တရုတ်တွင် မုန်တိုင်းကြောင့် ဆည် ၃ ခုကျိုးပျက်ပြီး လူ ၆၂,၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းထားရ

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး (Guangxi) ဒေသ၏ မြို့တော်ဖြစ်သော နန်နင်း (Nanning) မြို့တွင် တိုင်ဖွန်းမုန်တိုင်း မေဆက် (Maysak) ကြောင့် မြစ်ရေများ မြင့်တက်လာပြီး ရေလှောင်တမံ (ဆည်) အနည်းဆုံး ၃ ခု ကျိုးပျက်ခဲ့သည်။

ထိုဆည်ကျိုးပျက်မှုကြောင့် လူ ၄ ဦး သေဆုံးပြီး ပြည်သူ ၆၂,၀၀၀ ခန့် ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း နန်နင်းမြို့ ဒုတိယမြို့တော်ဝန်၏ ထုတ်ပြန်ချက်နှင့် နိုင်ငံတကာ သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်တွင် တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း မေဆက် (Maysak) ကြောင့် လက်ရှိတွင် နန်နင်းမြို့၌ ရေကြီးမှုကြောင့် ပြည်သူ ၅၅,၀၀၀ ခန့် ဘေးဒုက္ခကြုံတွေ့နေရပြီး အလွန်အမင်း မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးလျက်ရှိရာ၊ အာဏာပိုင်များက ရေဘေးထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်မှုကို အမြင့်ဆုံးအဆင့်ဖြင့် ဆောင်ရွက်နေရသည်။

ထို့အပြင် ရေကြီးမှု၏ နောက်ဆက်တွဲဘေးအန္တရာယ်အဖြစ် ဟန်ကျိုး (Hangzhou) ကျေးရွာတစ်ရွာရှိ မြွေမွေးမြူရေးခြံတစ်ခု ရေမြုပ်ရာမှ အလွန်အဆိပ်ပြင်းသော မြွေဟောက်နှင့် ငန်းတော်ကြားမြွေအမျိုးအစားများ အပါအဝင် မြွေကောင်ရေ ၈၀၀ ကျော် လွတ်မြောက်သွားခဲ့ကြောင်း ဒေသတွင်း ဟုန်ရှင်းသတင်းဌာနတွင် ဖော်ပြသည်။

လက်ရှိတွင် ရွာသားတစ်ဦး မြွေကိုက်ခံရသဖြင့် ဆေးရုံတင်ထားရပြီး ဒေသခံများအတွက် နောက်ထပ် စိုးရိမ်စရာ အန္တရာယ်တစ်ခု ဖြစ်နေသည်။

ထို့ပြင် တရုတ်နိုင်ငံမှ ပစိဖစ်သမုဒ္ဒရာကို ဖြတ်သန်း၍ ထိုင်ဝမ်ဘက်သို့ ဦးတည်ရွေ့လျားနေသည့် ဆူပါတိုင်ဖွန်း ဘာဗီ (Bavi) အတွက်လည်း သတိပေးချက် ထုတ်ပြန်ထားသည်။ အမေရိကန် အမျိုးသားမိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ ဆူပါတိုင်ဖွန်းသည် ဂူအမ်၊ တီနီယန်၊ ဆိုင်ပန်နှင့် ရိုတာကျွန်းများကို တစ်နာရီလျှင် လေပြင်းတိုက်ခတ်နှုန်း ၁၈၀ မိုင်ဖြင့် ဖြတ်သန်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာန၏ အဆိုအရ မိုးလေဝသအာဏာပိုင်များက တိုင်ဖွန်းမုန်တိုင်း ဘာဗီကြောင့် လာမည့်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံအရှေ့ပိုင်းတွင် လေပြင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကိုလည်း သတိပေးထားသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် နှစ်စဉ် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်နေသည့် ပြင်းထန်သော ဘေးအန္တရာယ်များနှင့် ပိုမိုရင်ဆိုင်လာနေရသည်။

မြို့များတွင် ရေကြီးခြင်း၊ စက်မှုလုပ်ငန်းများ ရပ်ဆိုင်းခြင်းနှင့် သီးနှံများ ရေမြုပ်ပျက်စီးခြင်းများကြောင့် ရာသီဥတုနှင့် ဆက်စပ်နေသော အန္တရာယ်များသည် နှစ်စဉ် ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိသည့် ကုန်သွယ်မှုလုပ်ငန်းများကို ပျက်စီးစေကြောင်း ပညာရှင်များက ထောက်ပြထားသည်။

လာမည့်ရက်များတွင် ကွမ်ရှီး၊ ကွေ့ကျိုး (Guizhou) နှင့် ဟူနန် (Hunan) ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပွားနိုင်ကြောင်း တရုတ်မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။ အဆိုပါဒေသသည် လူဦးရေ သန်း ၁၅၀ ကျော်နေထိုင်ပြီး ရုရှားတနိုင်ငံလုံးထက်ပင် လူဦးရေထက်များပြားသောဒေသဖြစ်သည်။

