတ်ခံရတာတို့ ရှိတော့ မလုပ်ရဲတော့ဘူး၊ ရွာမှာ အုပ်ချုပ်ရေးမှူးကလည်း မရှိလို့မရဆိုတော့ မဲနှိုက်ပြီးပဲ ရွေးလိုက်တော့တယ်။”ဟု ၎င်းအမျိုးသားက ဆိုသည်။

ထို့အပြင် ရပ်စောက်မြို့နယ် ကျေးရွာအများစုတွင် စစ်ကော်မရှင်တပ်ကို စစ်မှုထမ်းကြေးဟု ဆိုကာ အခွန်ငွေကျပ် (၃)သိန်းပေးဆောင်နေရသောကြောင့် ဒေသခံများက ကြွေးမြီးများ တိုးလာနေကြောင်း ၎င်း အမျိုးသားက ဆက်ပြောသည်။

မဲနှိုက်ရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးများသည် ကျေးရွာအလိုက် သတ်မှတ်သော လုပ်သက်နှစ် မတူညီကြောင်းနှင့် အချို့သော ကျေးရွာများတွင် (၂)နှစ်တိတိ တာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်း သိရသည်။

“အခုက တော်တော်လေးကို အကျပ်ရိုက်တယ်။ အုပ်ချုပ်ရေးမှူးလုပ်ရရင်ပိုဆိုးပေါ့။ အသတ်ခံရတာ။ ရိုက်ခံရတာရှိတော့ ဘယ်သူမှ မလုပ်ချင်ကြဘူး။ နောက်ဆိုရင် အုပ်ချုပ်ရေးမှူးအတွက် လူတောင် ဝယ်ရမှာလားပဲ” ဟု ရပ်စောက် ဒေသခံ လူငယ်တစ်ဉီးကပြောသည်။

လက်ရှိ ရပ်စောက်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) တပ်ဖွဲ့တို့ သွားလာလှုပ်ရှားနေကြကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

ပြည်ပထွက် အလုပ်လုပ်သည့် ပင်လောင်းဒေသခံများ ကျေးရွာအုပ်ချုပ်ရေးမှူးထံ အခွန်ဆောင်ရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် မြောက်ထီဗွာအုပ်စု လုံင်းလောင်းပေ ကျေးရွာနေထိုင်သူများသည် အခြားဒေသသို့ သွားရောက်အလုပ်လုပ်လျှင် အုပ်ချုပ်ရေးမှူးထံ အခွန်ပေးဆောင်ရကြောင်း သတင်းရရှိသည်။ လက်ရှိ ပင်လောင်းမြို့နယ် အပါအဝင် မြန်မာနိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခနှင့် စီးပွားရေးလည်း ကျဆင်းမှုကြောင့် လူငယ်အများအပြား ထိုင်းနိုင်ငံ သို့ ထွက်ခွာအလုပ်လုပ်ကြသည့်အပြင် အခြားဒေသသို့ ဝမ်းရေးအတွက် ရွှေ့ပြောင်းလုပ်ကိုင်နေကြရသည်။ အလားတူ ပင်လောင်းမြို့နယ်...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...
Lawksawk_Gambling

ရပ်စောက်မြို့နယ် ကျိုင်းခမ်း ရှင်လောင်းပွဲတွင် စစ်တပ်ဗိုလ်မှူး လောင်းကစားဝိုင်းဖွင့် ကိုယ်ကျိုးရှာ

0
သျှမ်းပြည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုတွင် ဒေသခံများ ကျင်းပပြုလုပ်သည့် ရှင်လောင်းပွဲ၌ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး ဦးဆောင်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် ကျိုင်းခမ်းအခြေစိုက် စစ်ကော်မရှင်တပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၁၀ မှ ဗိုလ်မှူးဗညား ဆိုသူသည် လောင်းကစားဝိုင်းများကို ငွေကြေးကောက်ခံပြီး...