ပင်လုံမြို့ ရှိ နေအိမ်တလုံး မီးလောင်မှုဖြစ်ပွား
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ရပ်ကွက် (၄) အတွင်းရှိ နေအိမ်တလုံးတွင် ယနေ့ (မတ် ၂၅)ရက် နေ့လည်ပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “လူထိခိုက်တာတွေတော့ မရှိဘူး။ အိမ်ကတော့ အကုန်ပါသွားတယ်။ တစ်အိမ်လုံးဆုံးရှုံးသွားတာ။ ဘာကြောင့် လောင်တာလဲတော့ မသိရသေးဘူး” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ အိမ်မီးလောင်မှုကြောင့် ဘေးအိမ်ပါ...
ကျောက်မဲ စစ်ရှောင် ၄၀၀ ခန့် ကျန်နေဆဲ
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ရှောင် (၄၀၀) ခန့်ကျန်ရှိပြီး၊ ထိုထဲတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ နှင့် ကလေးငယ်များသာ အများစု ဖြစ်ကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် နှစ်လယ်ပိုင်းကတည်းက ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာကာ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်ပြည်သူလည်း များစွာ...
ထုန့်ယိမ်းဒေသမှ သျှမ်းအမျိုးသား စာသင်ကျောင်း ဖျက်ဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ထုန့်ယိမ်းဒေသရှိ သျှမ်းအမျိုးသားကျောင်း (မူလတန်းအဆင့်) စာသင်ကျောင်းနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများ ဖျက်ဆီးခံရကြောင်း သတင်းသိရသည်။ အဆိုပါ သျှမ်းအမျိုးသားကျောင်းသည် ဒေသတွင်းအခြေအနေအမျိုးမျိုးကြောင့် လဆန်းပိုင်းမှ စတင်ကာ ရက်ပေါင်း ၂၀ ခန့် ပိတ်ထားရပြီး လာမည့် မတ်လ ၂၄ ရက်တွင် ပြန်ဖွင့်ရန် လျားထားကြောင်း ဒေသခံများက...
တန့်ယန်းလွယ်လွမ့် ပရဟိတကျောင်း ကလေးများ စာသင်ကြားရန် အခက်ခဲကြုံနေ
သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်ရှိ လွယ်လွမ့် ပရဟိတစာသင်ကျောင်းတွင် ကလေးများ စာပေသင်ကြားရန် အခက်ခဲ ကြုံနေကြောင်း သတင်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း ကိုဗစ် ကူးစက်မှု မြင့်တက်လာသည့်နောက်ပိုင်း အလှူရှင်များလည်း လျော့နည်းသွားသည့်အတွက် ကလေးများစာသင်ကြားရန်နှင့် နေထိုင်စားသောက်ရန်အတွက် ပိုမိုခက်ခဲလာတာဖြစ်ကြောင်း လွယ်လွမ့် ပရဟိတကျောင်းမှ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အခက်ခဲတွေက...
ကွတ်ခိုင်မြို့နယ် လောင်းကစားရုံအတွင်း ပြည်သူ့စစ်နှင့် အရပ်သား ခိုက်ရန်ဖြစ်ပွား
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် လောင်းကစားကြောင့် ပြည်သူ့စစ်နှင့် အရပ်သားတို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပြည်သူဘက်မှ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ လွန်ခဲ့သည့် မတ် ၁၈ ရက် ည ၈ နာရီခွဲဝန်းကျင် ကွတ်ခိုင်မြို့ ရပ်ကွက်(၄) ရှုခင်းသာတွင် ရှိသည့် လောင်းကစားရုံတွင် ပြည်သူစစ် နှင့် ပြည်သူတို့...
ရပ်စောက်မှာ တောင်ယာ မီးရှို့ချိန် ပေါက်ကွဲမှုဖြစ် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် ဟိုပြင်ကျေးရွာအနီး ယမန်နေ့ (မတ် ၂၂ရက်)တွင် တောင်ယာမီးရှို့စဉ် ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ ထို ဟိုပြင်ကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဖူးကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူမှာလည်း သာမန် တောင်ယာစိုက်ပျိုးရေး လုပ်ကိုင်သူသာ ဖြစ်ကြောင်း...
