ကျောက်မဲ စစ်ရှောင် ၄၀၀ ခန့် ကျန်နေဆဲ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ရှောင် (၄၀၀) ခန့်ကျန်ရှိပြီး၊ ထိုထဲတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ နှင့် ကလေးငယ်များသာ အများစု ဖြစ်ကြောင်း စုံစမ်း သိရသည်။

ပြီးခဲ့သည့် နှစ်လယ်ပိုင်းကတည်းက ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာကာ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်ပြည်သူလည်း များစွာ ကျန်ရှိနေဆဲဖြစ်ပြီး အခြားမြို့များသို့ အလုပ်သွားလုပ်ကြသူများလည်းရှိနေကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။

“အများစုက လူကြီးပိုင်းရယ်၊ အမျိုးသမီးနဲ့ ကလေးတွေပဲကျန်တယ်။ တချို့က တခြားမြို့ကို သွားပြီး အလုပ်သွားလုပ်ကြတယ်။ ဖားကန့်ဘက်သွားတာရော၊ တရုတ်ပြည်ဘက်သွားတာရောရှိတယ်။ တချို့က မြို့ထဲမှာ သူတို့ အသိတွေဆီကနေ အလုပ်တွေ လုပ်နေကြတာ။ နေရပ်ပြန်သွားတာတော့ မဟုတ်ဘူး” ဟု ကျောက်မဲ သျှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဌ လုံးလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း နေရပ်မပြန်သေးသည့် စစ်ဘေးရှောင်များမှာ ဟူးစွန်၊ တွန်ဟိတ်၊ ခြုံးသစ်၊ ခြုံးဟောင်း၊ ဟိန်းဝိုး ကျေးရွာတို့မှ အပါအဝင် အခြားကျေးရွာများမှ စစ်ရှောင်လာသည့် ပြည်သူများလည်း နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များ နေရပ်ပြန်ချိန်တွင် လုံခြုံစိတ်ချရမှု ရှိဖို့အတွက် နယ်မြေထိန်းချုပ်ထားသည့် လက်နက်ကိုင်အဖွဲ့နှင့် ယခုလ အစောပိုင်းက တွေ့ဆုံမှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
“သူတို့နေရပ် ပြန်နိုင်ဖို့အတွက် ဆိုတာက ကျနော်တို့တွေလည်း လုပ်ပေးခဲ့ပါတယ်။ နားလည်ပါတယ်။ ကျနော်တို့ ထိန်းချုပ်တဲ့ နယ်မြေထဲမှာ ရှိတယ် ဆိုရင်တော့ ချိတ်ဆက်မှုတွေ ရှိရမယ်။ ဆက်သွယ်ပြီး ကူညီကြတာပေါ့။ ပြည်သူတွေရဲ့ အခက်ခဲဟာ ကျနော်တို့ရဲ့ အခက်ခဲပဲ။ ကျနော်တို့ရဲ့ အခက်ခဲကလည်း ပြည်သူတွေရဲ့ အခက်ခဲပဲ။ ဒါပေမယ့် တချို့နေရာမှာက ပြင်ပ ပရောဂတွေ ရှိနေလား ဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူး” ဟု (SSPP/SSA) မှ ဗိုလ်မှူး ဖုန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုစစ်ရှောင်များသည် ကျောက်မဲမြို့နယ် သျှမ်းစာပေနှင့် ယဉ်ကျေးမှု စစ်ရှောင်စခန်း၊ ရပ်ကွက် ၈ ဓမ္မာရုံ၊ မိုင်းတင်းကျေးရွာအုပ်စုအတွင်း နှင့် မိုင်းငေါ့မြို့တို့တွင် စစ်ရှောင်ခိုလှုံနေကြတာဖြစ်ပြီး လူဦးရေ (၄၀၀)ဝန်းကျင် ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...