ခေတ်မကောင်းတဲ့ကြားက လူပျောက်မှု ပြဿနာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးလူငယ်တွေ ပျောက်ဆုံးမှု ကြေငြာတာတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တစ်စ တစ်စ ရေးတင်လာတာတွေ့ရသလို သတင်းမီဒီယာတွေမှာ လာကြေငြာတာတွေကို တွေ့မြင်နေရပါတယ်။

လူငယ်များ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ချိန်

အချို့ အမျိုးသမီးငယ်တွေဟာ မိဘတွေမသိအောင် နယ်စပ်ဒေသတွေမှာ သွားရောက်အလုပ်လုပ်ဖို့ ခိုးသွားကြတာရှိသလို အချို့ကျတော့ ချစ်သူရဲ့နောက် ခိုးရာလိုက်သွားတာတွေလည်း ရှိပါတယ်။ အချို့မှာ နေအိမ်ကနေ ထွက်သွားပြီး ၃ ရက်ကြာ ပျောက်ဆုံးသွားရာမှ သေဆုံးတဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။

လူငယ်အမျိုးသမီးအများစုဟာ ကိုဗစ် – ၁၉ ကာလ နဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ကျောင်းတက်ခွင့် မရကြဘဲ ကြီးပြင်းလာတဲ့ လူငယ်တွေဖြစ်ပါတယ်။

“ ကျနော့်မှာ ညီမပျောက်လို့ ဆိုပြီး သတင်းမီဒီယာတွေဆီ လိုက်ကြေငြာ၊ လူမှုကွန်ရက်ပေါ်လိုက်ကြေငြာ နောက်ဆုံးတော့ သူ့ကောင်လေးနဲ့ ခိုးပြေးသွားတယ်တဲ့” ဒီအဖြစ်အပျက်ကို အကိုဖြစ်သူ စိုင်းကျော်က ပြန်ပြောပြပါတယ်။

စိုင်းကျော်တယောက်ဟာ အသက် ၁၈ နှစ်အရွယ် နန်းစော ဆိုတဲ့ ညီမတစ်ယောက်ရှိပြီး၊ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလပိုင်းမှာ ညီမဖြစ်သူဟာ စျေးသွားမယ်ဆိုပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။

လူငယ်များ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ချိန်

အဲ့ဒီ ပျောက်ဆုံးမှုကြောင့် စိုင်းကျော်တို့ မိသားစုတစ်ခုလုံး စိုးရိမ်ပူပန်မှုတွေနဲ့ လိုက်လံကြေငြာခဲ့ရာမှ ၄ ရက်မြောက်နေ့မှာ ခိုးရာလိုက်ပြေးသွားတဲ့ ကောင်လေးနဲ့အတူ နန်းစောတစ်ယောက် အိမ်ကိုရောက်ရှိလာခဲ့ပါတယ်။

“ ကျနော်တို့ လူကြီးတွေကတော့ ဖြစ်ပြီးသွားပြီဆိုတော့ လက်ထပ်ပေးလိုက်တာပေါ့။ သူတို့ ၂ ယောက်လုံးက ငယ်သေးတော့ သူတို့ အနာဂတ်အတွက် စိတ်ပူတာပေါ့။ အခု ကျနော်တို့နဲ့အတူ ခြံအလုပ်လုပ်နေတယ်လေ” လို့ ဆိုပါတယ်။

နန်းစောလို အဖြစ်အပျက်မျိုးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်မှာ နေ့စဥ်နဲ့အမျှ ကြားနေရတဲ့ သတင်းတစ်ခုပါပဲ။ အချို့ လူငယ်တွေဆိုရင် အသက် ၁၆ နှစ်အရွယ် နဲ့ ခိုးရာလိုက်ပြေးကြပြီး မိဘက လက်မခံတဲ့အတွက် ကြုံရာအလုပ်နဲ့ မြန်မာ – တရုတ်နယ်စပ် လောက်ကိုင်ဘက်ကို သွားရောက် အလုပ်လုပ်ကြတဲ့သူတွေလည်း အများကြီး ရှိပါတယ်။

မြန်မာပြည်ဟာ ကိုဗစ် – ၁၉ နဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် စီးပွားရေးဟာ ကမောက်ကမတွေဖြစ်လာပြီး လူငယ်တွေဟာ အနာဂတ် လမ်းပျောက်ကာ စိတ်ပျော်ရွှင်မှု ကိုသာ ရှာဖွေလာကြပါတယ်။

ပျောက်ဆုံးနေသည့် လူငယ်အမျိုးသမီးကို ရှာဖွေစဥ်

လူငယ်တွေဟာ ကျောင်းလည်း တက်ခွင့်မရ၊ အလုပ်အကိုင်လည်း ကောင်းမွန်မှု မရှိချိန်မှာ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းလည်းမရှိတော့ နေအိမ်မှာနေပြီး စိတ်လေလွှင့်မှုတွေ ကြုံတွေ့နေရတယ်။

