Wednesday, January 28, 2026

တိုက်ပွဲကြောင့် ၅ နှစ်အရွယ်ကလေး လက်နက်ကြီးကျည်စ ထိမှန် လားရှိုးဆေးရုံရောက်

သျှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေကြောင့် ကလေးငယ်တဦးခေါင်းမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရလို့ နယ်စည်းမခြား လူမှုကူညီရေးအဖွဲ့ကနေ လားရှိုး ဆေးရုံကိုပို့ပေးထားတယ်လို့သိရပါတယ်။

Photo Credit to Shar Htat Paing / လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရကလေးအား နယ်စည်းမခြားပရဟိတအဖွဲ့က လားရှိုးဆေးသို့ပို့ဆောင်ပေး ကူညီထောက်ပံ့မှုပေးနေစဉ်

မတ်လ ၄ ရက်နေ့က  မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ RCSS တို့အကြား သီပေါမြို့နယ် (သီပေါ-ကျေးသီး-မိုင်းကိုင် ကြား) လွယ်ငင်းရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွါးခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည် ဟာ ရွာထဲမှာကျတာကြောင့် နေအိမ်တလုံးကိုကျည်စ တွေထိမှန်ခဲ့ရာကနေ အသက် ၅ နှစ်အရွယ်ကလေးငယ်တဦးကို ကျည်စ ထိမှန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

နယ်စည်းမခြား ပရဟိတအဖွဲ့နဲ့အတူ ကလေးငယ်ကိုဆေးရုံပို့ရာမှာ ပါဝင်ကူညီဆောင်ရွက်ပေးတဲ့ မန်လီဒေသခံ မိုင်းစိုင်း ကတော့ -“   လွယ်ငင်းရွာသားလေးပါ။ ကျနော်တို့ မန်လီဘုန်းကြီးကျောင်းကို ရောက်လာတာ ၂ ရက်ရှိပြီ။ ဒဏ်ရာက စိုးရိမ်ရတဲ့အဆင့်တော့မဟုတ်ဘူးဆိုပေမယ့်ကလေးဆိုတော့ လားရှိုးဆေးရုံကိုဆက်ပို့လိုက်တာပါ။ ကလေးက တအာင်းလူမျိုးဆိုတော့ ကျနော်က ကူညီပေးတဲ့ နယ်စည်းမခြားအဖွဲ့နဲ့လိုက်ပြီး ဘာသာပြန်ပေးတာပါ။ ” – လို့သျှမ်းသံတော်ဆင့်ကိုပြောပါတယ်။

လွယ်ငင်းရွာမှာ တအာင်းနဲ့ သျှမ်းလူမျိုးရောနှောနေထိုင်လျှက်ရှိပြီး လက်နက်ကြီးကျည်စ ထိမှန်တဲ့ ကလေးကတော့  မိုင်းအောင်ခမ်း (အသက် ၅ နှစ်) ဖြစ်ပါတယ်။ အဖွားဖြစ်သူနဲ့ နို့စို့အရွယ် ကလေးပိုက်ထားတဲ့ မိခင်ဖြစ်သူတဲ့အတူ နေထိုင်ပါတယ်။

မတ်လ ၄ ရက်နေ့ကဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် လွယ်ငင်းရွာသား ၆၀၀ ကျော်ဟာ မန်လီရွာ ဘုန်းကြီးကျောင်းကို ခိုလှုံနေခဲ့ရပါတယ်။ တိုက်ပွဲဆက်မဖြစ်တော့ဘူးဆိုပေမယ့် စစ်ရေးတင်းမာ နေတဲ့အခြေအနေမို့ ကနေ့အထိ ရွာသားတွေဟာ နေရပ်မပြန်နိုင်ကြသေးပါဘူး။ လက်ရှိမှာ သီပေါမြို့နယ်မှာ စစ်ဘေးရှောင် ၂၄၀၀ ကျော်ရှိနေပြီးတော့ စားနပ်ရိက္ခာအထူး လိုအပ်နေတယ်လို့သိရပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...