Wednesday, January 28, 2026

နမ့်ဆန်တိုက်ပွဲကြား ကလေး တဦး ကျည်စ ထိမှန်

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ နယ် နမ့်ခေး ကျေးရွာ အတွင်း လက်နက်ကြီး ကျသဖြင့်အသက် ၉ နှစ်ကျော် ကလေးတဦး ကျည်စများ ထိမှန်ကာ ယနေ့ထိ ကျည်စ မထုတ်ရသေးကြောင်း သတင်းရရှိသည်။

Photo by Kyar Thi U / လက်နက်ကျည်စ မှန်သည့် ကလေးပုံ

စက်တင်ဘာလ ၁၆ ရက်ကဖြစ်ပွါးသောတိုက်ပွဲကြောင့် နေ့လည် ၂ နာရီ ဝန်းကျင်က လက်နက်ကြီးကျည်စ ထိမှန်သည့် အသက် ၉ နှစ်အရွယ် စိုင်းသူဇာသည် တတိယတန်းတက်ရောက်နေသည့် ကျောင်းသားဖြစ်ပြီး စိုက်ဝင်နေသည့်အဆိုပါကျည်စများအား ယနေ့ထုတ်ပေးသွားမည် ဟု နမ့်ဆန် စစ်ရှောင်များကို ကူညီပေးနေသည့် ဦးအောင်မြင့် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ လက်နက်ကြီး စထိတာအခုတော့ ကျည်စ ထုတ်လို့မရသေးဘူး။ အန္တရာယ်တော့မရှိဘူး။ စိုးရိမ်စရာမရှိဘူး။ ဒီနေ့ ကြိုးစားထုတ်မယ်လို့ ပြောတယ်။ မနေ့က ထုတ်လို့မရဘူး။ အခု ဆေးရုံမှာပါပဲ ” ဟု ဦးအောင်မြင့် က ဆိုသည်။

နမ့်ဆန်မြို့ အနီးတွင် မြန်မာ့တပ်မတော် နှင့် တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် စက်တင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့ အချိန်ထိ စစ်ရေး တင်းမာနေကြောင်း သိရသည်။

ထိုတိုက်ပွဲများကြောင့် လက်နက်ထိမှန်သူ လူထုမှာ “ အသက် ၆၀ ကျော် ဦးအိုက်ထွန်း လက်နက်မှန်ပြီးသေဆုံးသွားတယ်။ နောက် နမ့်တွေ ကျေးရွာ က အမျိုးသားတယောက်နဲ့အမျိုးသမီးတယောက် စုစုပေါင်း ၂ ယောက် ဒဏ်ရာရတယ်။ မနေ့က အသက် ၉ နှစ်ကျော်ကလေး တယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ၃ ယောက် စလုံးက အခုနမ့်ဆန်ပြည်သူ့ဆေးရုံမှာ ဆေးကုနေပါတယ် ” ဟု ဦးအောင်မြင့် က ပြောသည်။

Photo by Aung Myint (Nsn) / လက်နက်ကျည်စ မှန်သည့် ကလေးပုံ

တိုက်ပွဲကြောင့် နမ့်ဆန်တွင်လက်ရှိ စစ်ရှောင် ၂၀၀၀ ကျော် ရှိနေပြီး ဇယန်းကြီး ဘုန်းကြီးကျောင်းတွင် ၁၀၀၀ ကျော်၊ ပန်စမိန်း တွင် ၃၅၀ ကျော်၊ ရ၄ မိုင် တွင် ၃၀၀ ကျော်၊ ကယားကြီး ဘုန်းကြီးကျောင်းတွင် ၂၂၇ ဦး၊ ပန်စလီတွင် ၁၅၀ ကျော် တို့ဖြစ်သည်။

အဆိုပါ စစ်ရှောင်များအတွက် စစ်ရှောင်များကို ကူညီပေးနေသည့် ချမ်းမြေ့ လူမှု ကူညီရေး အသင်းမှ ဥက္ကဌ ဦးသိန်းရွှေ က “ လိုအပ်ချက်ကတော့ ဆန်ကတော့ နည်းနည်း အဆင်ပြေတယ်။ စားသောက်ကုန် တွေ လိုအပ်မယ်။ စစ်ရှောင်တွေ များတော့ လိုအပ်ချက်ကတော့ များတယ်” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

နမ့်ဆန်မြို့ တွင် ယခင်က စစ်ရှောင် ၂၀၀၀ ကျော်ထိ မရှိခဲ့ဖူးကြောင်း၊ တိုက်ပွဲများ ဆက်လက်တင်းမာပြီး ဖြစ်ပွားပါက စစ်ရှောင်များ ပိုများလာနိုင်သည် ဟု လည်း ဦးသိန်းရွှေ က ပြောသည်။

ယမန်နေ့က နမ့်ဆန်မြို နှင့် ၃ မိုင် ဝေးကွာသည့် နမ့်ခေးကျေးရွာအနီးတွင်လည်း တိုက်ပွဲများဖြစ်ပွားကြောင်း သိရသည်။

တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ပန်စလီ တွင် လာရောက် ခိုလှုံသည့် စစ်ရှာင် ၁၅၀ ကျော်အတွက် စားဝတ်နေရေး အကူအညီ လိုအပ်နေကြောင်း လည်း ဦးသိန်းရွှေ က ပြောသည်။