“အလုပ်လည်းမရှိ ကျောင်းလည်းမတက်ရ အိမ်မှာနေတော့ မိဘတွေက ဆူငေါက် ထိုင်းသွား အလုပ်လုပ်မယ်ဆိုတော့လည်း အဆင်မပြေ ဒါနဲ့ တခါတလေမှာ အိမ်ကနေ ထွက်ပြေးချင်တယ်။ အိမ်နေဝေးရင်ပြီးရော” လို့ အသက် ၁၈ နှစ်အရွယ် တောင်ကြီးမြို့နယ်ထဲ နေထိုင်သူ စိုင်းဖ က လက်ရှိ သူရင်ဆိုင်ကြုံတွေ့နေတဲ့ ခံစားချက်ကို ပြောပြလာပါတယ်။

အိမ်ကနေ ဝေးရင်ပြီးရောဆိုတဲ့စိတ်ကြောင့် လူငယ်အများစုဟာ စိတ်ထွက်ပေါက်ဖို့ အတွက် လွှဲမှားတဲ့လမ်းကြောင်းတွေကို အသုံးပြုပြီး တချို့ဟာ ကိုယ့်ချစ်သူနောက်ကို လိုက်သွားကြောင်း၊ တချို့ဟာ မူးယစ်ဆေးဝါးသုံးစွဲကာ စိတ်ဖြေတတ်ကြကြောင်း စိုင်းဖ က ဆိုပါတယ်။

ပျောက်ဆုံးနေသည့် လူငယ်အမျိုးသမီးကို ရှာဖွေစဥ်

“ကျနော့် သူငယ်ချင်းတွေ တချို့ဆိုရင် အိမ် နဲ့ စိတ်ညစ်လို့ဆိုပြီး သူတို့ ရည်းစားနဲ့ ခိုးပြေးသွားတယ်။ ငယ်တော့ အိမ်ကစိတ်ပူ လိုက်ရှာ နောက်ဆုံး ခိုးပြေးသွားတယ်တဲ့။ ခေတ်ကာလ က မကောင်းတော့ ပျောက်ရင် အိမ်ကလူတွေက စိတ်ပူကြတာပေါ့” လို စိုင်းဖ က ပြောပါတယ်။

အိမ်ထောင်ပြုခြင်းဆိုတာ နှစ်ယောက်အတူ လက်တွဲ ညီညီ တည်ဆောက်နိုင်တဲ့အရာဖြစ်ပြီး တစ်ဦးကိုတစ်ဦး နားလည်မှုရှိဖို့သာ ပိုအရေးကြီးကြောင်း မတည်ငြိမ်၊ မရင့်ကျက်သေးတဲ့အရွယ်မှာ အိမ်ထောင်ပြုခြင်းဟာ ဘဝကို ရင်ဆိုင်ဖို့ အခက်ခဲ အခြေနေတွေ ဖြစ်ပေါ်စေတတ်ကြောင်း အသက် ၅၀ အရွယ် ဒေါ်စုထွေးက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

မိဘ နဲ့ သား၊ သမီး ဆိုတာကတော့ စိတ်ကတိကအောင့်ဆိုတာ ဖြစ်တတ်တဲ့ သဘာဝဖြစ်ကြောင်း၊ ညှိနှိုင်းပြီး အချင်းချင်းကြား ဖြေရှင်းနိုင်တဲ့ အရာဖြစ်ကြောင်း၊ မိဘကို စိတ်ဆိုးစိတ်ကောက်ပြီး အိမ်ထောင်ပြု ရည်းစားနောက်လိုက်ခြင်းကို မပြုလုပ်စေချင်ကြောင်းလည်း ဒေါ်စုထွေးက ပြောဆိုလိုက်ပါတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ပြုခြင်း နဲ့ ပတ်သက်ပြီး “ ဒုက္ခတွေတော့ အများကြီး ကြုံရမယ်။ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အကုန်လုံးတော့ ကြုံရမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဘာမှမလှုပ်နိုင်၊ မရှာစားတတ်သေးတာ။ ပြီးတော့ မစဉ်းစားတတ်၊ မတွေးခေါ်တတ်တော့ ဒုက္ခတော့ အရင်ရောက်မယ် “ ဟု အသက် ၅၀ နှစ်အရွယ် ဒေါ်စုထွေး က ပြောပါတယ်။

လူငယ်အမျိုးသမီးဝတ်ထားသည့် နာရီ

စဉ်းစားတွေးခေါ်တတ်ပြီး အသက်မွေးဝမ်းကြောင်းတစ်ခုအတွက် စီးပွားရေးတစ်ခု ရှိလာမှသာလျှင် အိမ်ထောင်ပြုခြင်းဟာ သင့်တော်မယ့် အချိန်ကာလတစ်ခုဖြစ်ကြောင်း သူမက မှတ်ချက်ပြုလိုက်ပါတယ်။

