ပြောင်းဖူး နှင့် ဆန်ကို တရုတ်သို့ တင်ပို့ရန် သက်တမ်းကုန်ဆုံးတော့မည်

မြန်မာ – တရုတ်နယ်စပ်ဂိတ်တွင် ပြောင်းဖူး နှင့် ဆန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သဖြင့် ပိတ်ဆိုင်းသွားမည် ဟု စုံစမ်းသိရှိရဿည်။

ပြောင်း

လာမည့် ဒီဇင်ဘာ ၂၀ ရက် တွင် တရုတ်နိုင်ငံဘက်သို့ တင်ပို့ရန် ပြောင်းဖူး နှင့် ဆန်တို့သည် တင်ပို့ရန် သက်တမ်း ကုန်တော့ မည်ဖြစ်ကြောင်း သိရသည်။

“ လာမယ့် ၂၀ ရက် ကျရင်သူက ပြောင်းဖူး နဲ့ ဆန် တင်ပို့ဖို သက်တမ်းက ကုန်သွားပြီ။ နယ်စပ်ဂိတ်က ပိတ်သွားတာတော့မဟုတ်ဘူး။ သူတို့ကတင်ပို့ဖို့ ပေးထားတာက ၃ လပဲလေ။ ကိုဗစ်ကို ဖြေလျှော့ပေးတဲ့ အနေနဲ့ ၂၅ ရက် ထိရမယ်လို့ကြားတယ်” ဟု ပြောင်းဖူးကုန်သည် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ပြောင်းဖူးတင်ပို့မှုကို ပိတ်တော့မည်ဖြစ်သည့်အတွက်ကြောင့် ပြောင်းဖူး စိုက်ပျိုးသူများကလည်း မရောင်းရမည်ကို စိုးရိမ်နေကြောင်း သိရသည်။

“ ဒီလကုန်ရင် တရုတ်ဘက်က ပိတ်ပြီတဲ့ မန္တလေးဘက် ရောင်းသွားမယ်လို့ကြားတယ်။ တကယ်လို့ တရုတ်ဘက်က မဝယ်ယူတော့ဘူးဆိုရင်တော့ ဘာမှ မျှော်လင့်စရာ မရှိတော့ဘူးပေါ့။ ပွဲစားတွေနားက ပေးတဲ့ဈေးပဲ စောင့်ကြည့်ရတော့မယ် ” ဟု ပြောင်းဖူး စိုက်ပျိုးသူတစ်ဦးက ပြောသည်။

အဆိုပါ တရုတ်နိုင်ငံဘက်မှ ကိုဗစ် ၁၉ ကို ဖြေလျှော့ပေးလိုက်သော်လည်း ကုန်တင်ပို့ရန်အတွက် ရှန်တိန်စနစ် လူအစားထိုး မောင်းပေးနေရသဖြင့် အချိန်ကြာမြင့်ပြီး ကုန်ကျစရိတ်လည်း ပိုများကြောင်း သိရသည်။

ထိုသို့ အချိန်ကြာမြင့်သည့်အတွက်ကြောင့် လက်ရှိ တင်ပို့ရန် ကျန်ရှိနေသည့် ပြောင်းဖူး အများအပြား ကျန်ရှိနေကြောင်းသိရသည်။

“ ကိုဗစ်တော့ ဖြေလျှော့ပေးတယ်။ စစ်တာလည်း ဖြေလျှော့ပေးတယ်။ ဒါမဲ့ လူအစားထိုး မောင်းနေရတာတော့ရှိတယ်။ ဒါက ကုန်ကျစရိတ်များတယ်။ ၁၀၅ မိုင်ကနေ ကျင်စန်းကျော့ဆိုလည်း ၂ သိန်း လောက်ကုန်နေပြီး။ တရုတ်ဘက်ဆိုလည်း ၃ သိန်းထပ်ကုန်တယ်။ အခုလည်း ပို့ဖို့ အများကြီး ကျန်နေသေးတယ်” ဟု အထက်ပါ ကုန်သည် အမျိုးသမီးတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်က စပြီး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် ၏ ကိုဗစ် သုည မူဝါဒကို ဆန္ဒပြ ကန့်ကွက်ခဲ့ကြပြီး ဒီဇင်ဘာ ၈ ရက်နေ့တွင် Lockdown ဖြေလျှော့ပေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တရုတ်မယားအဖြစ် ရောင်းစားခံရမှုက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လာနေပြီ”

0
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူကုန်ကူးမှုပုံစံသည် နယ်စပ်ဂိတ်များ ပိတ်သွားခြင်းကြောင့် တရားမဝင် ခိုးပေါက်များနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှည့်ဖြားသည့် နည်းလမ်းများ ပြောင်းလဲလာသည်။  အထူးသဖြင့် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် တရုတ်မယားအဖြစ်နှင့် ကလေးမွေးရန် ကုန်စည်သဖွယ် ထပ်ခါတလဲလဲ ရောင်းစားခံနေရသည့်အပြင် ပြည်တွင်းရှိ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...