ကျောက်မဲစစ်ရှောင် အမျိုးသမီးနှင့်ကလေးများ စိတ်သောကရောက်

အစိုးရတပ်နှင့် RCSS/SSA တို့ဖြစ်ပွါးသော တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများအသီးသီးသို့ စစ်ဘေးရှောင်  ရွာသားစုစုပေါင်း သုံးထောင်နီးပါးရှိနေပြီး အများစုမှာ အမျိုးသမီးနှင့်ကလေးငယ်များဖြစ်နေကြောင်းသိရသည်။

ကိုဗစ်နိုင်တင်း ပျံ့ပွါးကူးစက်မှု များပြားလာနေချိန်  စစ်ဘေးကလည်း ရှောင်နေရသဖြင့် နေထိုင်စားသောက်မှုခက်ခဲသည့်အပြင် သီးနှံဆွတ်ချိန်လည်းတန်နေပြီဖြစ်ရာ စစ်ဘေးရှောင်များ စိတ်သောကရောက်နေကြာင်း  စစ်ဘေးရှောင်များအားကူညီမှုပေးနေသည့်အဖွဲ့များကပြောသည်။

Photo Credit to Loung Zam Khay- ကျောက်မဲမြို့ တောင်ထိပ်ဘုန်းကြီးကျောင်းမှ စစ်ရှောင်အမျိုးသမီးနှင့်ကလေးများ စိတ်ထိခိုက်

 ကျောက်မဲမြို့နယ် နမ့်ခုံး ပရဟိအဖွဲ့ ဉက္ကဌ စိုင်းကူးက – “ပုံ၀ိုးရွာအုပ်ချုပ်ရေးမှူးကပြောလာပါတယ်။ တောင်ထိပ်ရွာဘုန်းကြီးကျောင်းကစစ်ရှောင်တွေ အစားအသောက်ခက်ခဲနေတယ်ဆိုလို့ ကျနော်တို့အဖွဲ့ မနေ့က တိုက်ပွဲကြားကအရဲစွန့်ပြီးသွားပို့ပေးခဲ့ပါတယ်။ ကျနော်တို့ရောက်သွားတော့ စစ်ရှောင်ရွာသူတွေ ငိုယိုနေကြတယ်။ တော်တော်များများကတော့ ရွာမှာကျန်တဲ့ကျွဲနွားတွေ ၊ ဆွတ်ချိန်တန်နေတဲ့သီးနှံတွေကို ပူပန်ကြတာ။ တချို့ကတော့ ပြတ်လုနီးပါး ရိက္ခာတွေလာပို့ပေးလို့ ကျေးဇူးတင်ပြီး မျက်ရည်ကျတာ။”- ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

 နမ့်မော်ဟင်ရွာတွင်မူ သက်ကြီးရွယ်အို ၁၀ ဉီးခန့် (မထွက်ပြေးလာနိုင်သဖြင့်) ရွာတွင်ကျန်ခဲ့ကြောင်း ၊ ရွာသူ လူငယ် ကလေးများ စစ်ဘေးရှောင်ထွက်လာနိုင်ပြီဖြစ်သော်လည်း အစိုးရတပ်မှအင်အားထပ်ဖြည့်လှုပ်ရှားနေသဖြင့် တိုက်ပွဲများထပ်မံဖြစ်ပွါးလာနိုင်ကြောင်း၊ တဖက်တွင်လည်း လယ်ယာအတွင်းဆွတ်ချိန်တန်ပြီဖြစ်သော သီးနှံများထံစိတ်ရောက်နေကြောင်း စစ်ရှောင်များပြောပြချက်အရသိရသည်။

 စစ်ရှောင် နန်းလှက – “သီးနှံတွေက ဆွတ်ချိန်တန်နေပြီ။ ပြောင်းတွေဘာတွေချိုးရတော့မယ်လေ။ ဗမာတပ်က လူထုကောင်းကောင်း နေလို့မရအောင် တမင်သက်သက်လာဖျက်ဆီးနေတာလားလို့တောင်တွေးမိကြတယ်။ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