“ အခု ချိန်ထိ ပန်စလီ က လုံးဝ သွားလို့မရဘူး။ ပန်စရီ က စစ်ရှောင်တွေ အကူအညီ မရသေးဘူး။ ဆန် နဲ့စားသောက်ကုန်တွေ အဓိက လိုအပ်မယ်လို့ ထင်ပါတယ်” ဟု ဦးသိန်းရွှေ က ပြောသည်။

ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့  မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့သည် မြန်မာ့တပ်မတော်အဖွဲ့ နှင့် ကျိုင်းတုံမြို့ တွင် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်နေပါသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း အတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် အရပ်သား ၁၅ ဦး အထက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ အထက် ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့  ရွှေလီမြစ်အတွင်း ကလေးတစ်ယောက်ရေနစ်ပျောက်ဆုံး

0
TNLA ထိန်းချုပ်ထားသော သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ရွှေလီမြစ်ထဲတွင်  ရေဆော့ ကစားနေသည့် ကလေးတစ်ယောက် ရေနစ်ပျောက်ဆုံးနေကြောင်းသိရသည်။  နမ့်ခမ်းမြို့နယ် ဟိုဆိုင်းကျေးရွာရှိ ဟိုဆိုင်းချောင်းသာတွင် ဧပြီလ ၁၄ ရက် ညနေခင်းက ကလေးငယ် တစ်ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ယနေ့ ဧပြီလ ၁၅ ရက်နေ့အထိ အလောင်းရှာမတွေ့သေးဟု...

လားရှိုး တိုက်ပွဲနှစ်ရက်အတွင်း လက်နက်ကြီး၊ ရှော့တိုက်ဒုံးကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၂ ဦးအပါအဝင် အရပ်သား ၁၄ ဦး သေဆုံး

0
သျှမ်းပြည် လားရှိုးမြို့ပေါ် လူနေရပ်ကွက်များသို့ လက်နက်ကြီး၊ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၁၄ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၃ ရက်)မှ စတင်ပြီး ယနေ့ (ဇူလိုင်...

တန့်ယန်းလွယ်လွမ့် ပရဟိတကျောင်း ကလေးများ စာသင်ကြားရန် အခက်ခဲကြုံနေ

0
သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်ရှိ လွယ်လွမ့် ပရဟိတစာသင်ကျောင်းတွင် ကလေးများ စာပေသင်ကြားရန် အခက်ခဲ ကြုံနေကြောင်း သတင်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း ကိုဗစ် ကူးစက်မှု မြင့်တက်လာသည့်နောက်ပိုင်း အလှူရှင်များလည်း လျော့နည်းသွားသည့်အတွက် ကလေးများစာသင်ကြားရန်နှင့် နေထိုင်စားသောက်ရန်အတွက် ပိုမိုခက်ခဲလာတာဖြစ်ကြောင်း လွယ်လွမ့် ပရဟိတကျောင်းမှ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အခက်ခဲတွေက...

ကျောက်မဲစစ်ရှောင် အမျိုးသမီးနှင့်ကလေးများ စိတ်သောကရောက်

0
အစိုးရတပ်နှင့် RCSS/SSA တို့ဖြစ်ပွါးသော တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများအသီးသီးသို့ စစ်ဘေးရှောင်  ရွာသားစုစုပေါင်း သုံးထောင်နီးပါးရှိနေပြီး အများစုမှာ အမျိုးသမီးနှင့်ကလေးငယ်များဖြစ်နေကြောင်းသိရသည်။ ကိုဗစ်နိုင်တင်း ပျံ့ပွါးကူးစက်မှု များပြားလာနေချိန်  စစ်ဘေးကလည်း ရှောင်နေရသဖြင့် နေထိုင်စားသောက်မှုခက်ခဲသည့်အပြင် သီးနှံဆွတ်ချိန်လည်းတန်နေပြီဖြစ်ရာ စစ်ဘေးရှောင်များ စိတ်သောကရောက်နေကြာင်း  စစ်ဘေးရှောင်များအားကူညီမှုပေးနေသည့်အဖွဲ့များကပြောသည်။  ကျောက်မဲမြို့နယ် နမ့်ခုံး ပရဟိအဖွဲ့ ဉက္ကဌ စိုင်းကူးက...

ပညာရေးအတွက်အခက်အခဲရှိနေသော ကလေးများအား လင်းခေးသျှမ်းစာ/ယဉ် ကူညီပံ့ပိုး

0
သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ မိဘမဲ့ကလေးများနှင့် ပညာဆက်လက် သင်ကြားရေးအခက်အခဲတွေ့နေသည့် ကျေးလက်မှကလေးများ ပညာရေးဆက်လက် သင်ကြားနိုင်ရေးပံ့ပိုး ပေးမှုပြုနေကြောင်းသိရသည်။ လင်းခေးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဆရာစိုင်းအောင်ခင် က- “ ဒီကလေးတွေ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် နေထိုင်စားသောက်ဖို့ နေရာ ကျနော်တို့ ပေးပါမယ်။ အဲဒီအတွက် ဒီနေ့ မေလ ၂၄...