ရွာငံမြို့ စစ်တပ်သတင်းပေးဟု နာမည်ထွက်သူတစ်ဦး သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသည့် အမျိုးသားတစ်ဦး အသတ်ခံရပြီး ပစ်ခတ်မှုများ ဖြစ်ပွားသွားကြောင်း သတင်းသိရသည်။

ယမန်နေ့ (မတ်လ ၂၀ ရက်) ည ၁၀ နာရီဝန်းကျင်မှစတင်ကာ ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာရှိ စစ်တပ်သတင်ပေးဟု နာမည်ထွက်နေသည့် ဦးစိုးမြင့် ၏ နေအိမ် တိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်သံများ အဆက်မပြတ်ထွက်လာကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က သူ့(ဦးစိုးမြင့်) ထပ်မံတိုက်ခိုက်ခံရတယ်၊ မီးရှို့တာပေါ့၊ အိမ်ကပြာကျလုနီးနီးဖြစ်သွားပါတယ်၊ စစ်သား တွေလည်း ရွာထဲရှိနေတော့ ပစ်ခတ်သံတွေထွက်လာတယ်၊ ပစ်ခတ်မှုက နာရီဝက်ကျော်ကျော်လောက်ရှိမယ်၊ ဦးစိုးမြင့်က သေသွားတယ်၊ သူ့မိသားစုဝင် တချို့ ဒဏ်ရာရတာရှိတယ်” ဟု လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဦးစိုးမြင့်သည် စစ်တပ်သတင်းပေးနေသူဟု နာမည်ထွက်နေပြီး၊ လွန်ခဲ့သည့် မတ် ၁၈ ရက်တွင်လည်း တိုက်ခိုက်ခံခဲ့ရသေးကာ ယခုအခါ ဒုတိယအကြိမ် တိုက်ခိုက်ခံရစဥ်တွင် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ဦးစိုးမြင့် အသက်ရှင်စဥ်ကာလတွင် ဒေသအတွင်းမှ ၎င်းအမြင်မကြည်သူများနှင့် တချို့သော အပြစ်မရှိသည့် ရွာသား များအား PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ စစ်တပ်ဖမ်းဆီးရန် သတင်းပေးလေ့ရှိကြောင်းလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ယမန်နေ့ည ဖြစ်ပွားသည့် ပစ်ခတ်မှုများကြောင့် ပဲရင်းတောင်ကျေးရွာမှ ဒေသခံတချို့ တောထဲသို့ထွက်ပြေး တိမ်းရှောင်နေကြရပြီး ယနေ့ မနက်အချိန်တွင် တချို့က ရွာထဲပြန်ဝင်ကြသော်လည်း တချို့က တောထဲမှာ ကျန်ရှိ နေသေးကြောင်း ဒေသခံအမျိုးသားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘာမှ အပြစ်မရှိလည်း ဖမ်းနေကြတယ်ဆိုတော့ ပဲရင်းတောင်ကျေးရွာမှမဟုတ်ဘူး ရွာငံမြို့နယ် နေရာတော်တော်များများမှာ စစ်ကောင်စီတပ်သားတွေ၊ စစ်တပ်သတင်းပေးတွေကို ကြောက်ပြီး ရွာသားတချို့က တောထဲ ရှောင်ပုန်းနေရတာမျိုးရှိတယ်၊ မနေ့ညက ပစ်ခတ်မှုဖြစ်သွားတဲ့ ပဲရင်းတောင်က ရွာသားတွေကတော့ တိုက်ပွဲတွေ ဖြစ်လာမှာကို ကြောက်လို့ တချို့က ရွာထဲပြန်မဝင်ရဲဘူး” ဟု ၎င်းလူငယ်က ပြောသည်။

လက်ရှိ ရွာငံမြို့နယ်အတွင်းတွင် စစ်ကောင်စီအင်အားအများအပြား ရောက်ရှိနေပြီး ယမန်နေ့က ဖြစ်သွားသည့် ပဲရင်းတောင်ကျေးရွာမှ ပစ်ခတ်မှုအပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီဝန်းကျင်အချိန်တွင်လည်း ရွာငံမြို့နယ်အတွင်းသို့ လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီ တပ်သားများ အပြည့်တင်ဆောင်လာသည့် စစ်ကား ၇ စီး ဝင်ရောက်လာကြောင်းလည်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...