မဲမထည့်လျှင် နောက်ဆက်တွဲပြဿနာ တာဝန်မယူဟု သျှမ်းတောင် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆို

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် နမ့်စန်မြို့နယ်တို့တွင် ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ စစ်ကော်မရှင် လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးများက မဲမထည့်လျှင် နောက်ဆက်တွဲပြဿနာ တာဝန်မယူဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်)တွင် ဟိုပုံးမြို့နယ် စံဖူးကျေးရွာအုပ်စုတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီမှ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့ရာ PNO/ PNA နှင့် နီးစပ်သူ ရွာသူကြီး၊ ဆယ်အိမ်ခေါင်းများက မဲမထည့်သူများ၏ နောက်ဆက်တွဲ ကိစ္စရပ်များကို တာဝန်ယူပေးမည် မဟုတ်သောကြောင့် မဲထည့်ကြရန် ဖိအားပေး ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မဲစာရင်းက အိမ်ထောင်စုဇယားနဲ့ တိုက်စစ်မှာဆိုတော့ မထည့်လို့ မရတော့ဘူး၊ မထည့်တဲ့သူဆိုလည်း သူတို့သိမှာပဲ။ တစ်ခုခု လုပ်ကြံခံရမှာလည်း ကြောက်တယ်၊ ထည့်ပြန်တော့လည်း စစ်တပ်ပဲ ပြန်အုပ်ချုပ်မှာ ဘာမှမထူးဘူး။ မဲထည့်တဲ့နေ့မှာ ဗုံးပေါက်တာတွေ ဖြစ်မှာလည်း စိုးရိမ်တယ်” ဟု ဟိုပုံးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ မဲဆွယ်စည်းရုံးရေး လာရောက်စဉ် PNO ပါတီကို မဲထည့်လျှင် ပြည်သူ့ငြိမ်းချမ်းရေးကို လုပ်ဆောင်ပေးမည်ဟု ပြောဆိုခဲ့ကြောင်းနှင့် မိမိလူမျိုးစုပါတီကိုသာလျှင် မဲပေးကြရန် စည်းရုံးပြောဆိုသွားကြောင်း ဟိုပုံးဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

အလားတူ ဆီဆိုင်မြို့နယ်တွင်လည်း ဒီဇင်ဘာလ တတိယပတ်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီက မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ချိန်တွင် မိမိလူမျိုးပါတီကိုသာလျှင် မဲပေးရန် အလားတူ ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး နမ့်စန်မြို့တွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့က မဲဆွယ်စည်းရုံးရေးများ ဆက်တိုက် လုပ်ဆောင်နေသော်လည်း ပြည်သူများ စိတ်ဝင်စားမှု နည်းပါးကြောင်း သိရသည်။

“နမ့်စန်မှာတော့ ကြံ့ခိုင်ရေးနဲ့ ကျားဖြူပါတီတို့ မဲဆွယ်တာ ပိုများတယ်။ ဒီဇင်ဘာ (၂၂)ရက်က ကျားဖြူပါတီက စည်းရုံးရေး ဟောပြောပွဲလုပ်တာ လမ်းမှာ ရဲတွေက ဆိုင်ကယ်ဦးထုပ်တွေ ဘာတွေ ကောက်စစ်တော့ လူတွေက မလာရဲတော့ဘူး။ အဲဒါနဲ့ လက်ကမ်းစာစောင်ပဲ လိုက်ဝေခဲ့ရတယ်။ ဖိအားပေးတာမျိုးတော့ မရှိဘူး၊ ပြည်သူတွေက စိတ်မဝင်စားကြတာ များတယ်” ဟု နမ့်စန်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နမ့်စန်မြို့နှင့် ခိုလမ်မြို့ အပါအဝင် ရပ်ကွက် (၁၁)ခုနှင့် ကျေးရွာအုပ်စု (၂၀) တို့တွင် ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၈၇၄၉၁ ဦးရှိပြီး မဲရုံပေါင်း (၇၈) ရုံ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်တွင် ညောင်ရွှေမြို့မ မင်္ဂလာဈေးတွင် ရွေးကောက်ပွဲ လက်ကမ်းစာစောင်များကို စစ်ကော်မရှင် လက်အောက်ခံ ရဲနှင့် ဝန်ထမ်းများက ယူနီဖောင်းအပြည့် ဝတ်ဆင်လာ၍ လိုက်လံဖြန့်ဝေခဲ့ပြီး ပြည်သူများ စိတ်ဝင်စားသူ နည်းပါးကြောင်း သိရသည်။

လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ပထမပိုင်းကို သျှမ်းပြည်အတွင်း ပင်းတယ၊ ဟိုပုံး၊ နောင်ချို၊ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ နမ့်စန်၊ မူဆယ်၊ မိုင်းဆတ်၊ လားရှိုး၊ လင်းခေးနှင့် လွိုင်လင် ( ၁၂) မြို့နယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...