Wednesday, January 28, 2026

သီပေါ ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ပုတိမ်တောင်ရပ်ကွက်တွင်ရှိသည့် ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခိုးယူခံရကြောင်း စုံစမ်းသိရှိရသည်။

သီပေါမြို့ ပန်းတိမ်မြောက်ရပ်ကွက်တွင် မတ်လ ၂၃ မနက်အစောပိုင်းက ဖောက်ထွင်းခံရသော လက်ကိုင်ဖုန်းအရောင်းဆိုင်

ယနေ့ (မတ်လ ၂၃ ရက်) မနက် ၁ နာရီဝန်းကျင် လျှပ်စစ်မီး ပြတ်တောက်နေသည့်အချိန်တွင် လူတစ်စုမှ ဖုန်းဆိုင်၏ သော့ကို မီးရှို့ဖျက်ဆီးကာ ဆိုင်တွင်းရှိ ဖုန်းများအားလုံးကို ယူဆောင်သွားကြောင်း သိရသည်။

“လူဘယ်နှစ်ယောက် လာဖောက်သွားလဲတော့မသိဘူး။ ညအချိန်ဘဲဖြစ်မှာပေါ့။ ဆိုင်ထဲမှာရှိတဲ့ ဖုန်းအသစ်တွေ အကုန်ယူသွားတာပဲ။ အလုံး ၂၀ ကျော်လောက်ယူသွားတယ်။ ဖုန်းပြင်ဖို့ ပစ္စည်းကိရိယာတွေလည်း ယူသွားတယ်။ ဖုန်းအဟောင်းတွေကောယူသွားတာ။ အကုန်ပါပဲ” ဟု ဖုန်းဆိုင်ဖောက်ထွင်းခံရသည့် ဆိုင်ရှင် အမျိုးသားက ပြောသည်။

အဆိုပါဖောက်ထွင်းမှုကြောင့် စုစုပေါင်း ကျပ်ငွေ သိန်း (၂၀)နီးပါး ဆုံးရှုံးသွားကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများ ရှာဖွေစားသောက်ရာတွင် ခက်ခဲလာသောကြောင့် ယခုလို ခိုးယူဖောက်ထွင်းမှု ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဖောက်ထွင်းမှုများပြားလာပြီး တာဝန်ရှိသူရဲများက ဖြေရှင်းပေးတာမရှိသောကြောင့် ပြည်သူများက အသွားအလာ စိုးရိမ်နေကြရကြောင်း သိရသည်။

“အခုက ရှာစားရတာလည်း ခက်တယ်လေ။ ဒီတော့ ခိုးယူမှုတွေကလည်း များလာတယ်။ ဒီလိုမျိုး ဖောက်ထွင်းတာတွေလည်း ပိုများလာတယ်။ ကုန်ဈေးနှုန်းတွေကလည်းတက်တော့ တစ်နေ့ရတဲ့ငွေနဲ့ မလောက်တော့ ခိုးယူကြတာပဲ။ အခြေခံလူတန်းစားအတွက်ဆိုရင်လည်း ပိုခက်ခဲတယ်။ ပြီးတော့ တစ်နေ့လုပ်တစ်နေ့စားတွေကလည်း ပိုများလာတယ်” ဟု သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သီပေါမြို့တွင် မကြာခဏ ခိုးယူလုယက်မှုများရှိလာပြီး အကြီးမားဆုံး ခိုးယူ ဖောက်ထွင်းမှု ၃ ကြိမ်ထိရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့်...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...
Hsipaw Bridge Closed

သီပေါတံတား တစ်လကျော်ပိတ်ထားသော်လည်း စစ်တပ်လာဘ်ယူပြီး ကုန်ကားအချို့ ညအချိန် ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA တို့ တစ်လကျော်ကြာ ပိတ်ဆို့ထားသော်လည်း ကုန်ကားအချို့ထံ လာဘ်ငွေတောင်းယူပြီး ညအချိန် ဖြတ်သန်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် MNDAA တို့ စစ်ရေးတင်းမာမှုကြောင့်...
Lashio_Hsipaw_Road_Cut_Out

သျှမ်းမြောက်လမ်းပိုင်းအား စစ်ကော်မရှင်နှင့် MNDAA အပြန်အလှန်ပိတ်ဆို့၍ လူထုအခက်ကြုံ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် သီပေါမြို့ကြားရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာပေးရန် စစ်ကောင်စီတပ်က ဖိအားပေးမှုကြောင့် နှစ်ဘက်စစ်ရေး ပြန်လည်တင်းမာလာပြီး အပြန်အလှန် လမ်းပိတ်ဆို့မှု များကြောင့် ပြည်သူများ သွားလာရေးခက်ခဲနေကြောင်း စုံစမ်းသိရသည်။