တန့်ယန်း UWSA မှ ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မခေါ်ယူခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည် တန့်ယန်းမြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

မေလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများကို ‘ဝ’တပ်ဖွဲ့ UWSA ၏ (၁၇၁) စစ်ဒေသအောက် တပ်ရင်းများတွင် ရပ်ရွာလုံခြုံရေး အကြောင်းပြကာ ပြည်သူ့စစ်အဖြစ် စစ်သင်တန်းတက်ရောက်ရန် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တန့်ယန်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သျှမ်းစစ်သား မဟုတ်တဲ့လူ အကုန်လုံး ‘ဝ’တပ်က ပေးတဲ့ စစ်သင်တန်း တက်ရမယ်လို့ ပြောတာ။ တခြားဒေသကိုတော့ မခေါ်သွားဘူး၊ ရပ်ရွာလုံခြုံရေးပဲ ပြန်လုပ်ခိုင်းမှာ အဲ့လိုစည်းရုံးတယ်။ တကယ်တမ်း စစ်သင်တန်း တက်ပြီးရင် သူတို့ အမိန့်အတိုင်း နာခံရမှာပဲ။ နားညုဘက်က သားနှစ်ယောက်ရှိတဲ့အိမ်တွေ ထွက်ပြေးနေရပြီ”ဟု တန့်ယန်းဒေသခံ ၎င်းအမျိုးသားက ပြောသည်။

မေလ ၂၂ ရက်တွင် တန့်ယန်းမြို့ အရှေ့ဘက်ရှိ ဝိန်းမိုင်၊ ဟွေကြိမ်၊ မိန်းကျိုင် စသည့် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို UWSA (၁၇၁) စစ်ဒေသအောက်မှ ဒုခေါင်းဆောင် တာ့ကော် ဆိုသူနှင့် တန့်ယန်းမြို့ ရပ်ကွက် (၆) နေ လုံးလူ ဆိုသူတို့မှ အစည်းအဝေး ခေါ်ယူခဲ့ပြီး စစ်မှုထမ်းသင်တန်း တက်ရောက်ရန် လူသစ်စုဆောင်းခိုင်းကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

သို့ရာတွင် ကျေးရွာအတွင်း အရွယ်ရောက်ပြီး အမျိုးသားများ မရှိတော့ခြင်းကြောင့် လူသစ်စုဆောင်းပေးရန် မဖြစ်နိုင်တော့ကြောင်း ရွာသူကြီးများဘက်မှ ပြန်လည်ပြောကြားခဲ့ရာ ကလေးနှစ်ယောက်ရှိသည့် နေအိမ်များမှ အသက်မပြည့်သူများလည်း ခေါ်ယူမည်ဖြစ်ကြောင်း လုံးလူ ဆိုသူက ခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

“ရွာလူကြီးတွေက လူမရှိတော့ဘူး၊ ရွာထဲရှိတဲ့ ယောကျ်ားတွေလည်း သျှမ်းတပ်ထဲ ရောက်ကုန်ပြီလို့ ပြောတာ။ အဲ့မှာ ‘ဝ’ဘက်က ပြန်ပြောတာ လူမရှိတာ မဖြစ်နိုင်ဘူး။ သူတို့ကို ပေးစရာ လူမရှိရင် ကလေး ၂ ယောက် ရှိတဲ့အိမ်က အသက်မပြည့်သေးလည်း ယူမယ်။ နောက်တစ်ပတ်အတွင်း မပေးနိုင်ရန် ဟုန်ပန်းခြံမှာ သွားဖြေရှင်းရမယ်လို့ ခြိမ်းခြောက်တယ်”ဟု တန့်ယန်းဒေသခံ ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

လက်ရှိတွင် နားညုကျေးရွာမှ အမျိုးသား ၄ ဦးမှာ UWSA ထံ စစ်သင်တန်း သွားတက်နေသော်လည်း တန့်ယန်းမြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများမှ ရွာသူကြီးများမှာ စစ်သင်တန်းစေလွှတ်ရန် လူသစ် မစုဆောင်းပေးနိုင်ခြင်းကြောင့် လုံခြုံရေးစိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အပြင် ပြည်သူ့စစ်အဖြစ် စစ်မှုထမ်းသင်တန်း တက်ရောက်ရန် လူသစ်စုဆောင်းမည့်အကြောင်း UWSA တာဝန်ရှိသူများ၏ အစည်းအဝေးအတွင်း ပြောကြားချက်ကို မီဒီယာထံ ဓာတ်ပုံနှင့်တကွ သတင်းပေးပို့သည့် ရွာသားကိုလည်း ဖမ်းဆီးရန် ရှာဖွေနေကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၀၂၅ မေလဆန်းပိုင်းမှ စတင်၍ UWSA အခြေချတပ်စွဲထားသည့် ယခင် မန်ပန်ပြည်သူ့စစ် ထိန်းချုပ်နယ်မြေများမှ ကျေးရွာအုပ်စုများ၊ တန့်ယန်း – လားရှိုး ဆက်သွယ်ထားသည့် ကားလမ်းမနှင့် တန့်ယန်း-ပန်ဆန်း ကားလမ်းမ မြောက်ဘက်ရှိ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်အဖြစ် စစ်သင်တန်းတက်ရောက်ရန် အမိန့်ပေးညွှန်ကြားခဲ့သည်။

တန့်ယန်းမြို့နယ်တွင် UWSA ဘက်မှ တပ်သားသစ် စုဆောင်းခြင်း မဟုတ်ဘဲ ရပ်ရွာလုံခြုံရေးအတွက် ပြည်သူ့စစ် ခေါ်ယူခြင်းဖြစ်ပြီး ၎င်းတို့ကို ၂ လခန့် စစ်သင်တန်းပေးကာ လုံခြုံရေးအစီအမံ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို မေလ (၂၀) ရက်တွင် ဖြေကြားထားသည်။

အခြားတစ်ဘက်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသမှ စစ်မှုထမ်းတပ်သားသစ်များ စစ်ရေးပြအခမ်းအနား ကျင်းပခဲ့ပြီး လက်နက်အမျိုးအစားများလည်း ထုတ်ဖော်ပြသခဲ့ကြောင်း မေလ (၂၇) ရက်တွင် WSTV မှ ရုပ်သံ သတင်းထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...

မိုင်းဆတ် UWSA ပိုင် ကျောက်မီးသွေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်...

UWSA ထိန်းချုပ်နယ်မြေတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေရှိ ပညာရေးကဏ္ဍတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြားထားကြောင်း သတင်းသိရသည်။ မတ်လ (၃) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး ကျင်းပခဲ့စဉ် “နိုင်ငံတော်မှ လုံးဝ ခွဲထွက်မည်မဟုတ်” ဆိုသည့်အတိုင်း ပညာရေးကဏ္ဍတွင် မြန်မာစာနှင့်...

တန့်ယန်းမြို့နယ်တွင် UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု လွိုင်လောဝ်တောင်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်နေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ တန့်ယန်းမြို့နယ် လွိုင်လောဝ်(လွႆလၢဝ်)တောင်မှ ထွက်ရှိသော သလင်းကျောက်များကို ‘ဝ’တပ်ဖွဲ့ UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းတူးဖော်နေပြီး ပန်ညောင်ကျေးရွာအုပ်စုနှင့် မိုင်းကျိုင်ကျေးရွာအုပ်စု အစပ်ရှိ...