Wednesday, January 28, 2026

နမ့်လန်မြို့ ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသမီးတစ်ဦးသည် ယနေ့ (ဇွန် ၁၉ )ရက် နေ့လည် ( ၁၂) နာရီတွင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားသည့် လူနာသည် သီပေါမြို့တွင် ဆေးကုသနေသည့် မအေးရွှေ (၄၁) နှစ် ဖြစ်ပြီး၊ ယနေ့ နေ့လည်ပိုင်းတွင် သေဆုံးသွားကြောင်းသိရသည်။

“ ဒီနေ့ နေ့လည်က ဆုံးသွားတယ်။ သူမှာ အဆုတ်ရောဂါအခံရှိထားတယ်။ နမ့်လန် ကနေ ကိုဗစ် ပိုးရှိလို့ဆိုပြီး သီပေါကိုပို့ထားလိုက်တာ” ဟု နမ့်လန်မြို့ ဖြူစင်နှလုံးသား လူမှုကူညီရေးအသင်း က သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ သေဆုံးသွားသည့် အမျိုးသမီးကို ယနေ့ သီပေါတွင် သဂြိုလ်သွားမည်ဖြစ်ကြောင်းသိရသည်။

နမ့်လန်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦးရှိရာ တစ်ဦးသေဆုံးသွားသောကြောင့် လက်ရှိတွင် ၃ ဦးကျန်ရှိနေသေးကြောင်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် ကိုဗစ် -၁၉ အတည်ပြုလူနာ (၄၅)ဦး အထက်ရှိပြီး၊ အလားတူ သျှမ်းမြောက် လာရှိုးမြို့တွင် မြို့ဝင်မြို့ထွက် ကိုဗစ် -၁၉ စစ်ဆေးရေးဂိတ်ကို ဇွန် (၁၂) ရက်က စတင်ပြန်လည်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်လန်မြို့သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်၊ ကြိုတင်တိမ်းရှောင်နေကြ

0
သျှမ်းပြည် သီ‌ပေါမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး နမ့်လန်မြို့ဘက်သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်သဖြင့် ကြိုတင် တိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၂၈ ရက် မှစတင်ပြီး နမ့်လန်မြို့ နှင့် သီပေါမြို့ကြား နောင်ကော်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-(၁၄၇) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...

ခေတ်မကောင်းတဲ့ကြားက လူပျောက်မှု ပြဿနာ

0
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးလူငယ်တွေ ပျောက်ဆုံးမှု ကြေငြာတာတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တစ်စ တစ်စ ရေးတင်လာတာတွေ့ရသလို သတင်းမီဒီယာတွေမှာ လာကြေငြာတာတွေကို တွေ့မြင်နေရပါတယ်။ အချို့ အမျိုးသမီးငယ်တွေဟာ မိဘတွေမသိအောင် နယ်စပ်ဒေသတွေမှာ သွားရောက်အလုပ်လုပ်ဖို့ ခိုးသွားကြတာရှိသလို အချို့ကျတော့ ချစ်သူရဲ့နောက် ခိုးရာလိုက်သွားတာတွေလည်း ရှိပါတယ်။ အချို့မှာ နေအိမ်ကနေ ထွက်သွားပြီး...

တာချီလိတ် ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေးထိုးလက်မှတ်ကို တစ်စောင် ဘတ်ငွေ (၁,၅၀၀) ထိဈေးပေါက်နေ

0
မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ၂ ချောင်း ထိုးထားသည့် သက်သေခံလက်မှတ် တစ်စောင်ကို ထိုင်းဘတ်ငွေ (၁,၅၀၀) ဘတ် ပေါက်နေကြောင်း သတင်းရရှိသည်။ တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ်...

ကိုဗစ် – ၁၉ သျှမ်းပြည်တွင်း ပန်းပုရုပ်ထုများ ၃ နှစ်ခန့် ရပ်ဆိုင်းခဲ့ရ

0
သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ်တွင်းရှိ ပန်းပုရုပ်ထု လုပ်ငန်းသည်များ ကိုဗစ် -၁၉ ကြောင့် ၃ နှစ်ခန့် ရပ်ဆိုင်းခဲ့ရပြီး ဝင်ငွေထိခိုက်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ကျိုင်းတုံမြို့နယ်တွင်းရှိ ပန်းပုရုပ်ထု လုပ်ကိုင်သူများသည် ယခင်က ပန်းပုရုပ်ထုများကို တရုတ်နိုင်ငံတွင်းထိ သွားရောက်လုပ်ကိုင်ရသည့်အထိ ရှိခဲ့ရာမှ ကိုဗစ် - ၁၉...

ပြောင်းဖူး နှင့် ဆန်ကို တရုတ်သို့ တင်ပို့ရန် သက်တမ်းကုန်ဆုံးတော့မည်

0
မြန်မာ - တရုတ်နယ်စပ်ဂိတ်တွင် ပြောင်းဖူး နှင့် ဆန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သဖြင့် ပိတ်ဆိုင်းသွားမည် ဟု စုံစမ်းသိရှိရဿည်။ လာမည့် ဒီဇင်ဘာ ၂၀ ရက် တွင် တရုတ်နိုင်ငံဘက်သို့ တင်ပို့ရန် ပြောင်းဖူး နှင့် ဆန်တို့သည် တင်ပို့ရန်...