Friday, April 19, 2024

ကလေး

တန့်ယန်းလွယ်လွမ့် ပရဟိတကျောင်း ကလေးများ စာသင်ကြားရန် အခက်ခဲကြုံနေ

သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်ရှိ လွယ်လွမ့် ပရဟိတစာသင်ကျောင်းတွင် ကလေးများ စာပေသင်ကြားရန် အခက်ခဲ ကြုံနေကြောင်း သတင်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း ကိုဗစ် ကူးစက်မှု မြင့်တက်လာသည့်နောက်ပိုင်း အလှူရှင်များလည်း လျော့နည်းသွားသည့်အတွက် ကလေးများစာသင်ကြားရန်နှင့် နေထိုင်စားသောက်ရန်အတွက် ပိုမိုခက်ခဲလာတာဖြစ်ကြောင်း လွယ်လွမ့် ပရဟိတကျောင်းမှ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အခက်ခဲတွေက...

ကျောက်မဲစစ်ရှောင် အမျိုးသမီးနှင့်ကလေးများ စိတ်သောကရောက်

အစိုးရတပ်နှင့် RCSS/SSA တို့ဖြစ်ပွါးသော တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများအသီးသီးသို့ စစ်ဘေးရှောင်  ရွာသားစုစုပေါင်း သုံးထောင်နီးပါးရှိနေပြီး အများစုမှာ အမျိုးသမီးနှင့်ကလေးငယ်များဖြစ်နေကြောင်းသိရသည်။ ကိုဗစ်နိုင်တင်း ပျံ့ပွါးကူးစက်မှု များပြားလာနေချိန်  စစ်ဘေးကလည်း ရှောင်နေရသဖြင့် နေထိုင်စားသောက်မှုခက်ခဲသည့်အပြင် သီးနှံဆွတ်ချိန်လည်းတန်နေပြီဖြစ်ရာ စစ်ဘေးရှောင်များ စိတ်သောကရောက်နေကြာင်း  စစ်ဘေးရှောင်များအားကူညီမှုပေးနေသည့်အဖွဲ့များကပြောသည်။  ကျောက်မဲမြို့နယ် နမ့်ခုံး ပရဟိအဖွဲ့ ဉက္ကဌ စိုင်းကူးက...

နမ့်ဆန်တိုက်ပွဲကြား ကလေး တဦး ကျည်စ ထိမှန်

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ နယ် နမ့်ခေး ကျေးရွာ အတွင်း လက်နက်ကြီး ကျသဖြင့်အသက် ၉ နှစ်ကျော် ကလေးတဦး ကျည်စများ ထိမှန်ကာ ယနေ့ထိ ကျည်စ မထုတ်ရသေးကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၁၆ ရက်ကဖြစ်ပွါးသောတိုက်ပွဲကြောင့် နေ့လည် ၂ နာရီ ဝန်းကျင်က...

ပညာရေးအတွက်အခက်အခဲရှိနေသော ကလေးများအား လင်းခေးသျှမ်းစာ/ယဉ် ကူညီပံ့ပိုး

သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ မိဘမဲ့ကလေးများနှင့် ပညာဆက်လက် သင်ကြားရေးအခက်အခဲတွေ့နေသည့် ကျေးလက်မှကလေးများ ပညာရေးဆက်လက် သင်ကြားနိုင်ရေးပံ့ပိုး ပေးမှုပြုနေကြောင်းသိရသည်။ လင်းခေးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဆရာစိုင်းအောင်ခင် က- “ ဒီကလေးတွေ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် နေထိုင်စားသောက်ဖို့ နေရာ ကျနော်တို့ ပေးပါမယ်။ အဲဒီအတွက် ဒီနေ့ မေလ ၂၄...

ရှင်ပြုခါနီးမောင်ရင်လောင်းနှစ်ဦးအား ဌာနေပြည်သူ့စစ်မှ သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား 

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် တွင်းရှိ တဘက်ကျေး ရွာအုပ်စု ၊ မဲဟဲရွာ ဘုန်းတော် ကြီးကျောင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းတခုမှ လူတဦးက သေနတ်ကိုင်ဆောင်ကာ ဘုန်းကြီးကျောင်းပေါ်အထိတက်ပြီး အိပ်ပျော်နေသော ကလေး ၂ ဦးအား ပစ်သတ်ခဲ့သည့်အမှုဖြစ်ပွါးခဲ့သည်။ မတ်လ (၃၁) ရက်နေ့ ၊ ည ၁၁...

တိုက်ပွဲကြောင့် ၅ နှစ်အရွယ်ကလေး လက်နက်ကြီးကျည်စ ထိမှန် လားရှိုးဆေးရုံရောက်

သျှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေကြောင့် ကလေးငယ်တဦးခေါင်းမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရလို့ နယ်စည်းမခြား လူမှုကူညီရေးအဖွဲ့ကနေ လားရှိုး ဆေးရုံကိုပို့ပေးထားတယ်လို့သိရပါတယ်။ မတ်လ ၄ ရက်နေ့က  မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ RCSS တို့အကြား သီပေါမြို့နယ် (သီပေါ-ကျေးသီး-မိုင်းကိုင် ကြား) လွယ်ငင်းရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွါးခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည် ဟာ ရွာထဲမှာကျတာကြောင့် နေအိမ်တလုံးကိုကျည်စ တွေထိမှန်ခဲ့ရာကနေ အသက်...

သီပေါစစ်ရှောင်ကလေးများ စာမေးပွဲဖြေနိုင်ရေးအခက်တွေ့

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း စစ်ရေးတင်းမာမှု၊ တိုက်ပွဲများကြောင့် စစ်ရှောင်နေရသော ကျောင်းနေအရွယ်ကလေးများမှာ စာမေးပွဲဖြေဆိုနိုင်ရန် အခက်ကြုံနေရကြောင်းသိရသည်။ “ စာမေးပွဲဖြေဖို့ စစ်ရှောင်ကလေး က ၁၃၀ လောက်ရှိတယ်။ ပညာရေးဌာန ကတော့ သူတို့ စာမေးပွဲ ဖြေဆိုခွင့်ရအောင် ဘုန်းကြီးကျောင်းမှာပြင်ဆင်ပေးမယ်တဲ့။ ဒါပေမယ့် မိဘက လယ်၊ ယာပြန်ကြည့်ရင် သူတို့...

Latest news