နမ့်ခမ်းမြို့အနီးထိ MNDAA ဒရုန်းဗုံးကျရောက်

သျှမ်းပြည် နမ့်ခမ်းမြို့အနီးထိ ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်ခတ်သည့် ဒရုန်းဗုံးများ ကျရောက်နေခြင်းကြောင့် မြို့ပေါ်ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း ဝန်ထမ်းများကို TNLA ဘက်မှ တိမ်းရှောင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (မတ်လ ၁၆ ရက်) နံနက် ၆ နာရီခွဲကျော်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အနီးထိ ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး နမ့်ဖတ်ကာ-နမ့်ခမ်းလမ်းပိုင်းမှတဆင့် မြေပြင်ထိုးစစ် ချီတက်သွားခဲ့ရာ ဖာလင်၊ မန်အောင်၊ ဆာလုကျေးရွာဘက်ထိ ရောက်ရှိနေကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“ဒရုန်း Drop Bomb တွေက သာယာကုန်းဘက် နီးလာပြီ၊ နမ့်ခမ်းဘက်မှာလည်း ရှင်လောင်းပွဲရှိနေတော့ ဗုံးသံကြား အလှူလှည့်ဖို့ လုပ်နေတယ်။ နမ့်ဖတ်ကာ လမ်းကြောင်းကနေ အခု ကိုးကန့်တပ်က ဆာလု အထိ တက်လာပြီ။ ဖာလင်၊ မန်အောင်၊ ဆာလုရောက်ရင် နမ့်ခမ်းရောက်တော့မယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ နမ့်ခမ်းမြို့အနီးထိ MNDAA ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကြောင့် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်ရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းများ CSO နှင့် NGO အဖွဲ့များကို မြို့ပြင်ဘက် ရှောင်တိမ်းထားရန် TNLA ဘက်မှ ပြောဆိုထားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဒီမနက် ၆ နာရီခွဲလောက်မှာ ၁၂ မိုင်ကုန်းဘက် ပေါက်ကွဲသံ ၃ လုံး စကြားတယ်။ တိုက်ပွဲက နမ့်ခမ်းနဲ့ နီးလာပြီး မြို့ပေါ်အထိ ရောက်လာနိုင်လို့ နမ့်ခမ်းမြို့ထဲမှာလည်း TNLA က တချို့ရုံးတွေမှာ သူတို့ပစ္စည်းတွေ မီးရှို့ခဲ့တယ်။ ပြည်သူတွေကို သတိပေးတာတော့ မရှိသေးဘူး၊ NGO ဝန်ထမ်းတွေကိုတော့ မြို့ပြင်ဘက် ရှောင်ခိုင်းထားတယ်” ဟု သျှမ်းပြည်မြောက်ပိုင်းမှ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (မတ်လ ၁၄ ရက်) တွင် ကွတ်ခိုင်နှင့် နမ့်ခမ်းကြား TNLA ထိန်းချုပ်ထားသည့် မိုင်းယုလေးနှင့် ၁၂ မိုင်ဂိတ်ဘက်တွင်လည်း နှစ်ဘက်တပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မိုင်းယုလေးဒေသကို MNDAA ဘက်မှ ထိန်းချုပ်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်နှင့် သိန္နီမြို့နယ်တွင် TNLA နှင့် MNDAA ကြား တစ်လကျော်ကြာ ဖြစ်ပွားနေသည့် နယ်မြေအငြင်းပွားမှု ပြဿနာများမှာ ပြေလည်မှု မရရှိဘဲ မြေပြင်စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ရာမှ ညီနောင်မဟာမိတ် တပ်အချင်းချင်း တိုက်ခိုက်သည်အထိ စစ်ရေးပဋိပက္ခ ကြီးထွားလာသည်။

TNLA အနေဖြင့် MNDAA အား ပြန်လည်ပစ်ခတ်ခဲ့ခြင်း မရှိဘဲ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းသာ ဆောင်ရွက်ခဲ့ပြီး ညီနောင်မဟာမိတ်အချင်းချင်းကြား ဖြစ်ပေါ်နေသည့် ပြဿနာများကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ကြိုးစား အဖြေရှာသွားမည်ဖြစ်ကြောင်း မတ်လ (၁၄) ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...