ဆည်တည်ဆောက်မှု နည်းပညာပိုင်းတွင် ကမ္ဘာ့ထိပ်တန်းဖြစ်သော တရုတ်နိုင်ငံသည် သဘာဝဘေးကြောင့် ဆည်များ ကျိုးပျက်မှုကို မကာကွယ်နိုင်ခြင်းသည် မြန်မာနိုင်ငံတွင်း တည်ဆောက်ရန် ပြင်ဆင်နေသည့် တရုတ်ဆည်စီမံကိန်းကြီးများ (ဥပမာ – မြစ်ဆုံဆည် နှင့် မိုင်းတုံဆည်) ၏ ရေရှည်ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံရေးအာမခံချက်အပေါ် မေးခွန်းထုတ်စရာ နှင့် စိုးရိမ်စရာ ဖြစ်လာသည်။

အထူးသဖြင့် လက်ရှိတွင် မြန်မာနိုင်ငံသည် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ အဂတိလိုက်စားမှု နှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ စောင့်ကြည့်မှုအားနည်းခြင်းတို့ကြောင့် ဆည်များ၏ အရည်အသွေးထိန်းချုပ်မှု (Quality Control) စံနှုန်း ပျက်ပြားကာ ဘေးအန္တရာယ် ပိုမိုကြီးမားလာနိုင်သည်။

တရုတ်နိုင်ငံတွင် ဆည်များအန္တရာယ်ရှိလာလျှင် အစိုးရက ရန်ပုံငွေ ယွမ်သန်းပေါင်းများစွာနှင့် ကယ်ဆယ်ရေးအဖွဲ့များကို စနစ်တကျ အလျင်အမြန် စေလွှတ်နိုင်သော်လည်း၊ မြန်မာနိုင်ငံတွင်မူ တရုတ်ဆည်စီမံကိန်းအများစုရှိရာ ကချင်နှင့် သျှမ်းပြည်တို့တွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များအကြား စစ်ပွဲပြင်းထန်လျက်ရှိသည်။

ထို့ကြောင့် ရာသီဥတုဆိုးရွား၍ ဆည်များတွင် အန္တရာယ်ရှိလာပါက ပြည်သူများကို ကြိုတင်သတိပေးနိုင်မည့် စနစ်မရှိခြင်း၊ စစ်ပွဲကြောင့် ကယ်ဆယ်ရေးအဖွဲ့များ ကွင်းဆင်းရန် လုံးဝမဖြစ်နိုင်ခြင်းတို့ကြောင့် သဘာဝဘေးထက် ပိုမိုဆိုးရွားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးမားဆုံး ကပ်ဆိုးကြီး (Humanitarian Catastrophe) သို့ ဦးတည်သွားနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း ကျွမ်းကျင်သူများက ထောက်ပြဝေဖန်ထားကြသည်။

ကိုးကား – Reuters, The Guardian

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

ကျောက်ဖြူ ဝိရောဓိ – အာဏာသိမ်းအစိုးရအပေါ် တရုတ်၏ ထောက်ခံမှုမှ စီမံကိန်း ကျရှုံးမှုကို သေချာစေခြင်း

0
မြန်မာစစ်ခေါင်းဆောင်အဖြစ်မှ လက်ရှိသမ္မတအဖြစ်တာဝန်ယူထားသူ ဦးမင်းအောင်လှိုင်၏ ၂၀၂၆ ခုနှစ်၊ ဇွန်လအစောပိုင်း ပေကျင်းခရီးစဉ်အပြီးတွင် နှစ်နိုင်ငံပူးတွဲကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။  ၎င်းကြေညာချက်သည် တရုတ်နိုင်ငံ၏ မြန်မာ့အရေး မဟာဗျူဟာများထဲမှ ကြီးမားသော ဝိရောဓိ “၎င်းကိုယ်တိုင်ပြန် ဒုက္ခရောက်စေမည့် လမ်းလွဲနေသည့်အခြေအနေ” ကို ကွက်ကွက်ကွင်းကွင်း မြင်သာလာစေသည့် သမိုင်းဝင် အပြောင်းအလဲ တခုဖြစ်လာနေသည်။ ယခုအခါ ပေကျင်း၏...

တရုတ်နှင့် အမေရိကန်၏ ဖိအားများကြား တာချီလိတ် ကျားဖြန့်လုပ်ငန်းများကို စစ်ကော်မရှင် အရေးယူပြ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၅၂ ဦးကို စက်ပစ္စည်းအမြောက်အမြားနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင် ယမန်နေ့ (ဧပြီလ ၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယမန်နေ့ (ဧပြီလ ၂၇ ရက်) နေ့လယ် ၁၂ နာရီခန့်တွင်...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...