ကွတ်ခိုင် သင်္ချိုင်းကုန်းထဲ အသက် ၉ နှစ်အရွယ် ကလေးငယ်အပါအဝင် လူငယ်နှစ်ဦးအလောင်း တွေ့

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ တရုတ်သင်္ချိုင်းကုန်းထဲတွင် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူငယ်အလောင်း (၂)လောင်းကို တွေ့ရှိရကြောင်း သတင်းသိရသည်။

ကွတ်ခိုင်

“မတ်လ ၂၁ ရက်နေ့မှာ တရုတ်သင်္ချိုင်းထဲ ကလေးအလောင်းနှစ်လောင်း တွေ့ရပါတယ်၊ နှစ်ယောက်လုံးက မိဘတွေ လူပျောက်ကြေညာထားတဲ့ သူတွေ ဖြစ်တယ်၊ တစ်ခုကျတော့ ပြန်ပေးဆွဲခံရတဲ့ ကလေးငယ်ရဲ့ အလောင်းပေါ့” ဟု ကွတ်ခိုင်မြို့မှ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့ အမှတ် ၆ ရက်ကွက်တွင် မိဘများနှင့် အတူနေထိုင်သည့် ကလေးငယ်တစ်ဦး ပျောက်ဆုံးပြီး ၃ ရက်အကြာ အမည်မသိအဖွဲ့အစည်းတစ်ခုမှ ဖုန်းဆက်လာကာ ကလေးကို ပြန်လိုချင်ပါက ပိုက်ဆံကျပ်သိန်း ၃၀၀၀ နှင့် လာရောက်ရွေးယူရန် ခြိမ်းခြောက်တောင်းဆိုခဲ့ကြောင်း ကလေးငယ်၏ မိဘနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကလေးက ပျောက်သွားတော့ မိဘတွေက တွေ့ရှိရင် အကြောင်းကြားပေးဖို့ ဖုန်းနံပါတ်နဲ့ ဝီချက်နဲ့လိုင်းပေါ်မှာ လူပျောက်တင်တယ်လေ၊ အဲ့လိုနဲ့ ၃ ရက်မြောက်တဲ့နေ့မှာ ဝီချက်ကနေ ကလေးကို ပြန်လိုချင်ရင် ပိုက်ဆံ သိန်း ၃၀၀၀ နဲ့ သူတို့ညွှန်းတဲ့ နေရာကို လာပေးပါလို့ပြောတယ်၊ ဝီချက်ကနေ ကလေးရဲ့အသံဖိုင်ကိုရလို့ မိဘတွေက ပိုက်ဆံ ၁၀၀၀ အရင်သွားပေးပေမဲ့ ကလေးကို မလွတ်ပေးဘူး” ဟု နီးစပ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကလေး၏ မိဘများက ပိုက်ဆံ သိန်း ၁၀၀၀ ကျပ်ကို ပြန်ပေးဆွဲသူတို့ ချိန်းဆိုထားသည့် သင်္ချိုင်းအနီးသွားရောက် ပေးစဥ်မှာလည်း ကလေးနဲ့ ဖုန်းပြောခွင့် ခဏသာရရှိပြီး နောက်ထပ် သိန်း ၅၀၀ လာပေးပါက ကလေးနဲ့ တွေ့ခွင့် ပေးမည်ဟု ပြန်ပေးဆွဲသူတို့က ပြောဆိုကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

“အဲ့ သိန်း ၅၀၀ ထပ်မပေးနိုင်ခင်မှာပဲ သူတို့ငွေသွားပေးရတဲ့နေရာမှာ လူတစ်ဦးကို မင်္ကာလို့ လိုက်ရင်းကနေ ပြန်ပေးဆွဲတဲ့အဖွဲ့ဝင်ရဲ့ မိသားစုဝင်ကိုသိပြီး ဖမ်းထားတယ်၊ အပြန်အလှန်ပြန်လူလဲမယ်ပေါ့၊ ဒါပေမဲ့ သူတို့က မလဲဘူးတဲ့ ဖုန်းဆက်ပြောလာတယ်၊ သူ့မိဘကိုထိလို့ ကလေးလည်းသေရမယ်ဆိုပြီး ဖုန်းကိုပိတ်လိုက်တယ်၊ အဲ့ဒီနောက်ပိုင်း ဘာအဆက်အသွယ်မှ မရဘဲ မတ်လ ၂၁ ရက်နေ့မှာတော့ တရုတ်သင်္ချိုင်းထဲမှာ ကလေး အလောင်းတွေ့ရတာပဲ” ဟု ၎င်းက ပြောသည်။

မတ်လ ၁၇ ရက်နေ့တွင် အမေဖြစ်သူနှင့် စကားများပြီး နေအိမ်မှ ပျောက်သွားသည့် အသက် ၁၉ နှစ်ဝန်းကျင် အမျိုးသားတစ်ဦး အလောင်းကို တရုတ်သင်္ချိုင်းတွင် တွေ့ရှိကြောင်း သတင်းကြားရာမှ သွားရောက် ကြည့်ရှုရာ ကလေးငယ်၏ အလောင်းကိုပါ တွေ့ရှိရခြင်းဖြစ်ကြောင်း သတင်းသိရသည်။

“ဂိမ်းဆော့လွန်းလို့ မအေဖြစ်သူက ဆူတော့ စကားများပြီး အိမ်ကနေ ထွက်သွားတာ ၁၇ ရက်နေ့ကတည်းကတဲ့၊ သူ့အသက်က ၁၉ နှစ်လောက်ရှိတယ်၊ သင်္ချိုင်းကုန်းထဲမှာ ကြိုးဆွဲချပြီး သေနေတဲ့အနေအထားတော့တွေ့ရတယ်၊ သူ့ဘာသာသူလုပ်တာလား တခြားအဖွဲ့ကလုပ်တာလားတော့ မသိရသေးဘူး၊ နှစ်ယောက်လုံးကို မနေ့ကပဲ မီးသဂြိုလ်လိုက်တယ်” ဟု ကွတ်ခိုင်မြို့မှ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လူငယ်နှစ်ယောက်၏ ရုပ်အလောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့ဝင်များ ဆွေမျိုးများက သွားရောက်သယ်ယူခဲ့ပြီး ယမန်နေ့ မတ်လ ၂၂ ရက်နေ့တွင် မီးသဂြိုလ်လိုက်ကြောင်း သတင်းသိရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကွတ်ခိုင်မြို့အတွင်း လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးဝါးများ ပေါများလာပြီး ဒေသတွင်း မလုံခြုံမှုများနှင့် တရားဥပဒေများ အကာအကွယ်များလည်း ကင်းမဲ့နေကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်မှလာသော ငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတွင် ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်းမှ တင်သွင်းလာသော ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ယမန်နေ့ (ဧပြီလ ၈ ရက်) တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ စိတ်ကြွဆေးပြား...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကွတ်ခိုင်ကို MNDAA အလုံးစုံထိန်းချုပ်၊ မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီး ပြန်ဖွင့်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အလုံးစုံ ထိန်းချုပ်လိုက်ပြီးနောက် မူဆယ်-လားရှိုး တိုက်ရိုက်သွားလာနိုင်ရန် ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ အလုံးစုံ တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက်...

ကွတ်ခိုင်-နမ့်ခမ်းကြား TNLA နှင့် MNDAA တိုက်ပွဲပြင်းထန်၊ မိုင်းယုလေးဒေသကို MNDAA ထိန်းချုပ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA ကြား မြေပြင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး နမ့်ခမ်းမြို့ဘက်သို့ ဦးတည်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၃ နာရီကျော်မှ စတင်၍ ကွတ်ခိုင်မြို့ပြင်ဘက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...