 အောက်တိုဘာလ ၈ ရက် ယမန်နေ့က သံဃာတော်များ၊ လူမှုကူညီရေးအဖွဲ့များ နှင့် လွှတ်တော်အမတ်များစုပေါင်းကာ စားနပ်ရိက္ခာများတင်ဆောင်ပြီး နမ့်မဟင်နှင့်တောင်ထိပ်ရွာသား စစ်ရှောင် ၇၀၀ ခန့်ရှိရာ တောင်ထိပ် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ တောင်ထိပ်ဘုန်းကြီးကျောင်းတွင်စစ်ဘေးရှောင်များမှာအမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးများအများဆုံးဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့ စစ်ရှောင် အများစု အမျိုးသမီးနှင့်ကလေးများဖြစ်နေ

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN မှ နန်းခမ်းအွန်က- “အခုက ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားတဲ့ကာလ ဖြစ်တာကြောင့် အခုလိုဘုန်းကြီးကျောင်းမှာလာပြီး စုရုံးနေထိုင်နေရတာဟာ စစ်ဘေးရှောင်တွေအတွက် အလွန်စိုးရိမ်မိပါတယ်။  တဖက်ကလည်း တိုက်ပွဲဟာ ကျေးရွာအနားမှာဖြစ်တာကြောင့် ကလေးငယ်တွေနဲ့အမျိုးသမီးတွေ စိတ်ပိုင်းဆိုင်ရာထိခိုက်မှာကို စိုးရိမ်မိပါတယ်။ ”-ဟု ပြောသည်။

 မိမိတို့ SWAN အနေဖြင့်လည်း စစ်ဘေးရှောင်များအတွက် အိပ်ရာထိုင်ခင်းများ အသုံးအဆောင်ပစ္စည်းများကို တကြိမ်သွားရောက်ပို့ဆောင်ကူညီမှုပေးခဲ့ပြီးဖြစ်ကြောင်း ၊ ထပ်မံပို့ဆောင်ကူညီနိုင်ရေးအတွက် စစ်ရှောင်စာရင်းထပ်မံကောက်ယူနေကြောင်း ပြောပါသည်။

 လက်ရှိကျောက်မဲမြို့နယ်အတွင်း စစ်ဘေးရှောင်ဉီးရေ ၃၀၀၀ ခန့် – ပုံ၀ိုးဘုန်းကြီးကျောင်း ၊ တောင်ထိပ်ဘုန်းကြီးကျောင်းတွင် ၇၀၀ ၊ နမ့်အုမ်ဟစ်ကျောင်းတွင် ၄၀၀၊ ခန်ခိုင်းတွင် ၄၀၀ ၊ ကွန်ဟဲန်တွင် ၄၀၀၊ နားဆောင်းတွင် ၁၀၀၊ ဟိုင်းကွီတွင် ၁၀၀ ကျော် ၊ ကောင်းမူးခါမ်တွင် ၇၅ အိမ်ထောင်စု၊ နမ့်ဟန်ခိန်တွင် ၁၅၀ ကျော်၊ ကောင်းလန်းတွင် ၁၀၀ ကျော်နှင့် နောင်ကွမ် တွင် ၁၅၀ ကျော်- ရှိနေကြောင်းလည်း စစ်ရှောင်ကူညီရေးအဖွဲ့ကပြောပါသည်။

 အစိုးရတပ်မတော်သည် အောက်တိုဘာလကုန်အထိ တဖက်သတ်အပစ်ရပ်ကြေညာထားသော်လည်း  ကျောက်မဲမြို့နယ်အတွင်း  NCA လက်မှတ်ရေးထိုးထားသော RCSS/SSA အားအင်အားဖြည့်တင်းတိုက်ခိုက်နေပါသည်။ ၄င်းနှင့်ပတ်သက်ပြီး RCSS/SSA က – တိုက်ပွဲဆက်လက်ဖြစ်ပွါး မဖြစ်ပွါးသည်မှာ အစိုးရတပ်မတော်တွင်သာမူတည်ကြောင်း- ပြောဆိုပါသည်။ တဖက်တွင်လည်း ကိုဗစ်ကာလကြောင့် ၂ ဖက်တပ်တွေ့ဆုံဆွေးနွေးရန်မလွယ်ကူသကဲ့သို့  တိုက်ပွဲဆက်လက်ပြင်းထန်မည်ဆိုပါက ၁ လ သာကျန်တော့သည့် ၂၀၂၀ ပါတီစုံရွေးကောက်ပွဲကိုလည်း ထိခိုက်နိုင်ကြောင်း နိုင်ငံရေးပါတီများက သုံးသပ်ပြောဆိုနေကြပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...