မိုးနဲမြို့ အိမ်ဝန်းထဲ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခြင်းခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ လွယ်မြေရပ်ကွက် တွင်နေထိုင်သည် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်နှစ်ဦးက အိမ်ဝန်းထဲအထိလာရောက်ပြီး သေနတ်ဖြင့်ပစ်သတ်သွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၈) ရက် ည ၈ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်အမျိုးသားနှစ်ဦးက ဆိုင်ကယ်စီးလာပြီး အသက် ၄၀ အရွယ်ရှိ စိုင်းအိုက်ခြုံကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။ “သူ့တို့အိမ်ကလည်းဆေးရုံဝန်းထဲမှာဆိုတော့...
သီပေါမြို့နယ် အမျိုးသားတစ်ဦး မိုင်းနင်းမိ ဒဏ်ရာပြင်းထန် ရရှိ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကြံခင်းကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် ယာခင်းထဲ မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်းသတင်းသိရသည်။ ယမန် (မတ်လ ၁၈) ရက် နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် ကြံခင်းကျေးရွာမှ အသက် ၂၂ နှစ်အရွယ်အမျိုးသားတစ်ဦး ယာခင်းသို့သွားစဥ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဖြစ်စဥ်များကို...
ရွာငံ ဗုံးခွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီမှ ရွာသား ၃ ဦးကို ဖမ်းဆီး
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့တွင် စစ်တပ်သတင်းပေးသူ၏ နေအိမ် ဗုံးခွဲတိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ရွာသား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၈)ရက် မနက် ၃ နာရီဝန်းကျင်တွင် ရွာငံမြို့နယ်၊ နန်းခုံကျေးရွာအုပ်စု၊ ပဲယင်းတောင် ရွာနေ စစ်တပ်သတင်းပေးဟု...
ကလောမြို့ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင် ရောက်ရှိ လုံခြုံရေး တင်းကြပ်နေ
သျှမ်းပြည်တောင်ပိုင်း ကလောမြို့သို့ စစ်ကောင်စီဘက်မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ရောက်ရှိနေသည့် သတင်းများ ထွက်ပေါ်နေပြီး လုံခြုံရေးများ တင်းကြပ်စွာချထားကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၇)ရက်တွင် မြို့တွင်းနှင့် ဈေးအတွင်းမှ ဆိုင်များအားလုံးကို ၆ နာရီမတိုင်ခင် ပိတ်သိမ်းရန် ညွှန်ကြားမှုရှိပြီးနောက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် ကလောမြို့ စစ်ဦးစီးတက္ကသိုလ်သို့...
ပင်လုံမြို့ ဘုန်းကြီးကျောင်းဇရပ် မီးလောင် ကိုရင် နှစ်ပါး ပျံလွန်တော်မှု
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ပန်ဟုန်ကျေးရွာအုပ်စု ဆမ်ဆန်ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်း ဇရပ် မီးလောင်မှုဖြစ်ပွားကာ ကိုရင် ၂ ပါး ပျံလွန်တော်မူသွားပြီး ၁ ပါး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ မတ်လ ၁၆ ရက် ည ၁၀ နာရီဝန်းကျင်တွင် ဆမ်ဆန်ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်း ကိုရင်များအိပ်နေသည့်...
မြန်မာ – တရုတ် နယ်စပ် ဝမ်တိန်ဂိတ်မှ မြန်မာပို့ကုန် ၇ မျိုး ယာယီပိတ်
သျှမ်းပြည် မြောက်ပိုင်း မြန်မာ - တရုတ် နယ်စပ် ဝမ်တိန် - မန့်မန်ဂိတ်ကတဆင့် ဆန်အပါအဝင် မြန်မာပို့ကုန် ၇ မျိုး တင်သွင်းခြင်းကို ယာယီရပ်ဆိုင်းကြောင်း တရုတ်နိုင်ငံ ရွှေလီမြို့ ကိုဗစ် - ၁၉ တားဆီးကာကွယ်ရေး Task Force အဖွဲ့မှ...
မုံးကိုး စစ်ကောင်စီ နှင့် MNDAA စစ်ရေးတင်းမာနေဆဲ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် MNDAA တို့ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်မှ စစ်အင်အား အများအပြား ဖြည့်တင်းနေကြောင်း စုံစမ်းသိရှိရသည်။ လွန်ခဲ့သည့် မတ်လ ၁၅ ရက်နေ့က စစ်ကောင်စီဘက်မှ စစ်ကူအင်အား၊ လက်နက်အင်အား၊ အစားအသောက်အပြည့်ဖြင့် ကား အစီး ၃၀ ထက်မနည်း...
မိုင်းကိုင် တပေါင်းပွဲပြန် ဘုရားဖူးထော်လဂျီမှောက် တစ်ဦးသေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တပေါင်းပွဲတော်မှ ပြန်လာသည့် ဘုရားဖူး ထော်လဂျီ တစ်စီး တိမ်းမှောက်ပြီး ထိခိုက်သေဆုံးမှုများရှိနေကြောင်း သတင်းသိရသည်။ မတ်လ ၁၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် မိုင်းကိုင်မြို့ မွေတော်ဘုရားဖူးပြီးအပြန်ခရီး ကောင်းမူးတန် ကျေးရွာအနီးတွင် ထော်လဂျီတစ်စီး တိမ်းမှောက်ကာ အမျိုးသမီး တစ်ဦး သေဆုံးပြီး...
ကလောမြို့ရှိ စစ်တပ်လုံခြုံရေးကင်း ဗုံးခွဲတိုက်ခိုက်ခံရ၊ စစ်သားတစ်ချို့ ဒဏ်ရာရရှိ
သျှမ်းပြည်တောင်ပိုင်း ကလောမြို့ အင်းပြင်ရွာတွင် ရှိသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ ၁၁၂ လုံခြုံရေးကင်းတဲ (ဂိတ်) ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသည့် စစ်သားများလည်း ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ် ၁၆)ရက် နေ့လည် ၁ နာရီဝန်းကျင် ကလောမြို့ အင်းပြင်ရွာရှိ တပ်မ...
မိုင်းပန်မြို့ရဲစခန်းဝန်းအတွင်း လောင်းကစားပြုလုပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့အတွင်း စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းဝန်းအတွင်း လောင်းကစားဖွင့်ပေးပြီး ရန်ပုံငွေရှာယူနေကြောင်း စုံစမ်းသိရှိရသည်။ မိုင်းပန်မြို့ ရဲစခန်းတွင်းရှိ မိုင်းစံစေတီပြုပြင်မွမ်းမံ ထီးတင်ပွဲ အကြောင်းပြပြီး မတ်လ ၁၅ ရက်နေ့မှ စပြီး ယနေ့ထိတိုင် လောင်းကစားဝိုင်း ဖွင့်လှစ်ထားကြောင်း မိုင်းပန်မြို့ မှ ဒေသခံများ ပြောပြချက်အရ သိရသည်။ “...






