ဆီဆိုင်မြို့နယ်ရောက် စစ်ရှောင်အတွက် ဟင်းရွက်များလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာအတွင်း ရောက်ရှိနေသည့်ကရင်နီစစ်ရှောင်များ အတွက် ဟင်းရွက်များလိုအပ်နေကြောင်း သတင်းသိရသည်။

နောင်ထော်ကျေးရွာအတွင်း ကျန်ရှိနေသည့် ကရင်နီပြည်နှင့် မိုးဗြဲ၊ ဖယ်ခုံဘက်မှ စစ်ဘေးရှောင် ၃၀၀ ကျော်ခန့် သည် ချက်ပြုတ်စားသောက်ရန်အတွက် ဟင်းသီးဟင်းရွက်များ၊ ကုန်စိမ်းများ လိုအပ်နေကြကြောင်း စစ်ရှောင် များကို ကူညီနေသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်တုန်းကတော့ လူဦးရေများတာပေါ့၊ အခုတော့ တချို့ကလည်း ပြန်သွားကြလို့ လူဦးရေ ၃၀၀ ကျော်ကျန် နေသေးတယ်၊ သူတို့အတွက် ဟင်းသီးဟင်းရွက်တွေ၊ ခရမ်းချည်သီးတွေ၊ကြက်သွန်တွေက လိုအပ်နေတယ်၊ ဆန်၊ဆီ၊ဆား ကတော့ အလှူရှင်တွေ လာလှူပေးထားတာနဲ့ အခုထိသုံးလို့လောက်ပါသေးတယ်” ဟု အထက်ပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ နောင်ထော်ကျေးရွာအတွင်းမှ စစ်ရှောင် ၃၀၀ ကျော်များအနက် တချို့က ဟင်းသီးဟင်းရွက်များရရှိရေး အတွက် မြို့ထဲသို့သွားပြီး အလှူခံထွက်နေရကြောင်းလည်း သိရသည်။

“တချို့ကလည်း စုပြီးမြို့ထဲကို သွားအလှူခံတာပေါ့၊ ဟင်းသီးဟင်းရွက်တွေကို တောင်းတယ်၊ ကျမတို့ကိုယ်တိုင် ကလည်း အလှူခံထွက်တယ်၊ ဈေးနေ့ဆိုလည်းဈေးထဲသွားပြီး အလှူခံတာပေါ့၊ အခုနောက်ပိုင်း အလှူရှင်တွေက နည်းလာသလို စစ်ရှောင်တွေအတွက် ကုန်စိမ်းတွေလည်း နည်းလာတယ်” ဟု နောင်ထော်မှ စစ်ရှောင်များ၏ စားရေးသောက်ရေး စီမံကြီးကြပ်ပေးသူ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ထော်ကျေးရွာအတွင်းမှ စစ်ရှောင်များတွင် ကလေးမိခင်များ၊ ကိုယ်ဝန်သည်များ၊ သက်ကြီးဖိုးဖွားများနှင့် ကလေးများ၊ လူလတ်ပိုင်းအချို့များ ကျန်ရှိနေကြောင်း၊ အချို့စစ်ရှောင်များမှာ အိမ်မီးရှို့ဖျက်ဆီးခံရသဖြင့် အိမ်ပြန်ရန်အဆင်မပြေသည့်သူများလည်းရှိကြောင်းသိရသည်။

စစ်ရှောင်များကို ကူညီလှူဒါန်းလိုပါက စစ်ရှောင်များ၏ စားသောက်ရေးနှင့် နေရာထိုင်ခင်းတို့ကို ကူညီဆောင် ရွက်ပေးနေသည့် တာဝန်ရှိသူ ဖုန်းနံပါတ် ၀၉ – ၄၂၈၃၂၅၁၀၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း သတင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...