Tuesday, January 27, 2026

ပင်လုံမြို့ ဘုန်းကြီးကျောင်းဇရပ် မီးလောင် ကိုရင် နှစ်ပါး ပျံလွန်တော်မှု

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ပန်ဟုန်ကျေးရွာအုပ်စု ဆမ်ဆန်ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်း ဇရပ် မီးလောင်မှုဖြစ်ပွားကာ ကိုရင် ၂ ပါး ပျံလွန်တော်မူသွားပြီး ၁ ပါး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၆ ရက် ည ၁၀ နာရီဝန်းကျင်တွင် ဆမ်ဆန်ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်း ကိုရင်များအိပ်နေသည့် ဇရပ်ဟောင်းတွင် မီးလောင်မှုဖြစ်ပွားကာ ကိုရင် ၂ ပါး မီးထဲပါသွားပြီး ပျံလွန်တော်မူသွားကြောင်း ပန်ဟုန်ကျေးရွာမှ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အဲ့ ဇရပ်က ကိုရင်တွေ အိပ်တဲ့အဆောင်ဖြစ်တယ်။ ဇရပ်က နည်းနည်း ဟောင်းနေပြီ။ သစ်သား ဇရပ် ရေနံဆီသုတ်ထားတဲ့အဆောင်လိုမျိုးဖြစ်တယ်။ မီးလောင်ပြီးတော့ ကိုရင်နှစ်ပါး မီးထဲပါသွားတယ်။ တစ်ပါးကတော့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်။ ညအချိန်မီးလောင်တော့ ကိုရင်တွေက အိပ်ပျော်နေလို့ မထွက်ပြေးနိုင်ခဲ့တာထင်တယ်” ဟု ပန်ဟုန်ကျေးရွာအုပ်စု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မည်သည့်ကိစ္စကြောင့်မီးလောင်သွားသည်ကို မသိရှိရသေးကြောင်း၊ မီးလောင်သည့်ထဲတွင် ပျံလွန်တော်မူသွားသည့် ကိုရင်လေးများမှာ သက်တော် (၁၁)အရွယ် တစ်ပါး နှင့် (၁၂)နှစ်အရွယ် တစ်ပါး ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သည့် ကိုရင်အား လွိုင်လင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေပြီး သက်တော် (၁၄)နှစ်အရွယ်သာ ရှိသေးကြောင်း သိရသည်။

“ ကိုရင်လေးတွေက ငယ်သေးတယ်။ ဒဏ်ရာရသွားတဲ့ ကိုရင်လေးကိုတော့ လွိုင်လင်ဆေးရုံကို ပို့ဆောင်ထားပေးတယ်။ ဘာကြောင့် မီးလောင်မှုဖြစ်တာလည်းတော့ မသိဘူး။ ဆုံးရှုံးမှုတွေ ဘယ်လောက်ရှိနေလဲ မသိရသေးဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထိုမီးလောင်သည့် ဇရပ်ထဲတွင် ကိုရင် အပါး ၃၀ ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။

သျှမ်းပြည်အတွင်း‌ နွေဦးဝင်လာသည့် လက်ရှိရာသီတွင် မကြာခဏ မီးလောင်မှုဖြစ်ပွားနေပြီး ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင်လည်း တန့်ယန်းမြို့နယ် ရပ်ကွက် (၃)တွင် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကာ အသက် ၁၈ နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦး မီးထဲ သေဆုံးသွားရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မူဆယ်မြို့တွင် ဆိုလာပြားဘတ္ထရီ ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုလာပြားဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၆ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ အဝေးပြေးကားကြီးဝင်းနှင့် ခိုင်ဇာနန်းတော် ဟိုတယ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးတွင်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲ လေကြောင်းဗုံးကြောင့်မီးလောင်နေ၊ ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲခြင်းကြောင့် ဈေးအနီးရှိ ကုန်မာဆိုင်နှင့် နေအိမ်များ မီးလောင်နေပြီး ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၃ ရက်) နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့...

ပင်လုံမြို့တွင် စစ်ခေါင်းဆောင်မိသားစု ကျောင်းဆောင်ရေစက်ချပွဲ ပြုလုပ်၊ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုမှ လှူဒါန်းသည့် ကျောင်းဆောင်သစ် ရေစက်ချပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နေ့လယ်ပိုင်းတွင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်း (ဝမ်လုံ) တွင်...