“စဉ်းစားတတ်တဲ့ အရွယ်ရောက်မှ အိမ်ထောင်ပြုပါ။ စီးပွားရေးလေးတစ်ခု ရှိမှ အိမ်ထောင်ပြုတာဟာ အကောင်းဆုံးပဲ။ အခုကုန်ဈေးနှုန်းတွေ တအားတက်နေတော့ ဘာစီးပွားရေးဘဲလုပ်လုပ် ဘာမှအဆင်မပြေ ဘူးဖြစ်နေတယ် “ ဟု ဒေါ်စုထွေးက အခုလို တိုက်တွန်းထားပါတယ်။

“ အခုအိမ်ထောင်ပြုနေတာက အကုန်လုံး ပြုနေတာပဲ။ အသက် (၁၆)၊ (၁၇) နှစ်တွေလည်း ပြုတာပဲ။ ပြုတာတော့ ပြုပေါ့လေ လူကောင်းနဲ့တွေ့ရင်တော့ ကောင်းတာပေါ့နော်။ တကယ်လို့ လူဆိုးနဲ့တွေ့ရင် နှိပ်စက်နေမှာတို့ ဘာတို့ တွေ့ရင်တော့ မကောင်းဘူး မိသားစုဝင်တွေလည်း စိတ်မကောင်းဘူး။ အဲ့လိုဖြစ်ရင် မိဘအိမ်ကို ပြန်လာခဲ့ပေါ့ “ ဟု ဒေါ်စုထွေးက ထပ်လောင်းပြောပါတယ်။

အလားအတူ ရွှေညောင် လှိုင်ဘုံသာ (၁) ကုန်းလှိုင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် မယွန်းယွန်းထက် ဆိုသူမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းက ပျောက်ဆုံးနေကြောင်း မိခင်ဖြစ်သူက ပြောပါတယ်။

လူငယ်များ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ချိန်

“ သူ့ သူငယ်ချင်းတွေ နဲ့ အပြင်မှာ မုန့်သွားစားမယ်ဆိုပြီး ထွက်သွားတာ။ သူ့ သူငယ်ချင်းတွေကလည်း ယွန်းယွန်း ရောက်မလာဘူးဆိုပြီး အိမ်ကိုလာပြောတော့ ကိုယ်လည်းလန့်ပြီး လိုက်ရှာတော့တာပဲ။ ရှာနေတာ ဒီနေ့ ဒီချိန်ထိဘဲ ပြန်မတွေ့သေးဘူး။ ဘာသတင်းအစအနမှလည်း မကြားတော့ဘူး “ လို့ မိခင်ဖြစ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိ ပျောက်သွားချိန်သည် ၃ လကြာပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်ထိ မည်သည့် သတင်းအချက်အလက်မှ မကြားမိသေးကြောင်း၊ ခေတ်ကာလ အခြေနေမကောင်းတဲ့ အချိန်တွင် တစ်နေနေရာတွင် ရောင်းစားခံရမည်ကို စိုးရိမ်နေကြောင်း၊ အသက်အန္တရာယ် တစ်ခုခု ဖြစ်မည်ကို စိုးရိမ်နေကြောင်း မိခင်ဖြစ်သူက စိတ်မကောင်းစွာ ပြောပါတယ်။

လူငယ်များ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ချိန်

“ သူပျောက်သွားတဲ့ နေ့ကတည်းကစပြီး ဖုန်းဆက်လည်း ဆက်ပိတ်ထားတယ်။ လိုင်းပေါ်မှာ စာပို့ထားလည်း စာမဝင်တော့ဘူး။ ရောင်းစားခံရသလား၊ အသတ်ခံရသလား။ အသက်ရှင်နေသေးလားတောင် မသိဘူး။ ဖြစ်နိုင်ရင်လေ သမီးအဆင်ပြေပါတယ်ဆိုတဲ့ စကားတစ်ခွန်းလေးဘဲ ကြားချင်ပါတယ်“ လို့ ၎င်း မိခင်ဖြစ်သူက ဝမ်းနည်း စွာ ပြောပါတယ်။

လူငယ်တွေအနေနဲ့ ခေတ်ကာလ မကောင်းချိန်မှာ အိမ်ပြင်ထွက်ပါက မိဘတွေ ညီအကိုမောင်နှမတွေကို ပြောဆိုပြီးမှ သွားစေချင်ကြောင်း၊ မည်သည့်နေရာ ဘယ်သူနဲ့သွားသည်ကို အသိပေးစေချင်ကြောင်းလည်း မိခင်များက ပြောဆိုလိုက်ပါတယ်။

“ ဘယ်လောက်ပဲ စိတ်ဆိုးစိတ်ကုန်ကျပါစေ အပြင်သွားရင်တော့ သံချောင်းခေါက်စေချင်တယ်။ ပြောစေချင်တယ်။ မဟုတ်ရင် သူက ထွက်သွားတာ ပြန်မလာရင် ကိုယ့်မှာ ရင်တမမ နဲ့ ကလေးတွေက တခါတလေ ဒါတွေ နားမလည်ဘူး” လို့ နန်းစောရဲ့ မိခင်က ပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...