တာချီလိတ်မြို့ လောင်းကစားရုံများ ပေါ်ပေါ်ထင်ထင် ပြန်လည်ပတ်နေ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့အတွင်းတွင် လောင်းကစားရုံ လုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် ပြန်လည်ပတ်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် တာချီလိတ်မြို့အတွင်း ပြီးခဲ့သည့် ဧပြီလမှ စတင်ပြီး လောင်ကစားရုံ လုပ်ငန်းများ ပြန်လည်ဖွင့််လှစ်ပြီး ကာစီနို ၊ ငါးခုံ စသည့် လောင်းကစားအမျိုးမျိုးကိုလည်း ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်နေကြကြောင်း အသက် ၂၅ ကျော်အရွယ် တာချီလိတ်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အလောင်းကစားရုံတွေ ပြန်ဖွင့်လာ ၃ လကျော်လောက်ရှိပြီ။ စစ်တုန်း၊ ဖမ်းတုန်း က ခဏပိတ်ကြတာ။ ကျမသိသလောက် အလောင်းကစားရုံသီးသန့်ဆိုရင် ၄ ရုံ၊ KTV နဲ့ ငါးခုံတွဲ ဖွင့်တဲ့ဆိုင်တွေကလည်း ၄ ဆိုင်လောက်ရှိမယ်။ ငါးခုံ လောင်းကစား သီးသန့်ဖွင့်ထားတာမျိုးဆိုရင်တော့ ရပ်ကွက်တိုင်းလိုလို ပြန်ရှိနေပြီ။ လောင်းကစားကတော့ အစုံပဲ။အရင်တုန်းက ပိတ်တဲ့ဟာတွေ ပြန်ဖွင့်နေတာ။”ဟု ၎င်း အမျိုးသမီးတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ မှစပြီး တာချီလိတ်မြို့အတွင်း ဟိုတယ် (Hotel) ၊ KTV ဖွင့်ထားသည့် ဆိုင်များသည် ငါးခုံများနှင့် တွဲ၍ တိုးချဲ့ဖွင့်လာကြကြောင်း၊ အချို့သော လောင်းကစားရုံများတွင် အမျိုးသမီးများကို ဦးစားပေး အလုပ်ခေါ်ကြောင်း လောင်းကစားရုံတွင် အလုပ်လုပ်နေသည့် လူငယ်အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“နေရာတိုင်းမှာတော့ အသက် ၁၈နှစ်အထက်တွေပဲယူတာ။ အချိုးနေရာတွေက အမျိုးသမီးတွေကို အလုပ်ခေါ်ရင် မလှရင်မယူဘူး။” ဟု ၎င်းက ဆိုသည်။

လက်ရှိ တာချီလိတ်မြို့ပေါ်တွင် ဖွင့်လှစ်နေသော လောင်းကစားရုံများသည် ပြည်သူ့စစ်နှင့် ဌာနဆိုင်ရာများနှင့် ပတ်သက်သူများသာဖြစ်ကြသည်။

တာချီလိတ်မြို့ရှိ အလောင်းကစားလုပ်ငန်း ကာစီနိများတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းများသည် တာချီလိတ်မြို့ခံများအပြင် မြန်မာပြည်တဝှမ်းမှ စစ်ဘေးလာရောက်ရှောင်သူများနှင့် စစ်ရေးပဋိပက္ခ၏ ရိုက်ခတ်မှုကြောင့် စီးပွားရေး ရှာဖွေ စားသောက်ရန် ခက်ခဲသူများက လာရောက်လုပ်ကိုင်ကြကြောင်း လောင်းကစားရုံတွင် အလုပ်လုပ်နေသည့် အသက် ၂၅နှစ်အရွယ် လူငယ်အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အဓိကတော့သျှမ်းမြောက်ဘက်ကဆို ကျောက်မဲ၊ သီပေါ စစ်ရှောင်လာတဲ့လူငယ်တွေရှိမယ်။ နောက် ရန်ကုန်၊မန္တလေးဘက်က လာတဲ့လူငယ်တွေရှိတယ်။ နောက် သျှမ်းရှေ့ တာချီလိတ်၊ ကျိုင်းတုံ မိုင်းဖြတ်က လူငယ်တွေလည်းများတယ်” ဟု ၎င်းက ပြောသည်။


လောင်းကစားရုံတွင် အလုပ်လုပ်ကိုင်ကြသော သူများသည် နေစရိတ်၊ စားစရိတ်ငြိမ်းအပြင် တစ်လလျှင် လစာ ထိုင်းဘတ်ငွေ ဘတ်တစ်သောင်းမှ ဘတ်တစ်သောင်းခွဲထိရကြောင်း (မြန်မာကာလပေါက်စျေး ကျပ်ငွေ ဆယ်နှစ်သိန်း အထက်) ရရှိကြောင်း ၎င်းက ဆက်ပြောသည်။

တာချီလိတ်မြို့သည် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်ပြီး စစ်ရေး ပဋိပက္ခဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံများက အခွန်အခကောက်ယူပြီး အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် လောင်းကစားရုံများကို ပေါ်တင်ပြုလုပ်နေသည့် မြို့ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၅ခုနစ် ဖေဖော်ဝါရီ ပထမပတ်တွင် ထိုင်းနိုင်ငံ၏ဖိအားကြောင့် တာချီလိတ်မြို့တွင်း ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းများကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က မဖမ်းဆီးခင် ၎င်းလုပ်ကိုင်သူများကို ကြိုတင်အသိပေးခဲ့ပြီးမှ လိုက်လံဟန်ပြ ဖမ်းဆီးခဲ့ပြီး ငါးခုံဂိမ်းဆိုင်များ၊KTV ဆိုင် အချို့ကိုလည်းဟန်ပြ ပိတ်ခိုင်းခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...