Tuesday, January 27, 2026

တရုတ်လေကြောင်းလိုင်းပျက်ကျ သျှမ်းအမျိုးသမီး (၄)ဦးပါ

China Eastern လေကြောင်းလိုင်းပျက်ကျသည့်ထဲတွင် သျှမ်းလူငယ်အမျိုးသမီး (၄)ဦး ပါ၀င်ကြောင်း စုံစမ်းသိရသည်။

မတ်လ ၂၁ ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်းတွင် ပျက်ကျသည့် China Eastern လေကြောင်းလိုင်း က ဘိုးအင်း ၇၃၇

မတ် (၂၁)ရက်တွင် ခရီးသည် (၁၃၂)ဦးတင်ဆောင်လာသည့် China Eastern လေကြောင်းလိုင်းသည် တရုတ်နိုင်ငံ တောင်ပိုင်း တွင်ပျက်ကျခဲ့ရာ ထိုထဲတွင် သျှမ်းလူငယ်အမျိုးသမီး (၄)ဦးပါ၀င်ခဲ့ကြောင်း တရုတ်နိုင်ငံ ရွှေလီမြို့နေ သျှမ်းလူငယ်အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လေယာဥ်ပျက်ကျသည့်ထဲတွင် ပါသွားသောအမျိုးသမီး (၄)ဦးသည် တရုတ်နိုင်ငံ ရွှေလီခရိုင် တယ်ဟုန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (သျှမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်) ဝမ်းတိန်ကျေးရွာအုပ်စု မွမ်းခွန်ပန်ရွာက ဒေသခံ အမျိုးသမီးများဖြစ်ကြောင်း သိရှိရသည်။

“သျှမ်းလူငယ်တွေက အလုပ်သွားလုပ်ဖို့အတွက် ကွာလတင်း (၂) ပတ်ဝင်ထားပြီး တခြားပြည်နယ်ကို သွားကြတာ။ ရွှေလီဘက်မှာနေရင် lockdown တွေရှိပြီး ကိုဗစ်-၁၉ နေ့တိုင်းစစ်နေရတယ်။ အဲ့တော့ လူငယ်တွေက တခြားပြည်နယ်ကိုသွားပြီး အလုပ်သွားလုပ်ကြတာ” ဟု ၎င်းက ပြောသည်။

တရုတ်နယ်စပ်ဖြစ်သည် ရွှေလီခရိုင်သည် ကိုဗစ်-၁၉ ရောဂါကြောင့် lockdown ပြုလုပ်ထားခြင်း၊ ကိုဗစ်-၁၉ ရောဂါ တစ်ပတ်တစ်ကြိမ် အာခေါင် (နှာခေါင်း ) စစ်ဆေးခြင်းများပြုလုပ်သည့်အတွက် ဒေသခံလူငယ်များ တခြား ပြည်နယ်သို့ အလုပ်ထွက်လုပ်ကိုင်ကြကြောင်း ရွှေလီဒေသခံများကပြောဆိုကြသည်။

“အပြင်ထွက် အလုပ်မလုပ်ရပဲ နေ့တိုင်း ကိုဗစ်စစ်နေတော့ အဆင်မပြေဘူး။ ရွှေလီခရိုင်ကိုကျော်သွားရင် Lockdown တွေ လည်းမရှိဘူး။ ကိုဗစ် စစ်တာတွေလည်းမရှိဘူး။ လူငယ်တွေက တခြားပြည်နယ်ကိုသွားပြီး အလုပ်သွားလုပ်ကြတာ။ အဲ့ဒါတွေလည်းပါမယ်” ဟု ဝမ်းတိန်ကျေးရွာက ဒေသခံ တစ်ဦးကပြောသည်။

လေယာဉ်ပေါ်လိုက်ပါစီးနင်းမည့် သူများ စာရင်းအရ (၁၃၃) ဦးရှိထားသော်လည်း ခရီးသည်တစ်ဦးမှာ ခရီးမထွက်ဖြစ်ကြောင်း သိရှိရသည်။

“စာရင်းရှိ (၁၃၃) ဦးမှာ အမျိုးသား တစ်ဦးတော့ လေယာဉ်လက်မှတ်ဝယ်ထားပြီး ခရီးမထွက်ဖြစ်ဘူး” ဟု ရွှေလီမြို့နေ ဒေသခံတစ်ဦး ကပြောသည်။

ထိုလေယာဉ်ပေါ်မှာ ခရီးသည် (၁၃၂) ဦးလိုက်ပါသွားပြီး boeing (737) ပြည်တွင်းခရီးစဉ်တစ်ခုဖြစ်သည့် ကူမင်း မှ ကွမ်ကျိုးသို့ အသွား ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တောင်ပေါ်မှာ ပျက်ကျသွားကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်- အမေရိကန် ကျားဖြန့်အားပြိုင်မှုကြား ရုန်းထွက်ရန် ကြိုးစားနေသည့် စစ်အုပ်စုနှင့် EAOs များ

0
ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာနေပြီး အဆိုပါနိုင်ငံကြီးနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး စစ်အုပ်စုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက် အပါအဝင် ထိုင်း...

တရုတ်နိုင်ငံရောက် စစ်ကော်မရှင်ဝန်ကြီး ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးကိစ္စဆွေးနွေး

0
စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးသည် တရုတ်နိုင်ငံပိုင် စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများနှင့် တွေ့ဆုံစဉ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေးကိစ္စများ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ တရုတ်နိုင်ငံတွင် စွမ်းအင်အသွင်ကူးပြောင်းရေးဖိုရမ် တက်ရောက်နေသည့် စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အောက်တိုဘာလ (၂၁) ရက်တွင် တရုတ်နိုင်ငံပိုင် China...

ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာပေါ်ထိုးဖောက်ရန် တရုတ်ကြိုးပမ်း

0
တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသည့် ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာမှတဆင့် ထိုးဖောက်ရန် သက်ဆိုင်ရာနိုင်ငံများမှ အင်တာနက်ပေါ် နာမည်ကြီးသူများကို ဖိတ်ခေါ်ကာ ယူနန်ပြည်နယ်တွင် မီဒီယာဖိုရမ် ကျင်းပပြုလုပ်ခဲ့သည်။ စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တွင် ယူနန်ပြည်နယ် ကူမင်းမြို့၌ ပိုးလမ်းမစီမံကိန်း BRI နှင့်...

MNDAA က နယ်စပ်လုံခြုံရေးအတွက် သေနတ်(၂၀၀) လက်ကို တရုတ်လက်အပ်၊ (၅၀၀)နီးပါး မီးရှို့ဖျက်ဆီး

0
မြန်မာ-တရုတ်နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA က သေနတ် (၆၇၆) လက်ကို သိမ်းဆည်းခဲ့ပြီး ထိုထဲမှ သေနတ် (၂၀၀) လက်ကို တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးခဲ့ကာ ကျန်ရှိသည့် (၄၇၆) လက်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့်...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

0
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...