ကွတ်ခိုင် သင်္ချိုင်းကုန်းထဲ အသက် ၉ နှစ်အရွယ် ကလေးငယ်အပါအဝင် လူငယ်နှစ်ဦးအလောင်း တွေ့
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ တရုတ်သင်္ချိုင်းကုန်းထဲတွင် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူငယ်အလောင်း (၂)လောင်းကို တွေ့ရှိရကြောင်း သတင်းသိရသည်။ “မတ်လ ၂၁ ရက်နေ့မှာ တရုတ်သင်္ချိုင်းထဲ ကလေးအလောင်းနှစ်လောင်း တွေ့ရပါတယ်၊ နှစ်ယောက်လုံးက မိဘတွေ လူပျောက်ကြေညာထားတဲ့ သူတွေ ဖြစ်တယ်၊ တစ်ခုကျတော့...
သီပေါ ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ပုတိမ်တောင်ရပ်ကွက်တွင်ရှိသည့် ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခိုးယူခံရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၂၃ ရက်) မနက် ၁ နာရီဝန်းကျင် လျှပ်စစ်မီး ပြတ်တောက်နေသည့်အချိန်တွင် လူတစ်စုမှ ဖုန်းဆိုင်၏ သော့ကို မီးရှို့ဖျက်ဆီးကာ ဆိုင်တွင်းရှိ ဖုန်းများအားလုံးကို ယူဆောင်သွားကြောင်း သိရသည်။...
တရုတ်လေကြောင်းလိုင်းပျက်ကျ သျှမ်းအမျိုးသမီး (၄)ဦးပါ
SHAN -
China Eastern လေကြောင်းလိုင်းပျက်ကျသည့်ထဲတွင် သျှမ်းလူငယ်အမျိုးသမီး (၄)ဦး ပါ၀င်ကြောင်း စုံစမ်းသိရသည်။ မတ် (၂၁)ရက်တွင် ခရီးသည် (၁၃၂)ဦးတင်ဆောင်လာသည့် China Eastern လေကြောင်းလိုင်းသည် တရုတ်နိုင်ငံ တောင်ပိုင်း တွင်ပျက်ကျခဲ့ရာ ထိုထဲတွင် သျှမ်းလူငယ်အမျိုးသမီး (၄)ဦးပါ၀င်ခဲ့ကြောင်း တရုတ်နိုင်ငံ ရွှေလီမြို့နေ သျှမ်းလူငယ်အမျိုးသားတစ်ဦး က...
သျှမ်းပြည် ဖုန်းငွေဖြည့်ကဒ် ၂၀ ရာခိုင်နှုန်း စျေးတင်ရောင်းလာ
SHAN -
သျှမ်းပြည်တွင်းရှိ မြို့နယ်တစ်ချို့တွင် ယခုတပတ်အတွင်း စျေးသည်များ ဖုန်းငွေဖြည့်ကဒ်ကို ၂၀ ရာခိုင်နှုန်း စျေးတင်ရောင်းလာကြောင်း စုံစမ်းသိရှိရသည်။ ယခင်က ဖုန်းငွေဖြည့်ကဒ် တစ်ထောင်ကျပ်နှုန်းရောင်းသည့် ကဒ်များအား (၁၂၀၀)ကျပ်အထိ ရောင်းချလာသည့်အတွက် အွန်လိုင်းနှင့် ပတ်သက်ပြီး ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသည့်သူများ အခက်ခဲများစွာ ရှိလာနိုင်ကြောင်း ပြည်သူလူထုများက ပြောဆိုကြသည်။ “တကယ်သုံးရင် တစ်ထောင်ကျပ်ဖိုး ဒေတာဝယ်ရင် တစ်နာရီတောင်မခံဘူးထင်တယ်။...






