Wednesday, January 28, 2026

တန့်ယန်းလွယ်လွမ့် ပရဟိတကျောင်း ကလေးများ စာသင်ကြားရန် အခက်ခဲကြုံနေ

သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်ရှိ လွယ်လွမ့် ပရဟိတစာသင်ကျောင်းတွင် ကလေးများ စာပေသင်ကြားရန် အခက်ခဲ ကြုံနေကြောင်း သတင်းသိရသည်။

တန့်ယန်းမြို့နယ်အတွင်း ကိုဗစ် ကူးစက်မှု မြင့်တက်လာသည့်နောက်ပိုင်း အလှူရှင်များလည်း လျော့နည်းသွားသည့်အတွက် ကလေးများစာသင်ကြားရန်နှင့် နေထိုင်စားသောက်ရန်အတွက် ပိုမိုခက်ခဲလာတာဖြစ်ကြောင်း လွယ်လွမ့် ပရဟိတကျောင်းမှ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခက်ခဲတွေက များတယ်၊ ဆရာ/မ တွေကို လစာပေးဖို့လည်းမရှိဘူး၊ ကျနော်တို့ဆီမှာက ကလေးတွေ အားလုံး အယောက် ၉၀ ကျော်ရှိတယ်၊ သူတို့ စားသောက်ဖို့လည်း အခက်ခဲတွေ ဖြစ်နေတယ်၊ ပြီးတော့ စာသင်ခန်း၊ ရေချိုးတဲ့နေရာ၊ အိမ်သာ နဲ့ ကလေးတွေ အိပ်ဖို့နေရာတွေလည်း အခက်ခဲဖြစ်နေ” ဟု ပရဟိတကျောင်းမှ အမျိုးသားက ပြောသည်။

အဆိုပါကျောင်းတွင် ဆရာ/မ ၇ ဦးနှင့် ကျောင်းသား/သူ ၉၀ ကျော် ရှိနေသည်။


ဒါ့အပြင် အကျယ် ၁၈ပေနှင့် အရှည် ပေ ၁ထောင်ကျော် ရှိသည့် ပရဟိတကျောင်းအဝင်လမ်းအား ကတ္တရာလမ်း ခင်းနေသည့်အတွက် ကျောက်၊ သဲများ ဝယ်ယူရန်နှင့် အလုပ်သမားစရိတ်များ ရှင်းပေးရန်လည်း အခက်ခဲဖြစ်နေကြောင်း သိရသည်။

ထို ပရဟိတကျောင်းသည် ကျောင်းတက်ရန် အခက်ခဲဖြစ်နေသည့် ကလေးများအား ကျောင်းစာပညာ သင်ကြားနိုင်ရန်အတွက် လွယ်လွမ့်ပရဟိတကျောင်းတွင် ပညာသင်ကြားပေးနေတာဖြစ်ကြောင်း သိရသည်။

“အဓိကတော့ ကျောင်းမနေရတဲ့ ကလေးတွေ ပညာသင်လို့ရအောင်ပါ၊ ကျောင်းထားဖို့ မိဘတွေ အခက်ခဲဖြစ်နေလို့ ကျောင်းမတက်ရတဲ့ ကလေးတွေရော၊ ရွာဘက်တွေမှာနေပြီး ကျောင်းမတက်ရတဲ့ ကလေးတွေအတွက် ကျနော်တို့ နိုင်သလောက် ခေါ်ပြီး စာသင်ပေးတယ်၊ ကျွေးမွေးထားတယ်၊ နေဖို့လည်း စီစဉ်ပေးထားတာပါ။ ခု အခက်ခဲတွေဖြစ်နေလို့ စေတနာရှင်တွေကို ဖိတ်ခေါ်လိုပါတယ်” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

လွယ်လွမ့် ပရဟိတကျောင်း ဖွင့်လှစ်ခဲ့သည်မှာ ၄ နှစ်ရှိပြီဖြစ်ပြီး တန့်ယန်းမြို့ ၏ တောင်ဘက် ၁ မိုင်ခန့် အကွာတွင် တည်ရှိသည်။

အဆိုပါ ပရဟိတကျောင်းအား ဒေသခံများ၊ သံဃာတော်များနှင့် စေတနာရှင်တို့မှ စုပေါင်း ဖွင့်လှစ်ထားခဲ့တာဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းတွင် မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံ ခြိမ်းခြောက်ပြောဆို

0
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းနှင့် မိုင်းရယ် (၂) မြို့နယ် ပါဝင်သည်။ ယခု ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်တွင်...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

အွန်လိုင်းပေါ်အလုပ်ရှာသည့် မိန်းကလေးကို ကျားဖြန့်သမားများ ပြန်ပေးဆွဲ ငွေညှစ်တောင်း

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်မှ မိန်းကလေးတစ်ဦးကို ကျားဖြန့်လက်ပါးစေများမှ တန့်ယန်းမြို့တွင် အလုပ်ရှိသည်ဟုဆိုကာ လိမ်လည်ဖြားယောင်း၍ ပြန်ပေးဆွဲ ဖမ်းဆီးပြီး မိသားစုထံ ငွေညှစ်တောင်းခံခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မိုင်းလားမြို့ဘက် အလုပ်လုပ်ရန် ရောက်ရှိနေသည့် အသက် (၁၈) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တစ်တော့ Tik Tok ပေါ် အလုပ်ရှာသည့်...

တန့်ယန်းမြို့အတွင်း KTV နှင့် အနှိပ်ခန်း ပေါများလာ

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် နှစ်နှစ်ကျော်ကာလအတွင်း ကေတီဗွီ (KTV)နှင့် အနှိပ်ခန်းများ ပေါများလာကြောင်း ဒေသခံပြောဆိုချက်အရ သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ နှစ်ဆန်းပိုင်းမှ စတင်ပြီး ယခုလက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့ ပူးတွဲထိန်းချုပ်ထားသည့် တန့်ယန်းမြို့တွင် ကေတီဗွီ KTV နှင့် အနှိပ်ခန်းများ ပေါများလာပြီး...

တန့်ယန်းမြို့ထဲ ဆိုလာပြားဘတ်ထရီမှတဆင့် နေအိမ်မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ပေါ်တွင် ဆိုလာပြားဘက်ထရီ လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက် ၈ နာရီခွဲဝန်းကျင်တွင် တန့်ယန်းမြို့ ရပ်ကွက် (၂) ရှိ နေအိမ်တစ်လုံးတွင် ဆိုလာပြားဘတ်ထရီမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့...