ပြည်ပထွက် အလုပ်လုပ်သည့် ပင်လောင်းဒေသခံများ ကျေးရွာအုပ်ချုပ်ရေးမှူးထံ အခွန်ဆောင်ရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် မြောက်ထီဗွာအုပ်စု လုံင်းလောင်းပေ ကျေးရွာနေထိုင်သူများသည် အခြားဒေသသို့ သွားရောက်အလုပ်လုပ်လျှင် အုပ်ချုပ်ရေးမှူးထံ အခွန်ပေးဆောင်ရကြောင်း သတင်းရရှိသည်။

လက်ရှိ ပင်လောင်းမြို့နယ် အပါအဝင် မြန်မာနိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခနှင့် စီးပွားရေးလည်း ကျဆင်းမှုကြောင့် လူငယ်အများအပြား ထိုင်းနိုင်ငံ သို့ ထွက်ခွာအလုပ်လုပ်ကြသည့်အပြင် အခြားဒေသသို့ ဝမ်းရေးအတွက် ရွှေ့ပြောင်းလုပ်ကိုင်နေကြရသည်။

အလားတူ ပင်လောင်းမြို့နယ် မြောက်ထီဗွာအုပ်စု လုံင်းလောင်းပေ ကျေးရွာသည်လည်း ယခင်ကဲ့သို့ စိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်ရသည်မှာ အဆင်မပြေမှုနှင့် စစ်ကော်မရှင်တပ်၊ပအိုဝ်းပြည်သူ့စစ် (PNO)တို့ စစ်သားစုဆောင်းမှုများကြောင့် လူငယ်အများစု အခြားသို့ပြောင်းရွှေ့လုပ်ကိုင်နေကြရသည်။

ထိုသို့ အခြားသို့ပြောင်းရွှေ့လုပ်ကိုင်သူများကို (၆)လလျှင်တစ်ကြီမ် ကျေးရွာအတွက် ငွေကျပ်တသိန်းခွဲ အခွန်ဆောင်ရပြီး၊ မိသားစုလိုက် ပြောင်းရွှေ့လုပ်ကိုင်လျှင် တစ်ဉီးလျှင် ငွေကျပ် နှစ်သိန်းစီ ပေးဆောင်ရမည်ဟုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ၂၀၂၅ခုနစ် ဇူလိုင် ၂၃ရက်တွင် ထုတ်ပြန်ချက်ခဲ့သည်။

“အခုတော့ တစ်ကြိမ်ထည့်လိုက်ရပြီ၊ တချို့ မိသားစုလိုက် ပြည်ပထွက် အလုပ်လုပ်ကြတာ သူတို့ဆို တစ်ယောက် ကျပ်နှစ်သိန်းပေးရတယ်၊ ငါးယောက်ရှိရင် ဆယ်သိန်းပေါ့၊ ပြည်ပထွက်လာရတာလည်း အလုပ်က အဆင်မပြေဘူး ဒီဖက်မှာလည်း ငတ်လိုက်ပြတ်လိုက်နဲ့ အဆင်ပြေအောင် မနည်းရုန်းကန်နေရတာ၊ ရွာကလည်း ဒီလို အခွန်တွေ ကောက်တော့ စားဖို့ထက် သူတို့အခွန် အရင်ပေးနေရတယ်။”ဟု ဒေသခံ အသက်(၃၀)ကျော် အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ပြည်တွင်း၊ ပြည်ပရှိ မည်သည့်နေရာသို့ ငွေရှာထွက်နေပြီး မည်သည့် အလုပ်လုပ်ကိုင်နေကြောင်းကို သက်ဆိုင်ရာ ပုဂ္ဂိုလ်ထံသို့ အကြောင်းကြားပေးရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ကျေးရွာမှ ငွေရှာထွက်သူများကို အခွန်ဆောင်ခိုင်သည့် ‌ငွေများကို မည်သည့်နေရာတွင် အသုံးပြုနေသည်ကို မသိရကြောင်းနှင့် ပြည်ပထွက် အလုပ်လုပ်ကိုင်သူများကို မတရားအနိုင်ကျင့်နေသည်သာ ဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ အလုပ်ထွက်လုပ်နေသူ ဒေသခံ အမျိုးသားက ပြောသည်။

“ပိုက်ဆံမရှိလို့ ပိုက်ဆံထွက်ရှာပါတယ်ဆိုမှ ပိုက်ဆံရှာထွက်လို့ အခွန်ကောက်တယ်ဆိုကတည်းက ကြားလို့မှ မကောင်းဘူး၊ ပိုက်ဆံရှာထွက်လို့ ရှာမရရင်ကော ရွာက ပေးမှာမလို့လား မပေးဘူးလေ စားစရာမရှိလို့ သက်သက် အနိုင်ကျင့်တာ ရွာထဲမှာပဲ အငတ်နေခိုင်းတာလား စဉ်းစားလို့မရနေ။ဘာရည်ရွယ်ချက်နဲ့ ကောက်တာလဲ မသိဘူး။”ဟု အဆိုပါ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူ မျိုးသားက ပြောသည်။

ငွေကောက်ရန်အတွက် ခေါင်းစဉ်တစ်ခုတပ်ခြင်းသာ ဖြစ်နိုင်ကြောင်းနှင့် ပြည်ပတွင် အလုပ်လုပ်နေသူများလည်း အဆင်ပြေသူ အနည်းငယ်သာရှိသောကြောင့် အခွန်ကောက်ခံမှု လျော့ပေးစေလိုကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစ၍ ယခု ၂၀၂၆ ခုနှစ်အထိ ပင်လောင်းမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်( PNO) အတွက် လစဉ် ငွေကျပ် တစ်သိန်းနီးပါး အခွန်ဆောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

ရပ်စောက်တွင် အုပ်ချုပ်ရေးမှူး လုပ်မည့်သူမရှိ မဲနှိုက်ရွေးချယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးလုပ်မည့်သူများ မရှိသောကြောင့် မဲနှိုက်ပြီး ရွေးချယ်နေရကြောင်း သတင်းရရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်စောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုဘက်မှ စစ်တပ်သတင်းပေး ခေါင်းစဉ်ဖြင့် သတ်ဖြတ်ခြင်း၊ စစ်တပ်ဘက်မှလည်း တော်လှန်ရေးအင်အားစုနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ကြသည်။ ထိုသို့ အပြန်အလှန် လူသတ်မှုများကြားမှ ကျေးရွာအုပ်ချုပ်ရေးမှူးများသည်...

ဆီဆိုင်မြို့ မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်၊ အုပ်ချုပ်ရေးမှူးနှင့်နီးစပ်သူများကိုခေါ်စောင့်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ၎င်းနှင့်နီးစပ်သူများကို ခေါ်ယူပြီးစောင့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၈ ရက်တွင် ဆီဆိုင်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာမှ မဲရုံများ၌ ကြိုတင်ဆန္ဒမဲများ...

မဲမထည့်လျှင် နောက်ဆက်တွဲပြဿနာ တာဝန်မယူဟု သျှမ်းတောင် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆို

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် နမ့်စန်မြို့နယ်တို့တွင် ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ စစ်ကော်မရှင် လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးများက မဲမထည့်လျှင် နောက်ဆက်တွဲပြဿနာ တာဝန်မယူဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်)တွင် ဟိုပုံးမြို့နယ် စံဖူးကျေးရွာအုပ်စုတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီမှ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး...