ကွတ်ခိုင်မြို့နယ် လောင်းကစားရုံအတွင်း ပြည်သူ့စစ်နှင့် အရပ်သား ခိုက်ရန်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် လောင်းကစားကြောင့် ပြည်သူ့စစ်နှင့် အရပ်သားတို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပြည်သူဘက်မှ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ လွန်ခဲ့သည့် မတ် ၁၈ ရက် ည ၈ နာရီခွဲဝန်းကျင် ကွတ်ခိုင်မြို့ ရပ်ကွက်(၄) ရှုခင်းသာတွင် ရှိသည့် လောင်းကစားရုံတွင် ပြည်သူစစ် နှင့် ပြည်သူတို့ ရန်ဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်ဘက်မှ လက်နက်ဖြင့် လာရောက်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

“လောင်းကစားရုံထဲကနေ ရန်ဖြစ်တာ။ ဘာကြောင့် ရန်ဖြစ်လဲတော့ မသိဘူး။ ကောင်းခါးပြည်သူ့စစ် နဲ့ ပြည်သူတို့ ရန်ဖြစ်တာ။ ကောင်းခါးပြည်သူ့စစ်ဘက်ကနေ သူတို့ လူကို ခေါ်လာပြီးတော့ သေနတ်ပစ်ဖောက်သွားတာတွေရှိတယ်။ ပြည်သူဘက်ကတော့ ဒဏ်ရာရရှိတာရှိတယ်။ သေဆုံးတာတွေတော့ မရှိဘူး။ ပြည်သူဘက်က ၂ ယောက်နဲ့ ဟိုဘက်က လူ ၈ ယောက်လောက် ရှိမယ်ထင်တယ်” ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ ရန်ဖြစ်ပွားမှုကြောင့် ပြည်သူဘက်မှ ခေါင်းကွဲဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့တွင် လောင်းကစားရုံ ယခင်ထက် ပိုများပြားလာပြီး ခိုးယူမှုများ၊ ဓားခုတ်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများလည်း မကြာခဏ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

လောင်းကစားရုံပေါများလာပြီး ခိုးယူမှုများပြားလာသဖြင့် ဒေသခံများက လုံခြုံမှုမရှိတော့ကြောင်း ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကွတ်ခိုင်မှာ လောင်းကစားရုံအရမ်းများတယ်။ ခိုးယူတာတွေလည်း များ၊ ရန်ဖြစ်တာတွေလည်းများတယ်။ ဟိုနေ့ကပဲ (၇၇၇၇) ရုံမှာဓားခုတ်မှုဖြစ်ခဲ့သေးတယ်။ ဆိုင်ကယ်ဆိုလည်း အပြင်မှာ ဒီတိုင်းလေး ခနဘဲထားထားတာ ပြန်လာတော့ ပျောက်သွားပြီ။ ကြောက်ရတယ်။ စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေရတာ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ထပ်မံပြောပြသည်။

ကွတ်ခိုင်မြို့နယ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားရုံပိုများပြားလာပြီး ပေါ်ပေါ်တင်တင် ကစားလာကြကြောင်း၊ လက်ရှိ ကွတ်ခိုင်မြို့နယ်အတွင်း လောင်းကစားရုံ ၁၁ရုံရှိ ကြောင်း သိရသည်။

အလားတူ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တဝှမ်း လောင်းကစားရုံများပြားလာခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူများလာခြင်း၊ ခိုးယူလုယက်မှုများလည်း ယခင် NLD အစိုးရလက်ထက်ကထက် ပိုများပြားလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ လောင်းကစားရုံများ ပေါ်ပေါ်ထင်ထင် ပြန်လည်ပတ်နေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့အတွင်းတွင် လောင်းကစားရုံ လုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် ပြန်လည်ပတ်နေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီထိန်းချုပ်ထားသည့် တာချီလိတ်မြို့အတွင်း ပြီးခဲ့သည့် ဧပြီလမှ စတင်ပြီး လောင်ကစားရုံ လုပ်ငန်းများ ပြန်လည်ဖွင့််လှစ်ပြီး ကာစီနို ၊ ငါးခုံ စသည့် လောင်းကစားအမျိုးမျိုးကိုလည်း ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်နေကြကြောင်း အသက် ၂၅...

ကွတ်ခိုင်မြို့နယ် မန့်ဝိန်းပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူး ပစ်သတ်ခဲ့သည့်အမှု လျော်ကြေးငွေဖြင့် ကြေအေး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ်ရှိ ပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို လျော်ကြေးငွေဖြင့် ကြေအေးလိုက်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၈) ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အမှတ်-၁၈၀ တပ်ရင်းမှူး စိုင်းစိန္န...

ကျောက်မဲမြို့နယ် TNLA နှင့် MNDAA ပေါင်းပြီး စက်ယန္တရားဖြင့် အကြီးအကျယ် ရွှေတူးဖော်နေ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့နယ်ခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ပူးပေါင်းပြီး စက်ယန္တရားများဖြင့် အကြီးအကျယ် ရွှေတူးဖော်နေကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ - မိုင်းငေါ့ ကားလမ်းပေါ်ရှိ...

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီး KIA နှင့် MNDAA နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ် KIA တပ်စခန်းတစ်ခုကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက် နှောက်ယှက်ခဲ့ခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်များ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်‌နေ့ (ဒီဇင်ဘာလ ၂၂ ရက်) နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပန်ယန်ခါးကျေးရွာအနီးရှိ KIA လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း...

ကွတ်ခိုင်မြို့နယ် ကာလိုင်စာသင်ကျောင်းမှ ဆရာ/မများကို TNLA မောင်းထုတ်ပြီး ကျောင်းကိုပါချိတ်ပိတ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်စာသင်ကျောင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်‌မြောက်ရေး တပ်မတော် TNLA က ကျောင်းတံခါးများကို သစ်သားဖြင့် ကြက်ခြေခတ် သံရိုက်နှက်ပြီး ချိတ်ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) ည ၉ နာရီကျော်ခန့်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းသို့ TNLA...