လားရှိုး တိုက်ပွဲနှစ်ရက်အတွင်း လက်နက်ကြီး၊ ရှော့တိုက်ဒုံးကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၂ ဦးအပါအဝင် အရပ်သား ၁၄ ဦး သေဆုံး

သျှမ်းပြည် လားရှိုးမြို့ပေါ် လူနေရပ်ကွက်များသို့ လက်နက်ကြီး၊ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၁၄ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၃ ရက်)မှ စတင်ပြီး ယနေ့ (ဇူလိုင် ၄ ရက်)အထိ လားရှိုးမြို့အခြေစိုက် ရမခ တိုင်းစစ်ဌာနချုပ်နှင့် စစ်ကောင်စီတပ်စခန်းများကို ညီနောင်မဟာမိတ်တပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေစဉ် နှစ်ရက်အတွင်း လူနေရပ်ကွက်များသို့ လက်နက်ကြီး၊ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၁၄ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“ဒီမနက် ရပ်ကွက် (၉) ဘက် ခေးနင်းဘူတာဘက်  လက်နက်ကြီးကျပြီး သားအမိ ၂ ယောက် ဆုံးတယ်။ နောက်ထပ် ရပ်ကွက် (၁၂) ဘက်က ရာစုသစ်ကိုယ်ပိုင်ကျောင်းနားလည်း ကျတယ်။ လူထိတာတော့ ဆေးရုံခေါ်သွားနေတယ်လို့ ပြောတယ်။ ရပ်ကွက် (၁၁) အုတ်ကွင်းဘက်လည်း ယောကျ်ားလေး ၂ ယောက် ခေါင်းပြတ်နဲ့ တစ်ယောက် အူပွင့်ပြီး ထပ်သေတယ်”ဟု လားရှိုးမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိသတင်းရေးသားနေချိန်အထိ လားရှိုးမြို့ ရပ်ကွက်(၅) မန်အိုင်ရှိ စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ-၅၀၇ တပ်စခန်းဘက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်လက်ပစ်ခတ်နေပြီး လေယာဉ်ပျံဝဲနေကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

အလားတူ လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်ရှိ စစ်ကောင်စီ ခလရ-၂၉၁ တပ်ရင်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေစဉ် ယနေ့ (ဇူလိုင်လ ၄ ရက်) နံနက် ၈ နာရီခွဲခန့်တွင် နမ့်ပေါင်ကျေးရွာ ရပ်ကွက် (၃) ရှိ လူနေအိမ်ပေါ် ဒရုန်းဗုံး ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၂ ဦးအပါအဝင် စုစုပေါင်း ၃ ဦး ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။

“ဒီမနက် ၄ နာရီခွဲကတည်းက စနေတာ အခုထိ သေနတ်သံ မငြိမ်သေးဘူး။ နမ့်ပေါင်တံတားနား ပစ်တာ ဘုန်းကြီးကျောင်းပေါ် ဒရုန်းကျတာလည်း ကိုရင်ဒဏ်ရာရတယ်။ ၈ နာရီခွဲ ဒီမနက် ရပ်ကွက် ၃ ဘက်မှာ ဒရုန်းလားမသိဘူး အိမ်ပေါ်ကျပြီး ၃ ယောက်မှန်တာ။ တချို့လည်း ကတုတ်ကျင်းတူးထားတာ အဲ့ထဲကို မိုးရေဝင်တော့လည်း နေမရလို့ ထွက်ပြေးရတာပေါ့”ဟု လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ပေါင်ကျေးရွာတွင် ပြည်သူနေအိမ်ပေါ် ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူများမှာ အသက် (၄၅) နှစ်အရွယ်ခန့်ရှိ ပီနန်းမို၊ ၁၈ နှစ်အရွယ် သမီးဖြစ်သူနှင့် အသက် (၇၀) နှစ်အရွယ်ခန့်ရှိ ဦးကျော်ပီးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ 

ယမန်နေ့ (ဇူလိုင်လ ၃ ရက်) ညနေ ၅ နာရီခန့်ကလည်း လားရှိုးမြို့ ရပ်ကွက်(၄) ပန်အုပ်ဘုန်းကြီးကျောင်းဝင်းထဲ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား (၁) ဦး သေဆုံးပြီး စစ်ဘေးရှောင် ၇ ဦးကျော်နှင့် ကိုရင်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖြစ်စဉ်သိရှိသူများထံမှ သိရသည်။

လားရှိုး ခမရ တိုင်းရုံးနှင့် တက္ကသိုလ်ကြားရှိ ရပ်ကွက်(၁) ဗျူဟာလမ်းတွင်လည်း ဒရုန်းဗုံးကြောင့် အမျိုးသမီးနှင့် ကလေးအပါအဝင် မိသားစု (၆) ဦးလည်း ယမန်နေ့ (ဇူလိုင်လ ၃ ရက်) နံနက်အစောပိုင်းက နေအိမ်၌ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

ထို့အပြင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာတွင်လည်း ပြည်သူနေအိမ်ပေါ်သို့ ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် လင်မယားနှစ်ဦး ထိမှန်ခဲ့ပြီး အမျိုးသမီးမှာ ပွဲချင်းပြီး သေဆုံးသွား၍ အမျိုးသားမှာ ခြေထောက်နှစ်ဘက်စလုံး ပြတ်သွားပြီး နမ့်ပေါင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...