Tuesday, January 27, 2026

တန့်ယန်းမြို့အတွင်း KTV နှင့် အနှိပ်ခန်း ပေါများလာ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် နှစ်နှစ်ကျော်ကာလအတွင်း ကေတီဗွီ (KTV)နှင့် အနှိပ်ခန်းများ ပေါများလာကြောင်း ဒေသခံပြောဆိုချက်အရ သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ နှစ်ဆန်းပိုင်းမှ စတင်ပြီး ယခုလက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့ ပူးတွဲထိန်းချုပ်ထားသည့် တန့်ယန်းမြို့တွင် ကေတီဗွီ KTV နှင့် အနှိပ်ခန်းများ ပေါများလာပြီး ဆိုင်ပေါင်း ၆၀ ခန့်အထိ ရှိလာကြောင်း တန့်ယန်းမြို့ဒေသခံ အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အနှိပ်ဆိုင်တွေက ဆိုင်ပေါင်း ၄၀ ၊ ၅၀ လောက်ရှိတယ်။ ရပ်ကွက်( ၂ )မှာကိုပဲ ဆိုင်ပေါင်း ၂၀ ကျော် လောက်ရှိတယ်။ KTV ၊ မာဆတ်တို့ အကုန်ပေါင်းရင် ဆိုင်ပေါင်း ၆၀ ဝန်းကျင်လောက် ရှိကို ရှိတယ်။ အခုက ဒီမှာ အရမ်းများလာတယ်”ဟု တန့်ယန်းမြို့ အသက် ၃၀ ဝန်းကျင် ၎င်းဒေသခံ အမျိုးသားက ပြောသည်။

တန့်ယန်းမြို့တွင် ၂၀၂၂ ခုနှစ်အထိ KTV နှင့် အနှိပ်ခန်း ၁၀ ဆိုင်ခန့်သာ ရှိခဲ့သော်လည်း လက်ရှိ ၂၀၂၅ စက်တင်ဘာလအထိ နှစ်နှစ်ကျော် ကာလအတွင်း ဆိုင်ပေါင်း ၅၀ ဝန်းကျင် ထပ်တိုးလာပြီး အချို့ဆိုင်များတွင် မူးယစ်ဆေးဝါးများလည်း အလွယ်တကူ ရရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုကဲ့သို့ တန့်ယန်းမြို့အတွင်း KTV နှင့် အနှိပ်ခန်း ပေါများလာခြင်းကြောင့် အသက် ၁၅ နှစ် ကလေးအရွယ်များမှအစ လူငယ်များနှင့် လူလတ်ပိုင်းများအတွက် စိုးရိမ်စရာဖြစ်ကြောင်း တန့်ယန်းမြို့ အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသား တစ်ဦးက ထပ်လောင်း ပြောသည်။

“ဒီလိုတွေ ပေါများလာတာကိုမျိုးတော့ မဖြစ်စေချင်ဘူး။ မျိုးဆက်သစ်တွေ အကျင့်ပျက်တာမျိုး ဖြစ်သွားနိုင်သလို လူ့အသိုင်းအဝိုင်းအတွက်လည်း မကောင်းဘူး။ အခန့်မသင့်ရင် HIV ရောဂါ ကူးစက်မှုတွေပါ ဖြစ်လာနိုင်တယ်။ ပြီးတော့ ဆိုင်တွေကလည်း အသက် ၁၈ နှစ်အောက် တွေတောင် ဝင်ရင် မတားဘူး”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

တန့်ယန်းမြို့တွင် ပေါများလာသည့် KTV နှင့် အနှိပ်ခန်းတို့သည် ဌာနဆိုင်ရာများ ပါဝင်ပတ်သက်နေသည့်အပြင် တိုင်းရင်းသားလက်နက်ကိုင်များထံလည်း အခွန်ပေးဆောင်ရကြောင်း အမည်မဖေါ်လိုသည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

တန့်ယန်းမြို့တွင် ထိုကဲ့သို့ KTV နှင့် အနှိပ်ခန်း ပေါများလာခြင်းကြောင့် လူငယ်များ HIV ကဲ့သို့ လိင်မှတဆင့် ကူးဆက်တတ်သည့် ရောဂါပိုးများ ကူးစက်ပျံ့ပွားလာမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းတွင် မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံ ခြိမ်းခြောက်ပြောဆို

0
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းနှင့် မိုင်းရယ် (၂) မြို့နယ် ပါဝင်သည်။ ယခု ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်တွင်...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

အွန်လိုင်းပေါ်အလုပ်ရှာသည့် မိန်းကလေးကို ကျားဖြန့်သမားများ ပြန်ပေးဆွဲ ငွေညှစ်တောင်း

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်မှ မိန်းကလေးတစ်ဦးကို ကျားဖြန့်လက်ပါးစေများမှ တန့်ယန်းမြို့တွင် အလုပ်ရှိသည်ဟုဆိုကာ လိမ်လည်ဖြားယောင်း၍ ပြန်ပေးဆွဲ ဖမ်းဆီးပြီး မိသားစုထံ ငွေညှစ်တောင်းခံခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မိုင်းလားမြို့ဘက် အလုပ်လုပ်ရန် ရောက်ရှိနေသည့် အသက် (၁၈) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တစ်တော့ Tik Tok ပေါ် အလုပ်ရှာသည့်...

တန့်ယန်းမြို့ထဲ ဆိုလာပြားဘတ်ထရီမှတဆင့် နေအိမ်မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ပေါ်တွင် ဆိုလာပြားဘက်ထရီ လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက် ၈ နာရီခွဲဝန်းကျင်တွင် တန့်ယန်းမြို့ ရပ်ကွက် (၂) ရှိ နေအိမ်တစ်လုံးတွင် ဆိုလာပြားဘတ်ထရီမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့...

တန့်ယန်း UWSA မှ ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မခေါ်ယူခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်

0
သျှမ်းပြည် တန့်ယန်းမြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ မေလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများကို ‘ဝ’တပ်ဖွဲ့ UWSA ၏ (၁၇၁) စစ်ဒေသအောက် တပ်ရင်းများတွင် ရပ်ရွာလုံခြုံရေး အကြောင်းပြကာ ပြည်သူ့စစ်အဖြစ်...