တိုက်ပွဲကြောင့် ၅ နှစ်အရွယ်ကလေး လက်နက်ကြီးကျည်စ ထိမှန် လားရှိုးဆေးရုံရောက်

သျှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေကြောင့် ကလေးငယ်တဦးခေါင်းမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရလို့ နယ်စည်းမခြား လူမှုကူညီရေးအဖွဲ့ကနေ လားရှိုး ဆေးရုံကိုပို့ပေးထားတယ်လို့သိရပါတယ်။

Photo Credit to Shar Htat Paing / လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရကလေးအား နယ်စည်းမခြားပရဟိတအဖွဲ့က လားရှိုးဆေးသို့ပို့ဆောင်ပေး ကူညီထောက်ပံ့မှုပေးနေစဉ်

မတ်လ ၄ ရက်နေ့က  မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ RCSS တို့အကြား သီပေါမြို့နယ် (သီပေါ-ကျေးသီး-မိုင်းကိုင် ကြား) လွယ်ငင်းရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွါးခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည် ဟာ ရွာထဲမှာကျတာကြောင့် နေအိမ်တလုံးကိုကျည်စ တွေထိမှန်ခဲ့ရာကနေ အသက် ၅ နှစ်အရွယ်ကလေးငယ်တဦးကို ကျည်စ ထိမှန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

နယ်စည်းမခြား ပရဟိတအဖွဲ့နဲ့အတူ ကလေးငယ်ကိုဆေးရုံပို့ရာမှာ ပါဝင်ကူညီဆောင်ရွက်ပေးတဲ့ မန်လီဒေသခံ မိုင်းစိုင်း ကတော့ -“   လွယ်ငင်းရွာသားလေးပါ။ ကျနော်တို့ မန်လီဘုန်းကြီးကျောင်းကို ရောက်လာတာ ၂ ရက်ရှိပြီ။ ဒဏ်ရာက စိုးရိမ်ရတဲ့အဆင့်တော့မဟုတ်ဘူးဆိုပေမယ့်ကလေးဆိုတော့ လားရှိုးဆေးရုံကိုဆက်ပို့လိုက်တာပါ။ ကလေးက တအာင်းလူမျိုးဆိုတော့ ကျနော်က ကူညီပေးတဲ့ နယ်စည်းမခြားအဖွဲ့နဲ့လိုက်ပြီး ဘာသာပြန်ပေးတာပါ။ ” – လို့သျှမ်းသံတော်ဆင့်ကိုပြောပါတယ်။

လွယ်ငင်းရွာမှာ တအာင်းနဲ့ သျှမ်းလူမျိုးရောနှောနေထိုင်လျှက်ရှိပြီး လက်နက်ကြီးကျည်စ ထိမှန်တဲ့ ကလေးကတော့  မိုင်းအောင်ခမ်း (အသက် ၅ နှစ်) ဖြစ်ပါတယ်။ အဖွားဖြစ်သူနဲ့ နို့စို့အရွယ် ကလေးပိုက်ထားတဲ့ မိခင်ဖြစ်သူတဲ့အတူ နေထိုင်ပါတယ်။

မတ်လ ၄ ရက်နေ့ကဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် လွယ်ငင်းရွာသား ၆၀၀ ကျော်ဟာ မန်လီရွာ ဘုန်းကြီးကျောင်းကို ခိုလှုံနေခဲ့ရပါတယ်။ တိုက်ပွဲဆက်မဖြစ်တော့ဘူးဆိုပေမယ့် စစ်ရေးတင်းမာ နေတဲ့အခြေအနေမို့ ကနေ့အထိ ရွာသားတွေဟာ နေရပ်မပြန်နိုင်ကြသေးပါဘူး။ လက်ရှိမှာ သီပေါမြို့နယ်မှာ စစ်ဘေးရှောင် ၂၄၀၀ ကျော်ရှိနေပြီးတော့ စားနပ်ရိက္ခာအထူး လိုအပ်နေတယ်လို့သိရပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

မောက်မယ်မြို့နယ်တိုက်ပွဲဖြစ်ပြီး၊ PNO က စစ်မှုထမ်းအသည်းအသန် ခေါ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့ တိုက်ပွဲဖြစ်ပြီးနောက် PNOက စစ်မှုထမ်း အသည်းအသန်း ထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။ အဆိုပါ PNA/PNO သည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခေါ်ယူနေသည်။ “အရင်က PNOထံမှာ စစ်သင်တန်း သွားတက်ထားတဲ့...

မိုးကုတ် စစ်ကော်မရှင်တပ် အင်အားဖြည့် စစ်ကြောင်းထိုး၊ PDF တပ်များနှင့် ထိတွေ့တိုက်ပွဲပြင်းထန်

0
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ်ရှိ မိုးကုတ်မြို့တွင် စစ်ကော်မရှင်တပ်ဘက်မှ အင်အားဖြည့် စစ်ကြောင်းထိုးခြင်းကြောင့် တော်လှန်ရေးအင်အားစု PDF တပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၈ ရက်) နံနက်ပိုင်းမှ စတင်၍ မိုးကုတ်မြို့နယ်ရှိ ချောင်းကြီးနှင့် ရှမ်းကုန်းစံ ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစု PDF တပ်များ...
MDY-PDF In Front of Mong Mit Signboard

မိုးမိတ်တွင် KIA ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်ကြား လက်နက်ကြီး အပြန်အလှန်ပစ်ခတ်

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ်ရှိ မိုးဟောက်နှင့် ပသင် ကျေးရွာအုပ်စုဘက်တွင် ကချင်လွတ်လပ်ရေးတပ်...