Tuesday, January 27, 2026

တန့်ယန်း UWSA မှ ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မခေါ်ယူခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည် တန့်ယန်းမြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

မေလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများကို ‘ဝ’တပ်ဖွဲ့ UWSA ၏ (၁၇၁) စစ်ဒေသအောက် တပ်ရင်းများတွင် ရပ်ရွာလုံခြုံရေး အကြောင်းပြကာ ပြည်သူ့စစ်အဖြစ် စစ်သင်တန်းတက်ရောက်ရန် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တန့်ယန်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သျှမ်းစစ်သား မဟုတ်တဲ့လူ အကုန်လုံး ‘ဝ’တပ်က ပေးတဲ့ စစ်သင်တန်း တက်ရမယ်လို့ ပြောတာ။ တခြားဒေသကိုတော့ မခေါ်သွားဘူး၊ ရပ်ရွာလုံခြုံရေးပဲ ပြန်လုပ်ခိုင်းမှာ အဲ့လိုစည်းရုံးတယ်။ တကယ်တမ်း စစ်သင်တန်း တက်ပြီးရင် သူတို့ အမိန့်အတိုင်း နာခံရမှာပဲ။ နားညုဘက်က သားနှစ်ယောက်ရှိတဲ့အိမ်တွေ ထွက်ပြေးနေရပြီ”ဟု တန့်ယန်းဒေသခံ ၎င်းအမျိုးသားက ပြောသည်။

မေလ ၂၂ ရက်တွင် တန့်ယန်းမြို့ အရှေ့ဘက်ရှိ ဝိန်းမိုင်၊ ဟွေကြိမ်၊ မိန်းကျိုင် စသည့် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို UWSA (၁၇၁) စစ်ဒေသအောက်မှ ဒုခေါင်းဆောင် တာ့ကော် ဆိုသူနှင့် တန့်ယန်းမြို့ ရပ်ကွက် (၆) နေ လုံးလူ ဆိုသူတို့မှ အစည်းအဝေး ခေါ်ယူခဲ့ပြီး စစ်မှုထမ်းသင်တန်း တက်ရောက်ရန် လူသစ်စုဆောင်းခိုင်းကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

သို့ရာတွင် ကျေးရွာအတွင်း အရွယ်ရောက်ပြီး အမျိုးသားများ မရှိတော့ခြင်းကြောင့် လူသစ်စုဆောင်းပေးရန် မဖြစ်နိုင်တော့ကြောင်း ရွာသူကြီးများဘက်မှ ပြန်လည်ပြောကြားခဲ့ရာ ကလေးနှစ်ယောက်ရှိသည့် နေအိမ်များမှ အသက်မပြည့်သူများလည်း ခေါ်ယူမည်ဖြစ်ကြောင်း လုံးလူ ဆိုသူက ခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

“ရွာလူကြီးတွေက လူမရှိတော့ဘူး၊ ရွာထဲရှိတဲ့ ယောကျ်ားတွေလည်း သျှမ်းတပ်ထဲ ရောက်ကုန်ပြီလို့ ပြောတာ။ အဲ့မှာ ‘ဝ’ဘက်က ပြန်ပြောတာ လူမရှိတာ မဖြစ်နိုင်ဘူး။ သူတို့ကို ပေးစရာ လူမရှိရင် ကလေး ၂ ယောက် ရှိတဲ့အိမ်က အသက်မပြည့်သေးလည်း ယူမယ်။ နောက်တစ်ပတ်အတွင်း မပေးနိုင်ရန် ဟုန်ပန်းခြံမှာ သွားဖြေရှင်းရမယ်လို့ ခြိမ်းခြောက်တယ်”ဟု တန့်ယန်းဒေသခံ ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

လက်ရှိတွင် နားညုကျေးရွာမှ အမျိုးသား ၄ ဦးမှာ UWSA ထံ စစ်သင်တန်း သွားတက်နေသော်လည်း တန့်ယန်းမြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများမှ ရွာသူကြီးများမှာ စစ်သင်တန်းစေလွှတ်ရန် လူသစ် မစုဆောင်းပေးနိုင်ခြင်းကြောင့် လုံခြုံရေးစိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အပြင် ပြည်သူ့စစ်အဖြစ် စစ်မှုထမ်းသင်တန်း တက်ရောက်ရန် လူသစ်စုဆောင်းမည့်အကြောင်း UWSA တာဝန်ရှိသူများ၏ အစည်းအဝေးအတွင်း ပြောကြားချက်ကို မီဒီယာထံ ဓာတ်ပုံနှင့်တကွ သတင်းပေးပို့သည့် ရွာသားကိုလည်း ဖမ်းဆီးရန် ရှာဖွေနေကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၀၂၅ မေလဆန်းပိုင်းမှ စတင်၍ UWSA အခြေချတပ်စွဲထားသည့် ယခင် မန်ပန်ပြည်သူ့စစ် ထိန်းချုပ်နယ်မြေများမှ ကျေးရွာအုပ်စုများ၊ တန့်ယန်း – လားရှိုး ဆက်သွယ်ထားသည့် ကားလမ်းမနှင့် တန့်ယန်း-ပန်ဆန်း ကားလမ်းမ မြောက်ဘက်ရှိ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်အဖြစ် စစ်သင်တန်းတက်ရောက်ရန် အမိန့်ပေးညွှန်ကြားခဲ့သည်။

တန့်ယန်းမြို့နယ်တွင် UWSA ဘက်မှ တပ်သားသစ် စုဆောင်းခြင်း မဟုတ်ဘဲ ရပ်ရွာလုံခြုံရေးအတွက် ပြည်သူ့စစ် ခေါ်ယူခြင်းဖြစ်ပြီး ၎င်းတို့ကို ၂ လခန့် စစ်သင်တန်းပေးကာ လုံခြုံရေးအစီအမံ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို မေလ (၂၀) ရက်တွင် ဖြေကြားထားသည်။

အခြားတစ်ဘက်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသမှ စစ်မှုထမ်းတပ်သားသစ်များ စစ်ရေးပြအခမ်းအနား ကျင်းပခဲ့ပြီး လက်နက်အမျိုးအစားများလည်း ထုတ်ဖော်ပြသခဲ့ကြောင်း မေလ (၂၇) ရက်တွင် WSTV မှ ရုပ်သံ သတင်းထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

တန့်ယန်းတွင် မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံ ခြိမ်းခြောက်ပြောဆို

0
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းနှင့် မိုင်းရယ် (၂) မြို့နယ် ပါဝင်သည်။ ယခု ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်တွင်...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...

အွန်လိုင်းပေါ်အလုပ်ရှာသည့် မိန်းကလေးကို ကျားဖြန့်သမားများ ပြန်ပေးဆွဲ ငွေညှစ်တောင်း

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်မှ မိန်းကလေးတစ်ဦးကို ကျားဖြန့်လက်ပါးစေများမှ တန့်ယန်းမြို့တွင် အလုပ်ရှိသည်ဟုဆိုကာ လိမ်လည်ဖြားယောင်း၍ ပြန်ပေးဆွဲ ဖမ်းဆီးပြီး မိသားစုထံ ငွေညှစ်တောင်းခံခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မိုင်းလားမြို့ဘက် အလုပ်လုပ်ရန် ရောက်ရှိနေသည့် အသက် (၁၈) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တစ်တော့ Tik Tok ပေါ် အလုပ်ရှာသည့်...