တာချီလိတ် ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေးထိုးလက်မှတ်ကို တစ်စောင် ဘတ်ငွေ (၁,၅၀၀) ထိဈေးပေါက်နေ

မြန်မာ – ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ဆေး ၂ ချောင်း ထိုးထားသည့် သက်သေခံလက်မှတ် တစ်စောင်ကို ထိုင်းဘတ်ငွေ (၁,၅၀၀) ဘတ် ပေါက်နေကြောင်း သတင်းရရှိသည်။

နယ်စပ်ဖြတ်ကျော်ခွင့် စောင့်ဆိုင်းနေသည့် သူများ

တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် (၁) ကို ပြန်လည်ဖွင့်လှစ်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံ အတွင်းသို့ သွားရောက်လည်ပတ်ချင်သူ၊ အလုပ် လုပ်ကိုင်သူများ တစ်နေ့လျှင် ဦးရေ ထောင်နှင့်ချီ ဖြတ်သန်းသွားရန်အတွက် တံတားတွင် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ထိုသို့ ဖြတ်သန်းသွားရန်အတွက် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ဆေးထိုးထားကြောင်း သက်သေခံ လက်မှတ် ရှိထားရမည် ဆိုသဖြင့် ပြင်ပ၌ ကာကွယ်ဆေးထိုးပြီး သက်သေခံ လက်မှတ်တစ်စောင်ကို ထိုင်းဘတ်ငွေ (၁,၅၀၀) မြန်မာကျပ်ငွေ ကာလပေါက်စျေး တသိန်းကျော် အထိ ပြုလုပ်ပေးနေကြောင်း တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ဆေး မထိုးတဲ့သူတွေ အများကြီးပဲ။ တစ်ယောက်ကို ဘတ် (၁,၀၀၀) ကနေ (၁,၅၀၀) ထိ ပေးပြီး ကာကွယ်ဆေး ၂ ချောင်းထိုးပြီး သက်သေခံ လက်မှတ်လုပ်ပေးတယ်။ ဆေးဆိုင်၊ ဆေးခန်းတွေမှာ နေရာစုံသလောက် လုပ်ပေးနေတယ်။ ပိုက်ဆံရှိဖို့ တစ်ခုလိုတယ်၊ တိုကင်နံပါတ်တောင်မှ ဝယ်လို့ရသေးတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေး အမှတ် (၁) တံတားကို နံနက်ပိုင်း ၆ နာရီမှ ည ၉ နာရီထိ ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖြတ်သန်းသွားလာသူများအနေဖြင့် မှတ်ပုံတင် နှင့် ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေး ထိုးပြီးလက်မှတ် ယူဆောင်ပြီး နှစ်နိုင်ငံ ပြည်သူတွေ သွားလာလည်ပတ်နိုင်အောင် ၆ ညအိပ် ၇ ရက် နယ်စပ်ဖြတ်ကျော် လက်မှတ်တွေ ထုတ်ပေးကြောင်း သိရသည်။

“ သွားလည်ပတ်ချင်လည်းရတယ်၊ အလုပ်သွားလုပ်ချင်လည်း ရတယ်ဗျ။ ၇ ရက်ပြည့်ရင်တော့ ပြန်လာရမှာ မယ်ပေါ့နော်။ တကယ်လို့ သတ်မှတ်ထားတဲ့ရက် လွန်သွားရင် ပြန်ဝင်တဲ့အခါမှာ သူတို့က တစ်ရက်ကို ဘယ်လောက် ဘယ်လောက်နဲ့ ပြန်တွက်ပြီး ပိုက်ဆံတောင်းတယ် “ ဟု မယ်ဆိုင်အတွင်းသို့ သွားရောက်လည်ပတ်သူ စိုင်းဝမ်းက ပြောသည်။

ထိုင်း လူဝင်မှု ကြီးကြပ်ရေးဌာနက ထိုင်းဘက်ကို ဝင်လာသည့် မြန်မာတွေဟာ ၆ ရက်အိပ် ၇ ရက် နယ်စပ်ဖြတ် လက်မှတ်ကို ကိုင်ဆောင်ထားပြီး သတ်မှတ်သည့်ရက်မှ လွန်သွားရာ မြန်မာပြည်မပြန်တော့ဘဲ လက်မှတ်များကို ဖျောက်ဖျက်လိုက်ကာ ထိုင်းအတွင်း၌ အလုပ်လုပ်ကိုင်ကြခြင်းကို တွေ့နေရသဖြင့် ပြန်လည်ထွက်ခွာဖို့အတွက် သတိပေးနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

မယ်ဆိုင်သို့ မြန်မာဘက်လူနာတင်ယာဉ်နှင့် အငှားယာဉ်များ ဝင်ရောက်ခွင့် ကန့်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်တွင် ထိုင်းအာဏာပိုင်များ၏ ယာဉ်စည်းကမ်းနှင့် လုပ်ငန်းခွင် ဝင်ရောက်မှုဆိုင်ရာ စစ်ဆေးမှုများ တင်းကျပ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အရေးပေါ် လူနာတင်ယာဉ်များနှင့် အငှားယာဉ်များ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မယ်ဆိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

မယ်ဆိုင်တွင် စိတ်ကြွဆေးပြားအမြောက်အမြား သယ်ဆောင်လာသူ မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ ပထမမြောက် မယ်ဆိုင်နယ်စပ် အကောက်ခွန်စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦး သယ်ဆောင်လာသည့် သစ်သီးခြင်းများအောက်၌ သိုဝှက်သယ်ဆောင်လာသည့် ကီတမင်း ၁၁၁ ကီလိုဂရမ်ကျော်နှင့် ယာဘ (စိတ်ကြွဆေးပြား) ၆ သိန်းပြားကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇူလိုင်လ ၅ ရက်) နံနက်ပိုင်းတွင်...