ကိုဗစ် – ၁၉ သျှမ်းပြည်တွင်း ပန်းပုရုပ်ထုများ ၃ နှစ်ခန့် ရပ်ဆိုင်းခဲ့ရ

သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ်တွင်းရှိ ပန်းပုရုပ်ထု လုပ်ငန်းသည်များ ကိုဗစ် -၁၉ ကြောင့် ၃ နှစ်ခန့် ရပ်ဆိုင်းခဲ့ရပြီး ဝင်ငွေထိခိုက်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

ပန်းပုရုပ်ထု

ကျိုင်းတုံမြို့နယ်တွင်းရှိ ပန်းပုရုပ်ထု လုပ်ကိုင်သူများသည် ယခင်က ပန်းပုရုပ်ထုများကို တရုတ်နိုင်ငံတွင်းထိ သွားရောက်လုပ်ကိုင်ရသည့်အထိ ရှိခဲ့ရာမှ ကိုဗစ် – ၁၉ ကြောင့် ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

“ ၃ နှစ်လောက်တော့ ရပ်ဆိုင်းခဲ့လိုက်ရတယ်။ ကိုဗစ်ကြောင့် ထိခိုက်ခဲ့တာပေါ့။ အရင်တွေကဆိုရင် တရုတ်နိုင်ငံထဲထိ သွားလုပ်ပေးရတာရှိတယ်။ ကိုဗစ်ကြောင့်ကော နိုင်ငံရေးကြောင့်ကော လုပ်တဲ့သူတွေလည်း ရုပ်ထုလုပ်ခိုင်းတဲ့ သူတွေမရှိတော့ဘူး” ဟု ကျိုင်းတုံမြို့ ပန်းပုရုပ်ထု ပြုလုပ်သူ က ပြောသည်။

လက်ရှိတွင် ကိုဗစ် – ၁၉ အနည်းငယ် လျော့ကျလာသည့်အတွက်ကြောင့် ယခုနှစ်မှစပြီး ပန်းပုရုပ်ထုကို ပြန်လည် လုပ်ကိုင်နေရကြောင်း သိရသည်။

ပန်းပုရုပ်ထု

အဆိုပါ ပန်းပုရုပ်ထု ပြုလုပ်ရာတွင်လည်း ယခုနောက်ပိုင်း မြေစေး နှင့် အသုံးပြုသူ နည်းပါးလာပြီး ဘိလပ်မြေစေးကို အသုံးပြုမှုများလာခဲ့ကြောင်း ပန်းပုဆရာ စိုင်းထွန်းလှိုင်းက ပြောသည်။

“ကျနော်တို့က ဘောင်ကို အရင်လုပ်တာ။ အထဲကနေ သံကြိုးနဲ့ အကွက်လေးဖြစ်အောင် ချည်လိုက်မယ်။ အဆင့်အဆင့် ချည်ပြီးမှ ရုပ်လုံးပေါ်အောင် မြေစေးနဲ့ထုလိုက်မယ်။ ပြီးမှ အချောသပ်မယ်။ တချို့နေရာဆိုရင် ပွတ်ယူတာရှိသလို တချို့နေရာမှာလဲ အကွက်ဖော်ဖို့ ထွင်းရတာလဲရှိတယ်။ အခုနောက်ပိုင်း မြေစေးအစား ဘိလပ်မြေစေးနဲ့ လုပ်လာကြတယ်” ဟု ၎င်းက ပြောသည်။

ထိုအပြင် ရုပ်ထုကိုလည်း လှပရန် နေဒဏ်မိုးဒဏ် ခံနိုင်အောင်လည်း ဆေးရောင်ကို ရွေးချယ်ပြီးသုတ်ရကြောင်း၊ ပန်းပုရုပ် ကောင်းမွန်စွာ ရရှိရန် အတွက် အသေးစိတ်လုပ်ရကာ စိတ်ရှည်ထားရကြောင်း သိရသည်။

ပန်းပု ရုပ်ထုကိုလည်း ယုံကြည်ကိုးကွယ်ရာ အနေဖြင့် ပန်းပုဆရာတွေက အများစု ထုလုပ်ကြကြောင်းသိရသည်။

“ရုပ်ထုလှအောင်ထုဖို့က စစထုကတည်းက အာရုံစိုက်ဖို့လိုပါတယ်။ ရုပ်ထုရလာပြီဆိုရင် ကော်ပတ်နဲ့တိုက်မယ်။ ရေဆွတ်ပေးရတယ်။ ပြီးမှ အောက်ခံဆေးရည်သုတ်တယ်။ လိုချင်တဲ့ အရောင်ရအောင် အထပ်ထပ်ဆေးရောင် ခြယ်ပါတယ်။ ယုံကြည်ကိုးကွယ်ရာ ရုပ်ထုဆိုတော့ ရုပ်ထုမလှရင် ထုဖျက်ပစ်ဖို့ကလဲ မကောင်းတတ်ဘူးလေ။ ဒါကြောင့် ပန်းပုဆရာက စိတ်ရှည်လက်ရှည်နဲ့ အသေးစိတ် တဆင့်ချင်းစီ လုပ်ဆောင်သွားရမယ်ဆိုတော့ အချိန်ပေးရပါမယ်” ဟု စိုင်းထွန်းလှိုင်း က ထပ်လောင်းပြောသည်။

ကိုဗစ် – ၁၉ နှင့် နိုင်ငံရေး အခြေနေကြောင့် သျှမ်းပြည်တွင်း ရိုးရာမုန့်လုပ်ရောင်းသူများ၊ အခြေခံ ရှာဖွေ စားသောက်သူများ၊ အိမ်ဆိုင်ဖွင့်သူများသည် စားဝတ်နေရေးအတွက် ရပ်တည်ရန် ခက်ခဲလာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ကျိုင်းတုံမြို့ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လည်တွင် ကျိုင်းတုံမြို့ ၊ ရပ်ကွက်(၄)  နွဲနော်ရပ်ကွက်ရှိ ပရိဘောဂ နှင့် အိမ်သုံးပစ္စည်း အရောင်းဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက်ကာ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...