Tuesday, January 27, 2026

လားရှိုး တိုက်ပွဲနှစ်ရက်အတွင်း လက်နက်ကြီး၊ ရှော့တိုက်ဒုံးကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၂ ဦးအပါအဝင် အရပ်သား ၁၄ ဦး သေဆုံး

သျှမ်းပြည် လားရှိုးမြို့ပေါ် လူနေရပ်ကွက်များသို့ လက်နက်ကြီး၊ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၁၄ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၃ ရက်)မှ စတင်ပြီး ယနေ့ (ဇူလိုင် ၄ ရက်)အထိ လားရှိုးမြို့အခြေစိုက် ရမခ တိုင်းစစ်ဌာနချုပ်နှင့် စစ်ကောင်စီတပ်စခန်းများကို ညီနောင်မဟာမိတ်တပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေစဉ် နှစ်ရက်အတွင်း လူနေရပ်ကွက်များသို့ လက်နက်ကြီး၊ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၁၄ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“ဒီမနက် ရပ်ကွက် (၉) ဘက် ခေးနင်းဘူတာဘက်  လက်နက်ကြီးကျပြီး သားအမိ ၂ ယောက် ဆုံးတယ်။ နောက်ထပ် ရပ်ကွက် (၁၂) ဘက်က ရာစုသစ်ကိုယ်ပိုင်ကျောင်းနားလည်း ကျတယ်။ လူထိတာတော့ ဆေးရုံခေါ်သွားနေတယ်လို့ ပြောတယ်။ ရပ်ကွက် (၁၁) အုတ်ကွင်းဘက်လည်း ယောကျ်ားလေး ၂ ယောက် ခေါင်းပြတ်နဲ့ တစ်ယောက် အူပွင့်ပြီး ထပ်သေတယ်”ဟု လားရှိုးမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိသတင်းရေးသားနေချိန်အထိ လားရှိုးမြို့ ရပ်ကွက်(၅) မန်အိုင်ရှိ စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ-၅၀၇ တပ်စခန်းဘက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်လက်ပစ်ခတ်နေပြီး လေယာဉ်ပျံဝဲနေကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

အလားတူ လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်ရှိ စစ်ကောင်စီ ခလရ-၂၉၁ တပ်ရင်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေစဉ် ယနေ့ (ဇူလိုင်လ ၄ ရက်) နံနက် ၈ နာရီခွဲခန့်တွင် နမ့်ပေါင်ကျေးရွာ ရပ်ကွက် (၃) ရှိ လူနေအိမ်ပေါ် ဒရုန်းဗုံး ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၂ ဦးအပါအဝင် စုစုပေါင်း ၃ ဦး ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။

“ဒီမနက် ၄ နာရီခွဲကတည်းက စနေတာ အခုထိ သေနတ်သံ မငြိမ်သေးဘူး။ နမ့်ပေါင်တံတားနား ပစ်တာ ဘုန်းကြီးကျောင်းပေါ် ဒရုန်းကျတာလည်း ကိုရင်ဒဏ်ရာရတယ်။ ၈ နာရီခွဲ ဒီမနက် ရပ်ကွက် ၃ ဘက်မှာ ဒရုန်းလားမသိဘူး အိမ်ပေါ်ကျပြီး ၃ ယောက်မှန်တာ။ တချို့လည်း ကတုတ်ကျင်းတူးထားတာ အဲ့ထဲကို မိုးရေဝင်တော့လည်း နေမရလို့ ထွက်ပြေးရတာပေါ့”ဟု လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ပေါင်ကျေးရွာတွင် ပြည်သူနေအိမ်ပေါ် ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူများမှာ အသက် (၄၅) နှစ်အရွယ်ခန့်ရှိ ပီနန်းမို၊ ၁၈ နှစ်အရွယ် သမီးဖြစ်သူနှင့် အသက် (၇၀) နှစ်အရွယ်ခန့်ရှိ ဦးကျော်ပီးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ 

ယမန်နေ့ (ဇူလိုင်လ ၃ ရက်) ညနေ ၅ နာရီခန့်ကလည်း လားရှိုးမြို့ ရပ်ကွက်(၄) ပန်အုပ်ဘုန်းကြီးကျောင်းဝင်းထဲ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား (၁) ဦး သေဆုံးပြီး စစ်ဘေးရှောင် ၇ ဦးကျော်နှင့် ကိုရင်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖြစ်စဉ်သိရှိသူများထံမှ သိရသည်။

လားရှိုး ခမရ တိုင်းရုံးနှင့် တက္ကသိုလ်ကြားရှိ ရပ်ကွက်(၁) ဗျူဟာလမ်းတွင်လည်း ဒရုန်းဗုံးကြောင့် အမျိုးသမီးနှင့် ကလေးအပါအဝင် မိသားစု (၆) ဦးလည်း ယမန်နေ့ (ဇူလိုင်လ ၃ ရက်) နံနက်အစောပိုင်းက နေအိမ်၌ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

ထို့အပြင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာတွင်လည်း ပြည်သူနေအိမ်ပေါ်သို့ ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် လင်မယားနှစ်ဦး ထိမှန်ခဲ့ပြီး အမျိုးသမီးမှာ ပွဲချင်းပြီး သေဆုံးသွား၍ အမျိုးသားမှာ ခြေထောက်နှစ်ဘက်စလုံး ပြတ်သွားပြီး နမ့်ပေါင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...